ဓားစန်းရီနဲ့ မတင်မိုးလွင် စကားလက်ဆုံ

แชร์
ฝัง
  • เผยแพร่เมื่อ 18 ต.ค. 2024
  • လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အာဇာနည်ဗိမာန်ကုန်း ဗုံးဖောက်ခွဲမှု အကြမ်းဖက်တရားခံ မြောက်ကိုရီးယားနိုင်ငံသားဇင်မိုကို အရှင်ရအောင် အသက်စွန့်၍ ဖမ်းဆီးပေးခဲ့သူ ဓားစန်းရီနဲ့ မတင်မိုးလွင် စကားလက်ဆုံကျထားတာဖြစ်ပါတယ်။
    တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်ကို အာဇာနည်ကုန်းတွင် လုပ်ကြံရန် ဗုံးဖောက်ခွဲမှုကြောင့် တောင်ကိုရီးယားအရာရှိ ၁၇ ဦးနဲ့ မြန်မာနိုင်ငံသား လေး ဦး သေ ဆုံးခဲ့တာဖြစ်ပါတယ်။
    လုပ်ကြံမှုမှာ ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေ ဖမ်းမိခဲ့တာဖြစ်ပြီး နှစ်ဦးကိုတော့
    အရှင်ဖမ်းနိုင်ခဲ့တာပါ။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဇင်မိုကို ပုစွန်တောင်ချောင်းထဲထိ ဓားစန်းရီက ဆင်းဖမ်းခဲ့တာဖြစ်ပါတယ်။
    7Day TV က နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့မနက်တိုင်းမှာ တင်ဆက်နေတဲ့ တင်မိုးလွင်နဲ့ စကားလက်ဆုံ Tin Moe Lwin Talk Show ကို နောင်အပတ်တွေမှာလည်း ပုံမှန်တင်ဆက်သွားမှာဖြစ်ပါတယ်။

ความคิดเห็น • 198