အသက် ၁၀၄ နှစ်အဖွားအို ကောင်းမွန်တဲ့အခန်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်သူ ပိုင်ဆိုင်ခဲ့ပြီ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • အဖီခန်းလေးထဲက အသက် ၁၀၄ နှစ်အဖွားအို အလှူရှင်တွေကြောင့် ကောင်းမွန်တဲ့အခန်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်သူ ရလိုက်ပြီဖြစ်လို့ သနပ်ခါးလိမ်းပြီး ပန်းပန်နေနိုင်ပြီ
    --------------------
    အသက် ၁၀၄ နှစ်အရွယ် အဖွားအိုလို့ ပြောလိုက်တာနဲ့ အဖွား ဒေါ်တင်မေ ကို ပရိသတ်တွေချက်ချင်းပဲ ပြေးမြင်ကြမှာပါ။ တစ်ချိန်တုန်းက အဖီဆွဲထားတဲ့ အခန်းကျဉ်းလေးထဲမှာ အဖော်အဖြစ် ခွေးလေးတွေကို မွေးထားခဲ့ရသူ၊ ဥူးဇင်း အရှင် ဉာဏိတ္တက မယ်တော်သဖွယ် သဘောထားပြီး ဆွမ်းခံရရှိတာတွေကို ကျွေးမွေးတာကနေ ရှင်သန်နေထိုင်ခဲ့ရသူ အဖွား ဒေါ်တင်မေ ဟာ အခုတော့ လုံခြုံတဲ့အခန်းလေးနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရသွားခဲ့ပြီပဲဖြစ်ပါတယ်။ အလှူဒါနပြသူတွေရဲ့ကျေးဇူးကြောင့် အဖွား ဒေါ်တင်မေ နေထိုင်တဲ့ အခန်းကျဉ်းလေးကို သန့်ရှင်းသပ်ရပ်ပြီး နေချင့်စဖွယ် အခန်းလေးဖြစ်လာအောင် ပြုပြင်မွမ်းမံနိုင်ခဲ့ပြီဖြစ်သလို အစားအသောက်ဒါနပြုသူတွေကြောင့်လည်း အဖွားက ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်ခွင့် ရရှိလို့နေပါပြီ။ ဆွေမျိုးသားချင်းတွေလည်း မရှိ၊ သားထောက်သမီးခံလည်း မရှိတဲ့ အဖွား ဒေါ်တင်မေကို ပြုစုစောင့်ရှောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာနေထိုင်သူ အမည်မဖော် အမျိုးသမီးငယ်ကလည်း အမျိုးသမီးတစ်ယောက်ကို အဖွားနဲ့အတူ လာရောက်နေထိုင်ပြီး အဖွားကို ပြုစုစောင့်ရှောက်ပေးဖို့ စီမံပေးထားပါပြီ။ အဖွား ဒေါ်တင်မေကို အဖွားရဲ့အခန်းမှာ လာရောက်နေထိုင်ပြီး ပြုစုစောင့်ရှောက်ပေးနေသူက အဖွား ဒေါ်ချိုဖြစ်ပါတယ်။ အဖွား ဒေါ်တင်မေ ဟာ သူ့အခန်းလေးထဲမှာ သူ့မွေးထားတဲ့ ခွေးလေးတွေနဲ့အတူ အဖွား ဒေါ်ချိုနဲ့ နေထိုင်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါပြီ။ သနပ်ခါးတွေ လိမ်း၊ စံပယ်ပန်းတွေ ပန်ထားတဲ့ အဖွား ဒေါ်တင်မေရဲ့ ကြည်နူးစရာမျက်နှာလေးက အားလုံးသောသူတွေကို အပျော်တွေ ရောက်ရှိလာစေမှာပါ။ အဖီဆွဲထားတဲ့ အခန်းကျဉ်းထဲမှာ ခွေးလေးတွေနဲ့အတူ နေရေးစားရေး ခက်ခဲလွန်းခဲ့တဲ့ဘဝကနေ အလှူရှင်တွေရဲ့စေတနာကြောင့် သပ်ရပ်သန့်ရှင်းတဲ့အခန်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်တဲ့ အသက် ၁၀၄ နှစ်အရွယ် အဖွား ဒေါ်တင်မေရဲ့ဘဝအပြောင်းအလဲ အချိုးအကွေ့ကို Mercury Variety ပရိသတ်တွေအတွက် ကြည်နူးဝမ်းမြောက်ဖွယ်ရာ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
    (ပထမ Comment ထဲမှာ အဖွား ဒေါ်တင်မေရဲ့ အရင်တုန်းက နေထိုင်ခဲ့ရတဲ့ဘဝအခြေအနေကို ပြန်လည်သိရှိနိုင်စေဖို့ သတင်းဖော်ပြပေးထားပါတယ်)
    #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #DawTinMay #ဒေါ်တင်မေ #အသက်၁၀၄နှစ် #အထီးကျန် #ဒေါ်ချို #ပြုစုစောင့်ရှောက် #စေတနာ #အလှူဒါန #Yangon #Myanmar

ความคิดเห็น • 33