နိုင်ငံကူးလက်မှတ်(Passport) ကိုယ်တိုင်လျှောက်ထားရယူခြင်း

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • နိုင်ငံကူးလက်မှတ်(Passport)ကို ငွေကုန်ကြေးကျမများဘဲ မိမိတို့ကိုယ်တိုင်လျှောက်ထားရယူနိုင်စေရန် ရည်ရွယ်ပါသည်။

ความคิดเห็น • 86

  • @MyatPannPhwe
    @MyatPannPhwe 4 วันที่ผ่านมา +1

    ငွေပေးချေမှုထိအောင်အောင်မြင်မြင်ပြီးသွားပါတယ် ငွေပေးချေမှုအပြီးပေါ်ရမဲ့ရက်ချိန်းရယ်Qrရယူရန်တွေမပေါ်ပါဘူး
    အသစ်ဘဲပြန်လျှောက်ရတော့မှာလားရှင့်

    • @mtchance
      @mtchance  4 วันที่ผ่านมา

      ရက်ချိန်းစစ်ရန်နေရာကိုနှိပ်ပြီး အမည်နဲ့မှတ်ပုံတင် ရိုက်ထည့်ပြီး စစ်ဆေးကြည့်ပါ။ အဲ့မှာအချက်အလက်အားလုံးကိုကြည့်နိုင်ပါတယ်။ QR လည်းပါပါတယ်။
      အီးမေးလ်ထဲကိုလက်ခံချင်ရင်လည်း ကိုယ်သုံးတဲ့email လေးရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။ print ထုတ်ဖို့ပိုလွယ်ပါတယ်။

  • @minmin-p6l
    @minmin-p6l 4 วันที่ผ่านมา +1

    အခုkpayနှိပ်မရလို့ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပေးပါအုံး

    • @mtchance
      @mtchance  4 วันที่ผ่านมา

      ခုနောက်ပိုင်း k pay နှိပ်မရတဲ့ error ဖြစ်ဖြစ်နေပါတယ်။
      အစက ပြန်စကြည့်ပါ။ ဒါမှမဟုတ် ဖုန်းဖြစ်ဖြစ် ကွန်ပျူတာဖြစ်ဖြစ် ပြောင်းပြီးသုံးကြည့်ပါ။

  • @cherryoo4028
    @cherryoo4028 25 วันที่ผ่านมา +1

    Appointment ယူတာ
    Verify you are human မပေါ်လို့ continue ပဲပေါ်တော့ယူလို့မရဘူးဖြစ်နေတာဘယ်လိုလုပ်ရမလဲရှင့်

    • @mtchance
      @mtchance  25 วันที่ผ่านมา

      continue ပဲဆက်နှိပ်လိုက်ပါ။ Verify you are human က တစ်ခါတစ်လေမှပေါ်တာပါ။

    • @cherryoo4028
      @cherryoo4028 25 วันที่ผ่านมา

      @@mtchance
      ဆက်နှိပ်နေတာမရဘူးရယ်
      3ရက်လောက်ရှိနေပြီ ဘယ်လိုလုပ်ရမလဲ
      Continueနှိပ်လိုက်ရင် စာတန်းအနီရောင်ပေါ်လာပြီးမရဘူး

  • @Baby-fg3jb
    @Baby-fg3jb 2 หลายเดือนก่อน +1

    အသစ်လျှောက်ထားပြီး စလစ်ရပြီးပြီပေါ့နော် အာ့စလစ်ကခါးပိုက်နှိုက်ခံရပြီး ပျောက်သွားလို့ ဘယ်လိုပြန်လုပ်ရမလဲရှင့်

    • @mtchance
      @mtchance  หลายเดือนก่อน

      ဓာတ်ပုံရိုက်ထားတာရှိရင် စာရွက်လေးကို Print ထုတ်ပြီးသုံးလို့ရပါတယ်။ မရှိတော့ရင်တော့ ကိုယ့်ရဲ့မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းမူရင်းတွေနဲ့ ကာယကံရှင်ကိုယ်တိုင် Passport ရုံးမှာ စလစ်ပျောက်တဲ့အကြောင်း ပြောပြီးထုတ်ပါ။

