ဂျာနယ်ကျော်မမလေး - သူလိုလူ (ဇာတ်သိမ်းပိုင်း )

แชร์
ฝัง
  • เผยแพร่เมื่อ 10 ม.ค. 2025
  • " ကိုကို ရာဇဝင်သင်တုန်းက အိုင်ယာလန်က Parnell ရဲ့ အကြောင်းကို သင်ရစဉ်က အတော်ကြေကွဲမိတယ် ။ Parnell ဟာ အိုင်ယာလန်ပြည်ကို ဟုမ်းမရူးရအောက် အသက်ပေးပြီး ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတယောက်ပဲ ။ အဲနောက်တော့ Kitty Oshea ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ပြီး ချစ်ကြိုက်ကြရာက အရှုပ်အထွေးတွေဖြစ်ပြီး သူ့ကို ခေါင်းဆောင်အဖြစ်က ဖြုတ်ချ၊ ပါလီမန်ကနှင်ထုတ်နဲ့ အတော်အကျနာသွားတယ်။
    သူမသေခင်ပြောသွားတဲ့ စကားတခွန်းဟာ အတော်ဆင်ခြင်စရာကောင်းတယ်။
    Parnell က " ခင်ဗျားတို့ ဟုမ်းမရူးရအောင် ခေါင်းဆောင်သစ်ရွေးပြီး ကျုပ်ဆောင်ရွက်သလို ဆောင်ရွက်ကြပါ။ ခေါင်းဆောင်သစ်ကို ရွေးတဲ့အခါမှာ ဒီခေါင်းဆောင်သစ်ဟာ ဘုရား ရဟန္တာမဟုတ်ပါလား လူသာမာန်ဖြစ်ပါလားလို့ စိတ်ထဲမှာ မှတ်ထားကြပါ။ အဖွဲ့ကြီး တစ်ခုအဖြစ်နဲ့ စုစည်းလုပ်ကိုင်ကြတဲ့ နေရာမှာ လူတယောက်ရဲ့ မှားခြင်း၊ မှန်ခြင်းကို သိပ်ပြီး ဂရုတစိုက် အရေးတယူ မလုပ်ကြပါနဲ့"
    ------------------------------------------------------------------------
    #ဂျာနယ်ကျော်မမလေး ရေးသားသော
    #သူလိုလူ စာအုပ် #ဇာတ်သိမ်းပိုင်း ဖြစ်ပါတယ်။

ความคิดเห็น • 89