စစ်ရေးရည်မှန်းချက်အတိုင်း နေပြည်တော်ကို ဆက်လက် ထိုးစစ်ဆင်မည်ဟု NUG ပြော

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • စစ်ရေးရည်မှန်းချက်အတိုင်း နေပြည်တော်ကို ဆက်လက် ထိုးစစ်ဆင်မည်ဟု NUG ပြော
    ……………..
    ခုခံတော်လှန်စစ်ကာလ သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးအင်အားစုက မြို့အများအပြားကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သလို စစ်ကောင်စီတပ်ကို ဝိုင်းပတ်၊ ပိတ်ဆို့ထားသည့် မြို့လည်း အများအပြားရှိလာသည်။
    ပိတ်ဆို့ထားသည့်မြို့များကို ဆက်လက်သိမ်းပိုက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Myanmar Now ကို ပြောသည်။
    ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ နီးကပ်လာသည့် လတ်တလော တိုက်ပွဲများ၊ အခြား စစ်ရေးပစ်မှတ်များနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
    မေးမြန်း - စထွန်းအောင်

ความคิดเห็น • 527