    • @aungnaing7843
      @aungnaing7843 25 วันที่ผ่านมา

      ​@@mtchanceQrကျပြီးပြီး ပိုက်ဆံပေးပြီးပြီ နာမည်တစ်လုံးကျန်ခဲ့တာ ပြန်ဖြည့်လို့ရသေးလားဗျာ

  • @TharHtet-m7l
    @TharHtet-m7l 16 วันที่ผ่านมา +1

    ဇာတိက ဧရာဝတီကပါဆရာ
    သင်တန်းတက်နေတာက မကွေးမှာဆိုတော့ မကွေးရုံးမှာပဲ ပတ်စပို့လုပ်လို့ရလားဆရာ

    • @TharHtet-m7l
      @TharHtet-m7l 16 วันที่ผ่านมา +1

      ဖြေပေးပါအုံးဆရာ အရေးကြီးနေလို့ပါဆရာ

    • @mtchance
      @mtchance  14 วันที่ผ่านมา +1

      အိမ်ထောင်စုစာရင်းထဲကလိပ်စာအတိုင်းလုပ်ရပါမယ်။
      အိမ်ထောင်စုစာရင်းက ဧရာဝတီဆိုရင် ဧရာဝတီ မှာ လုပ်ရမှာပါ။
      အိမ်ျထာင်စုစာရင်းလိပ်စာက မကွေးဆိုမကွေးမှာလုပ်ရမှာပါ။
      ရန်ကုန်မှာတော့မည်သူမဆိုလုပ်လို့ရပါတယ်။

    • @TharHtet-m7l
      @TharHtet-m7l 8 วันที่ผ่านมา

      @@mtchance ကျေးဇူးပါဆရာ😊😊

  • @user-bn4lr2tr5d
    @user-bn4lr2tr5d 9 วันที่ผ่านมา +1

    Brother Kpay ငွေ‌ချေမလို QR Code ကျမလာလို့
    အစကပြန်လုပ်ရမလား အစဆိုတာ ဟို နာမည်တို့ အဖေနာမည်တို့ကပြန်စရေးရမာလား

    • @mtchance
      @mtchance  9 วันที่ผ่านมา +1

      ကိုယ်ဖြည့်ထားပြီးသားဖောင်ကို save ထားလိုက်ပါ။
      အစကပြန်စတဲ့အခါ ဖောင်ဆက်လက်ဖြည့်သွင်းရန်ကိုနှိပ်ပါ။ Save ထားတဲ့ဖိုင်ကိုပြန်ထည့်ပါ။ ပြီးရင် အဆင့်ဆင့်ဆက်ပြီးလုပ်သွားပါ။
      အဲ့လိုလုပ်လို့မရသေးဘူးဆိုရင် လိုင်းerror တက်တာပါ။
      ဖုန်းပြောင်းပြီးလုပ်ကြည့်လို့လည်းရပါတယ်။
      ခုနောက်ပိုင်း KPay က QR မကျတာတွေအမေးများတယ်။

  • @CscCsc-u8p
    @CscCsc-u8p 28 วันที่ผ่านมา +1

    Qrတင်တုန်းက မှတ်ပုံတင်နံပတ် /ကနန မဟုပဲ အဂ်လိပ်လိုကြီးပေါ်နေတယ်အဲ့တာဘယ်လိုပြန်ပြင်ရမလဲရှင့်😢

    • @mtchance
      @mtchance  28 วันที่ผ่านมา +1

      ကိစ္စမရှိပါဘူး။ရုံးဝင်တဲ့နေ့ကျရင် လက်ရေးဖောင်မှာ အချက်အလက်မှန်အောင်ရေးဖြည့်လိုက်ပါ။

