သူတောင်းစားတစ်ယောက်နဲ့ စကားလက်ဆုံပြောလိုက်ရင် ဘာတွေသိရမလဲ.? နားထောင်ကြည့်...

แชร์
ฝัง
  • เผยแพร่เมื่อ 28 ส.ค. 2024
  • သာဓု - သာဓုကိုပညာပေးသွားသောသူတောင်းစား
    စာဖတ်သူ - လင်းရိပ်ညို
    Linn Yate Nyo-Burmese Reader Channel သည် ကျွန်တော်တို့မြန်မာနိုင်ငံရှိ စာရေးဆရာ/မ များ၏သုတ/ရသ ဝတ္ထုတိုများကိုသာ သီးသန့်ဖတ်ရှုပေးသွားမည့် AudioBook/အသံစာအုပ် Channel လေးတစ်ခုဖြစ်ပါသည်။
    အမြင်အာရုံမသန်စွမ်းသော်လည်း စာအုပ်စာပေကောင်းများကို ကြားသိခံစားလိုသူများအတွက်လည်းကောင်း၊ စာအုပ်ဝယ်ဖတ်ချင်သော်လည်း တရိပ်ရိပ်မြင့်တက်လာသော စာအုပ်ဈေးနှုန်းများကြောင့် မတတ်နိုင်သည့်အခြေအနေများရှိနေသော စာပေဝါသနာရှင်လူငယ်များအတွက်လည်းကောင်း၊ ပြောင်းလဲလာသောခေတ်စနစ်အရ နေ့စဉ်စား၀တ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသဖြင့် စာအုပ်ကိုင်ဖတ်/ထိုင်ဖတ်ရန်အချိန်မပေးနိုင်တော့သော ပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ သုတရသ၀တ္ထုတိုများကို ချစ်မြတ်နိုးသူများအတွက်လည်းကောင်း၊ ၀တ္တုတိုရေးနည်းအတတ်ပညာကို သင်ယူလေ့လာလိုသူများအတွက်လည်းကောင်း ရည်ရွယ်၍ ဤ Channel လေးကိုကြိုးစားဖန်တီးခဲ့ပါသည်။
    ထောင်သောင်းမကသော မြန်မာ၀တ္ထုတိုကောင်းများစွာထဲမှ ကျွန်တော်ကိုယ်တိုင်လည်းဖတ်ရှုပြီးနှစ်သက်မိသည့်အပြင် ၁၅မိနစ်ခန့်/နာရီ၀က်ခန့် တစ်ခဏမျှအချိန်ပေးနားထောင်ရုံဖြင့် မိမိဘ၀အတွက်အကျိုးရှိသော သင်ခန်းစာလေးတစ်ခု၊ အသိဉာဏ်အလင်းတန်းလေးတစ်စကို ထိထိမိမိရသွားစေနိုင်မည့် ၀တ္ထုတိုလေးများကို အပတ်စဥ် တနင်္လာနေ့ နှင့် သောကြာနေ့ ည ( ၇ ) နာရီတိုင်းတွင် ဖတ်ပြပေးသွားပါမည်ခင်ဗျာ ။
    ကျွန်တော် ဖတ်ပြတင်ဆက်သည့် ၀တ္ထုတိုလေးများကို သဘောကျနှစ်သက်ပါက Channel လေးကို Like and Subscribe လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါသည်ခင်ဗျာ ။

ความคิดเห็น • 7

  • @NawphawPhaw-gz6gs
    @NawphawPhaw-gz6gs หลายเดือนก่อน

    🎉🎉🎉

  • @MyintNgwe-d4w
    @MyintNgwe-d4w หลายเดือนก่อน

    စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်

  • @masmgk-iv3iv
    @masmgk-iv3iv หลายเดือนก่อน

    သူတောင်းစားလေသံနဲ့လည်း လိုက်တယ်😅(စတာနော်)ကိုယ်တွေလည်း ဆိုင်တွေကို ပန်းချီကားသွားသွင်းတဲ့အခါ သူ့လို စျေးဝယ်ဧည့်သည်ရှိမရှိအရိပ်ကြည့် အလိုက်သိရတာပဲ(ဒါတောင်မှာထားတဲ့ပစ္စည်းပို့တာနော်)🙄

    • @LinnYateNyo-BurmeseReader
      @LinnYateNyo-BurmeseReader  หลายเดือนก่อน

      ဘာလေသံနဲ့ပဲဖြစ်ဖြစ် လိုက်နေတော့...👀 ကဲ... ပန်းချီကားလက်ဆောင်လေး ပို့ပေးပါဗျို့ 😁😁😁🖤🖤🖤

    • @masmgk-iv3iv
      @masmgk-iv3iv หลายเดือนก่อน

      @@LinnYateNyo-BurmeseReader ပေးမှာပေါ့😊လိပ်စာနဲ့ဖုန်းနံပါတ်ပေး