နံနက်ခင်း အလုပ်ပေး တရားတော် (Day 166) | အာဃာတနဲ့ ပျက်စီးမှု | အရှင် ဝရသာမိ

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • နံနက်ခင်း အလုပ်ပေး တရားတော် (Day 166) | အာဃာတနဲ့ ပျက်စီးမှု | အရှင် ဝရသာမိ
    ******************************************
    ကိုယ့်မှာ အကောင်းတွေ ကုသိုလ်တွေ ဘယ်လောက်ရှိရှိ အာဃာတ ရန်ငြိုးမထားသင့်တဲ့သူကို ထားမိလိုက်ရင် သံသရာတစ်လျှောက် အမှားကြီး မှားတော့တာ။
    အရှင်ဒေဝဒတ်ကြီးက နောက် ကမ္ဘာတစ်သိန်းနေရင် အဋ္ဌိဿရ အမည်နဲ့ ပစ္စေကဗုဒ္ဓါဖြစ်မယ့် ဘုရားငယ်အလောင်းအလျာပါ။
    ပစ္စေကဗုဒ္ဓါရဲ့ ပါရမီကာလက ၂-အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတော့ ၂-အသင်္ချေပါရမီ ဖြည့်ပြီးတဲ့ သဘောပါ။
    လွန်ခဲ့တဲ့ ၅-ကမ္ဘာက သေရိဝရွဲကုန်သည် ဘဝမှာ ဘုရားလောင်းရွဲကုန်သည်ကို ရန်ငြိုးဖွဲ့လိုက်တာ, ရန်ငြိုးဖွဲ့မိသူက ဘုရားလောင်းဖြစ်နေတော့ ဘဝအဆက်ဆက် ကိုယ့်ရဲ့ပါရမီဖြည့်ဆဲကာလမှာ အမှားကြီးမှားပြီး ဘုရားခြေမသွေစိမ်းတည်စေတဲ့ကံကြီး, သံဃာသင်းခွဲတဲ့ကံကြီးတွေဆိုတဲ့ ပဉ္စာနန္တိယကံကြီးတွေ ကျုးလွန်တဲ့ ဘဝရောက်ရတော့တာ။
    ကိုယ် ပြဿနာရှာ ရန်လုပ်မိတဲ့သူက သီလ သမာဓိ ပညာ ကြီးလေလေ ကိုယ့်ဘဝပျက်လေလေပါ။
    သံသရာတကွေ့မှာ ဘုရားလောင်းက ဘယ်သူ့အပေါ်မှ အာဃာတမထားဘဲ ခန္တီပါရမီဖြည့်ပြီး ဘုရားဖြစ်သွားတယ်။
    ဒေဝဒတ်အလောင်းက အာဃာတထားပြီး အဝီစိရောက်သွားတယ်။
    ကိုယ်က ဘုရားလောင်းလမ်းစဉ် လိုက်မှာလား?
    ဒေဝဒတ်လမ်းစဉ် ကြိုက်မိနေတာလား?

ความคิดเห็น •