    • @CscCsc-u8p
      @CscCsc-u8p 28 วันที่ผ่านมา

      @@mtchance ကျေးဇူးပ့ရှင့်

  • @MyaMya-wh9qm
    @MyaMya-wh9qm 18 วันที่ผ่านมา

    PVကနေ PJ ပြန်ပြောင်းချင်လို့ပါ အဲဒီprocessအတွက်ဆိုရင်ရော ဘယ်လို လျှောက်လို့ ရလဲ ဗျ

    • @mtchance
      @mtchance  18 วันที่ผ่านมา

      အသစ်လျှောက် နဲ့ လျှောက်လို့ရပါတယ်။ ရုံးဝင်တဲ့အခါ စာအုပ်အဟောင်းပါယူသွားပါ။ သက်တမ်းကျန်ဆိုရင်တော့ သက်တမ်းကျန် ဒဏ်ကြေးဆောင်ရပါတယ်

  • @KhaingZonNonoAung
    @KhaingZonNonoAung 11 วันที่ผ่านมา

    submit နှိပ်လိုက်တော့သတ်မှတ်ချိန်ကျော်လွန်နေပါသည်ပဲပေါ်နေတာဘယ်လိုဆက်လုပ်ရမလဲရှင့်

    • @mtchance
      @mtchance  11 วันที่ผ่านมา

      ဖိုင်ကို save လိုက်ပါ။ ပြီးရင် အစက ပြန်စပါ။ စတဲ့နေရာမှာ ဖောင်ဆက်လက်ဖြည့်သွင်းရန်ကိုရွေးပြီး စောစောက သိမ်းထားတဲ့ဖိုင်ကို ပြန်ထည့်လိုက်ပါ။ ထည့်ပြီးမှ အချက်အလက်ပြည့်စုံမှုရှိမရှိစစ်ဆေးပြီး submit ကိုနှိပ်ပါ။

    • @KhaingZonNonoAung
      @KhaingZonNonoAung 11 วันที่ผ่านมา

      @@mtchance ဟုတ်

  • @nawsandarwin9456
    @nawsandarwin9456 16 วันที่ผ่านมา

    Save ပြီး ပြန်ဖြည့်လည်း ကိုယ်ရေးအချက်အလက်၁ ဖြည့်ပြီး next လည်းမရ add to list လည်းမရဘူးရှင့်

    • @mtchance
      @mtchance  14 วันที่ผ่านมา

      Save ပြီးပြန်ဖြည့်တဲ့အခါ မူလသိမ်းထားတဲ့ဖိုင်လေးကို ပြန်ထည့်ပေးရပါတယ်။ အဲ့ဒါမှအချက်အလက်ပြန်ပေါ်တာပါ။ အချက်အလည်ပြည့်စုံရင် next ကိုနှိပ်လို့ရပါတယ်။မပြည့်စုံသေးရင် အနီစာတမ်းလေးပေါ်လာပြီ ဘယ်နေရာကျန်သေးတယ်ဆိုတာ ပြပေးပါတယ်။
      တကယ်လို့ပြည့်စုံရဲ့သားနဲ့ ဆက်ဖြည့်လို့မရတာဆိုရင်လိုင်းမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ် ဖုန်းပြောင်းပြီး ပြန်တင်ကြည့်နော်။ တစ်ခါတလေ လိုင်းက ကြပ်တတ်ပါတယ်။

  • @user-qn4kn1gr3p
    @user-qn4kn1gr3p 17 วันที่ผ่านมา +2

    ငွေပေချေဖို့ KBZ payကိုနှိပ်တာ ဘာမှမပေါ်ဘူးရှင့် ဘာလို့လဲမသိဘူးနော် MPUကိုနှိပ်ရင် လုပ်ရမှာတွေပေါ်တယ်ရှင့်

