မိန်းကလေး တွေ ဘာလို့ ကိုယ်ခံပညာ သင်ထားသင့်လဲ?

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.พ. 2025
  • 1️⃣ ကိုယ့်ကိုယ် ကို ကာကွယ်နိင်မယ်။
    ဘယ်လိုအခြေအနေမှာ မဆို လေ့ကျင့်မှုကြောင့်ကိုယ့်ခန္ဓာကိုယ် ရဲ့လုပ်နိင်စွမ်း (Physical ability )ကအဆင်သင့်ဖြစ်နေနိင်တာဟာ အားရစရာပါဘဲ။ စိတ်ရှည်ပြီး အချိန်အတိုင်းတာ တစ်ခုအထိ သင်ယူလေ့ကျင့်မှုတော့လိုပါတယ်။
    2️⃣Weight loss နဲ့ ကြံ့ခိုင်ကျစ်လစ်မှု
    Martial Arts က ကိုယ်ခံပညာ အတွက်တင်မဟုတ်ဘဲ ကျန်းမာစွာနေထိုင်တဲ့ lifestyle တစ်ခုပါဘဲ။ခါးက မလိုအပ် တဲဲ့ အဆီတွေ ချချင်လို့ဖြစ်ဖြစ်၊ အမောမခံနိင်လို့ သက်လုံတင်ချင်လို့ဖြစ်ဖြစ်၊ အကြောအချဉ် တွေမာကြောနေလို့ ခန္ဓာကိုယ်ကို လှုပ်ရှားမှု(mobility)တိုးတက်အောင် ပြော့ပြောင်း (flexible) စေချင်တာဘဲဖြစ်ဖြစ် အလွန်အသုံးဝင်ပါတယ်။
    3️⃣ကိုယ့်ကိုယ်ကို ယုံကြည်မှု
    တိုးတက်လာတဲ့ လေ့ကျင့်မှုတွေ၊ သက်လုံ၊ ကြံ့ခိုင်မှုတွေ နဲ့ ပြည့်ဝနေတဲ့လူတစ်ယောက်ဟာ အရင်ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ နဲ့လူတွေကြားမှာ သွားလာနိင်ပါလိမ့်မယ်။
    Ring La(Fight & Fit)

ความคิดเห็น •