ဓမ္မစကြာတရားတော်- ၂ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

แชร์
ฝัง
  • เผยแพร่เมื่อ 12 ธ.ค. 2023
  • အကျွန်ုပ်တို့ အားလုံးသည် ကံကောင်းထောက်မသဖြင့် ဗုဒ္ဓ၏ အဆုံးအမကို ရရှိထားကြသူများ ဖြစ်ကြသည့် အားလျော်စွာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ် လေးပါးကို တတ်နိုင်သမျှ လက်ကိုင် ထားကြလျက် အသက်ခပ်တိုတိုဖြစ်သော ဤလူ့ဘဝကို ရတုန်း ရခိုက်အချိန်မှာ မိမိကိုယ်တိုင် ချမ်းသာကြိုက်သလို အားလုံးသော ပုဂ္ဂိုလ်အပေါင်းတိုသည်လည်း ချမ်းသာဆိုသော အကောင်းကြိုက်သူများ ချည်းဖြစ်သည်။
    မကောင်းခြင်း ဆင်းရဲတရားကို မည်သူတဦးမျှ မကြိုက်မနှစ်သက်ကြပေ။ ထို့ကြောင့် အကျွန်ုပ်တို့ အားလုံးသည် တပါးသူတို့အား ဒုက္ခရောက်စေသည့် ဆင်းရဲ လက်ဆောင်ကို မပေးမိစေဘဲ၊ ချမ်းသာစေမည့် ကောင်းသော ချမ်းသာသုခ လက်ဆောင်များကိုသာ ပေးသင့်ကြသည် မဟုတ်ပေလော။ အကျွန်ုပ်တို့ အားလုံးသည် ဗုဒ္ဓအဆိုအရ သံသရာ့ ဆွေမျိုးသားချင်းစစ်စစ်များ ဖြစ်ကြသည်၊
    ဘဝတွေဝေးကွာခြားသဖြင့် အနေခပ်စိမ်းစိမ်းဖြစ်နေကြရသည်။ ဆွေမျိုးဖြစ်ကြသော အကျွန်ုပ်တို့ အားလုံးသည် သတိပြုမိသည့် အချိန်မှစ၍ ဆွေမျိုးတို့အကျိုးနှင့် လောကကောင်းကျိုးများကို မာနမပါ ကိုယ်စွမ်းရာဖြင့် တတ်စွမ်းသမျှ ကူညီကြဖို့ လိုအပ်ပါ ကြောင်းဆန္ဒပြုလိုက်ရပေသတည်း။

ความคิดเห็น •