    • @thawtarthetwai
      @thawtarthetwai 15 วันที่ผ่านมา +1

      ဟုတ်တယ် အမရောပဲ မပေါ်ဘူး
      MPU နှိပ်ရင် ပေါ်တယ် KBZ pay နှိပ်ရင်ကျတော့ ဘာမှပေါ်မလာဘူး

    • @mtchance
      @mtchance  14 วันที่ผ่านมา

      လိုင်းerror တက်တာပါ။ အစက ပြန်လုပ်ရင်လုပ်ကြည့် ဒါမှမဟုတ် ဖုန်းသို့မဟုတ် ကွန်ပျူတာပြောင်းပြီးတင်ကြည့်နော်

    • @user-qn4kn1gr3p
      @user-qn4kn1gr3p 14 วันที่ผ่านมา

      @@mtchance ဟုတ်ကဲ့ ရသွားပါပြီရှင့် ကျေးဇူးပါ

    • @sendmenoodes5735
      @sendmenoodes5735 10 วันที่ผ่านมา

      ​@@user-qn4kn1gr3pဘယ်လိုရသွားတာလဲ ပြောပြပေးပါလား
      ကျနော်လည်းငွေချေလို့မရလို့ပါ

    • @MohtMohtNyein
      @MohtMohtNyein 9 วันที่ผ่านมา

      ​@@user-qn4kn1gr3pဘယ်လိုလုပ်လိုက်တာလဲရှင့်

  • @HtetkP
    @HtetkP 28 วันที่ผ่านมา +1

    Form တင်တုန်းက "အမိ"အမည်နေရာမှာ "အဖ"အမည်မှားထည့်လိုက်တာပါ ဘယ်လိုလုပ်ရမလဲဗျ
    မိဘအမည်တွေ ရေးရင် မြန်မာလိုပဲပါတာလားဗျ၊
    မိဘအမည်ရေးရင် ရှေ့က"ဦး၊ဒေါ် "ထည့်ဖို့လိုတာလား အဓိက ကကိုယ့်နာမည်မှာပဲ"မောင်၊ကို"မထည့်ရမှာပေါ့နော်
    မောင်နှမအရင်းနှစ်ယောက်ရှိရင် သူတို့အကြောင်းရာတွေပါဖြည့်ရမှာလားဗျာ့
    နောက်ပြီး ၊အဖေ့ရဲ့မောင်နှမ အမေ့ရဲ့မောင်နှမတွေပါ
    လက်ရေးနဲ့ဖြည့်ရင် ထည့်ဖြည့်ဖို့လိုသေးတာလားဗျ
    မသိလို့ပါဗျာ့ ကျတော့်ကိုပြောပြပေးပါအုံး🙏။

    • @mtchance
      @mtchance  28 วันที่ผ่านมา +1

      ၁။ မှားတာအားလုံးကို ရုံးဝင်တဲ့နေ့ကျ လက်ရေးဖောင်မှာအမှန်ဖြည့်ရေးလို့ရပါတယ်။
      ၂။ အမိအဖနာမည်တွေမှာ ဦး တို့ ဒေါ်တို့ထည့်လို့ရပါတယ်။ ကာယကံရှင်ကတော့ နာမည်စာလုံးတွေပဲထည့်ရပါတယ်။
      ၃။အမိအဖအမည်လည်း အင်္ဂလိပ်လိုထည့်ပြီးဖြည့်ရပါတယ်။
      ၄။ မိဘကလွဲရင် ကျန်တဲ့သူတွေက မိမိရဲ့အိမ်ထောင်စုစာရင်းမှာ မပါရင် မရှိပါလို့ရေးလိုက်လို့ရပါတယ်။
      (ဖြည့်ချင်လည်းဖြည့်လို့ရပါတယ်)
      အိမ်ထောင်စုစာရင်းထဲမှာပါနေတဲ့ သူတွေကတော့ အမှန်အတိုင်းပဲဖြည့်ပေးမှရမှာပါ။
      အရေးကြီးတာက ကာယကံရှင်နဲ့ပတ်သက်တာမှန်သမျှ မြန်မာလိုရော အင်္ဂလိပ်လိုရောစာလုံးပေါင်းတွေ ရက်စွဲတွေမမှားအောင်ရေးပါ။
      စလစ်ထွက်လာရင်မှန် မမှန်သေချာစစ်ပါ။ မှားရင်တစ်ခါတည်းပြောပါ။

