အသံထွက်ကဗျာ " သံစဉ် " တိုးအံ့ဝေ

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • " သံစဉ် "
    မင်းအကြောင်းဆိုတာနဲ့
    အလွမ်းက လူပေါ်ခုန်တက်လာတယ်
    ဒီနွေကပိုပူနေသလိုပဲ လက်ထဲ
    စီးကရက်ကို နင့်နင့်သီးသီး
    တောက်ထုတ်လိုက်မိတယ် သတိရစိတ်နဲ့
    အမှတ်တရဆိုတာ ငါ့ရဲ့အသားတံဆိပ်
    အဲ့ဒီစိတ်နဲ့ထိခတ်သမျှဟာလည်း
    ဘဝကြီးတစ်ခုလုံး ဖြစ်သွားနိုင်တာပဲ
    ကြွေကျလာတဲ့သစ်ရွက်မှာ ပူးကပ်ပြီး
    မင်းရှိရာ ဝဲဆင်းပစ်လိုက်ချင်တယ်
    သိရင် ဖြေခဲ့စမ်းပါ
    အလင်းတွေပွင့်ထွက်နေတဲ့ ရှုမျှော်ခင်းထဲ
    မင်းဆံနွယ်လေးပဲ မြင်ယောင်နေမိတာ
    မင်းခြေဖဝါးအောက်က ပုံတော်ဖိနပ်လေး
    ဒီကမ္ဘာမြေနဲ့ထိတွေ့မှုဟာ ဘယ်လိုဂီတသံမျိုး
    စီးဆင်းလာမလဲ နားစွင့်နေမိတာ
    နီးခြင်းဝေးခြင်းကိုတိုင်းတာဖို့အတွက် ငါ
    တွန့် - လိမ် - ပျော် - ကျ - သံယောဇဉ်ဟာ
    ဖြည်းဖြည်းချင်း Level မြင့်လာတဲ့ Game ပဲ
    အဝေးဆုံးကကြယ်ကို ငေးကြည့်နေမိ
    သူ့အတွက် အမှောင်ဟာ မဆန်းပြားခဲ့ဘူး
    စကြဝဠာတစ်ခုလုံး
    အက်ကွဲပြာနှမ်းအောင် အော်ဟစ်
    မင်းနာမည်ကိုပဲ ရေရွတ်နေမိသူ
    ဒီလူဟာ မေ့မရခြင်းမှာသွေးဆုံးနေပေါ့
    ဟေ့ ဒီမှာ
    ဒီမှာ ဟေ့
    ဒီသီချင်းကို နားစွင့်သွားစမ်းပါ
    မင်းအကြောင်းဆိုတာနဲ့
    အလွမ်းက လူပေါ်ခုန်တက်လာတယ်။ ။
    တိုးအံ့ဝေ ( march 25 ,2014 )
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    " သံစဉ် "
    ကဗျာ / ရွတ်ဆို .... တိုးအံ့ဝေ
    ဖန်တီးခံစား - မောင်ချမ်း ( ခရမ်းပြာ )

ความคิดเห็น •