    • @mtchance
      @mtchance  28 วันที่ผ่านมา +1

      မောင်နှမအရင်းနှစ်ယောက်က ကိုယ့်ရဲ့ အိမ်ထောင်စုစာရင်းထဲမှာပါနေရင် ဖြည့်ပေးရပါမယ်။ မပါရင်တော့ မရှိပါလို့ဖြည့်လည်းရပါတယ်။
      မိဘတွေရဲ့ညီအစ်ကိုမောင်နှမလည်း အဲ့လိုပါပဲ။
      ကိုယ့်ရဲ့အိမ်ထောင်စုစာရင်းထဲက ပါတာကိုပဲ ဖြည့်လို့ရတယ်။ အိမ်ထောင်စု စာရင်းမတူတာတွေဆို မရှိပါလို့ဖြည့်လို့ရပါတယ်။

    • @HtetkP
      @HtetkP 28 วันที่ผ่านมา

      @@mtchance ညီမလေးအရင်း‌ ကောအကိုကောကအိမ်ထောင်စုထဲပါပါတယ်ဗျ
      ညီမလေးအရင်းက၂နှစ်အရွယ်လေးပါ။
      သူ့အတွက်ဘာတွေလိုအပ်သေးလဲဗျ
      ဘာစာရွက်ယူသွားဖို့တွေ၊သူ့ကိုformဖြည့်ရင် ဘယ်လိုဖြည့်ရမလဲကို‌ဗျာ့
      (ဥပမာ-အကိုဆို ဝန်းထမ်း)
      အဲ့လိုမျိုးပေါ့
      မောင်နှမ ကတစ်နေ့ပဲရေးတာပါလို့ဗျ QRတင်တုန်းက ကျတော်ကနှစ်ရောက်ရှိတာမို့လို့ နှစ်ယောက်ရေးတဲ့‌နေရာပါမှာလားဗျာ
      "လက်ရေး" ရေးရင်

    • @HtetkP
      @HtetkP 28 วันที่ผ่านมา

      @@mtchance နှစ်ယောက်လုံး အိမ်ထောင်စုထဲပါတယ်ဗျ
      အကိုရယ်၊ညီမလေးရယ်
      ညီမလေးကအခုမှ၂နှစ်ဆိုတော့ သူ့အတွက်ကဘယ်လိုဖြည့်ရမှာလဲဗျာ့ သူ့အတွက်ဘာစာရွက်စာတမ်းယူဖို့လို‌သေးတာလဲ
      QRတင်တုန်းက မောင်နှမ‌နေရာမှာ တစ်နေရာပဲတွေ့တယ်
      လက်ရေးformတင်ရင်မောင်နှမအတွက်ဖြည့်ဖို့နှစ်နေရာပါမှာလားဗျာ့။

  • @holyspirit5296
    @holyspirit5296 13 วันที่ผ่านมา

    မွေးဖွားတဲ့အရပ်မှာ ကိုယ်မွေးတဲ့မြို့မတွေ့လို့ ဘယ်လိုလုပ်ရင်ရမလဲဗျ

    • @mtchance
      @mtchance  12 วันที่ผ่านมา

      ဘယ်မြို့လဲမသိဘူး။ မှတ်ပုံတင်နံပါတ်ဆိုရင်တော့ ရှေ့က
      ၁/
      ၂/အစရှိသည်ဖြင့်မှန်အောင်ရွေးရင်ပေါ်ပါတယ်။

  • @kaizerz2004
    @kaizerz2004 25 วันที่ผ่านมา

    သန်း​ခေါင်စာရင်းနဲ့ ​ထောက်ခံစာ ကိုမသိ​သေးလို့ရှင်းပြ​ပေးပါလား😅 plz reply...

    • @kaizerz2004
      @kaizerz2004 25 วันที่ผ่านมา

      မှတ်ပုံတင်တို့ ဘာတို့ကို မိဘတွေကအမြဲသူတို့ကိုယ်တိုင်လုပ်ပေးနေတော့ အဲ့ဒါတွေကို ကျွန်တော်နားမလည်သေးလို့ ကျေးဇူးပြုပြီးရှင်းပြ​ပေးလို့ရမလား

    • @mtchance
      @mtchance  25 วันที่ผ่านมา

      စာတွေက ဖတ်လို့မရလို့ မေးတာကို သိပ်နားမလည်ဘူး Unicode ဖောင့်နဲ့ ရေးပေးလို့ရမလား

    • @mtchance
      @mtchance  25 วันที่ผ่านมา

      ဘယ္ဟာကို သိခ်င္တာလဲခင္ဗ်။ မေးခွန်းမေးထားတာမရှင်းလို့ပါ။
      သန်းခေါင်စာရင်း တို့ ထောက်ခံစာတို့ဆိုတာ ဘာလဲမသိတာလား။
      ဘယ်လိုလုပ်ရလဲဆိုတာမသိတာလား။

  • @MGYuYa-n4i
    @MGYuYa-n4i 7 วันที่ผ่านมา +1

    * မပါတဲ့ ဟာတွေက မဖြည့်လဲ ရလား

    • @mtchance
      @mtchance  6 วันที่ผ่านมา

      ဟုတ်တယ် မဖြည့်လည်းရတယ် ။
      *ပါတာတွေကတော့ မဖြစ်မနေဖြည့်ရတယ်။

  • @user-tu8hr8tc4l
    @user-tu8hr8tc4l หลายเดือนก่อน +1

    K- pay ကိုနှိပ်မရဘဲဖြစ်နေပါတယ် ဒကာ ဘယ်လိုဆက်လုပ်ရမှာလဲ

    • @mtchance
      @mtchance  หลายเดือนก่อน

      အချိန်ကျော်သွားလို့ဖြစ်မယ်။ file ကို save ပြီး အစကနေပြန်တင်ကြည့်နော်။

    • @aungnaing7843
      @aungnaing7843 25 วันที่ผ่านมา

      ​@@mtchancekpay နဲ့အခု ဘယ်သူမှ ပေးလို့မရဘူး ။MPU card နဲ့ ရတယ်

  • @zulymoe9969
    @zulymoe9969 27 วันที่ผ่านมา

    QR code ရပြီး​ပေမဲ့ရက်ချိန်း​ကျော်သွားတာဘယ်လိုလုပ်ရမလဲရ​ှင့်

    • @mtchance
      @mtchance  27 วันที่ผ่านมา +1

      နှစ်ပတ်အထိနောက်ကျလို့ရတယ် ရုံးဝင်လို့ရပါတယ်။သွားကြည့်လိုက်ပါ။နှစ်ပတ်ကျော်တယ်ဆိုရင်လည်းစာရွက်စာတမ်းစုံအောင်ယူသွားပြီး လုပ်ကြည့်လိုက်ပါ။ မေးတဲ့အခါအကျိုးအကြောင်းပြောပြလိုက်။ နှစ်ပတ်ကျော်ရင်တော့ရမရမသေချာပါဘူး။

  • @Merry2003-e3z
    @Merry2003-e3z 21 วันที่ผ่านมา

    Kpay scan မကျလို့ပါ ဘယ်လိုလုပ်းမလဲရှင့် ရုံးကပိတ်ထားတာလား ရှင့်😢😢

    • @mtchance
      @mtchance  21 วันที่ผ่านมา

      K Pay ပုံစံ အရုပ်လေးကိုနှိပ်ပေးရပါတယ်။ အဲ့ဒါမှ ကျတာပါ။ ပြန်လုပ်ကြည့်နော်။

    • @Merry2003-e3z
      @Merry2003-e3z 20 วันที่ผ่านมา +1

      @@mtchance ဟုတ်အ့လိုပဲလုပ်ကြည့်ပေမယ် မရလို့ပါနော်

    • @mtchance
      @mtchance  18 วันที่ผ่านมา

      အဲ့ဒါဆို error တက်တာဖြစ်လောက်မယ်

  • @yoonyoon9916
    @yoonyoon9916 23 วันที่ผ่านมา +1

    Kpay QRကုတ်မကျလို့ဘယ်လိုလုပ်ရလဲဟင်

    • @mtchance
      @mtchance  23 วันที่ผ่านมา

      ဖောင်ဖြည့်ပြီးသွားရင် K Pay ပုံလေးပေါ်လာပါတယ်။ ပုံလေးကို တစ်ချက်နှိပ်လိုက်ရင် K Pay QR Code လေးကျလာပါလိမ့်မယ်။

    • @yoonyoon9916
      @yoonyoon9916 23 วันที่ผ่านมา

      @@mtchance ဟုတ်နှိပ့်တယ်မကျလို့

    • @Merry2003-e3z
      @Merry2003-e3z 22 วันที่ผ่านมา

      @@yoonyoon9916ညမလဲမကျဘူးဖြစ်နေတယ် ဘာဖြစ်တာလဲ မသိဘူး

    • @Merry2003-e3z
      @Merry2003-e3z 21 วันที่ผ่านมา +1

      @@mtchanceမပေါ်လို့ပါ ရုံးက ပိတ်ထားတာလားရှင့်😢😢😢

    • @mtchance
      @mtchance  20 วันที่ผ่านมา

      @@Merry2003-e3z အဲ့ဒါဆိုရင် System error ကြောင့်ဖြစ်မယ်ထင်တယ်။ တခြားဖုန်း သို့မဟုတ် ကွန်ပျူတာနဲ့ပြန်စမ်းကြည့်နော်

  • @chan-dq5be
    @chan-dq5be 27 วันที่ผ่านมา

    အကိုရေpjစာအုပ်ကမြန်မာပြည်မှာတင်ကုန်သွားတာနှစ်နှစ်ရှိပီသက်တမ်းဘယ်လိုတိုးရမလဲဘာအခက်အခဲတွေရှိနိုင်လည်း

    • @mtchance
      @mtchance  27 วันที่ผ่านมา +1

      သက်တမ်းကုန်တာဆိုသက်တမ်းတိုးရုံပါပဲ။ QR တင်တဲ့အခါ သက်တမ်းတိုးနဲ့တင်လိုက်ပါ။ ရက်ကျော်လို့ဒဏ်ကြေးတော့ဆောင်ရမယ်။
      ပြည်ပမှာ အလုပ်လုပ်ဖူးရင် အခွန်ကင်းရှင်းကြောင်းစာရွက်ပါရုံးဝင်တဲ့အခါယူသွားပေးရပါမယ်။

    • @mtchance
      @mtchance  25 วันที่ผ่านมา

      @@chan-dq5be ဒဏ်ကြေးက ရက်လွန်တဲ့အပေါ်မူတည်ပြီးကွာခြားမှုရှိတယ်ထင်တယ်။ QR Code ယူတဲ့ နေရာမှာ ဝင်ကြည့်လို့ရပါတယ်။ ရှေ့ဆုံးမှာအများပြည်သူများသို့အသိပေးချက်မှာဖော်ပြထားပါတယ်။ www.passport.gov.mm ကိုဝင်ဖတ်ကြည့်လိုက်နော်။

  • @linzaw3289
    @linzaw3289 17 วันที่ผ่านมา

    အကိုရေငွေသွင်းပြီးထွက်မိသွားလို့ဘယ်လိုလုပ်ရမလည်းဗျာ့

    • @linzaw3289
      @linzaw3289 17 วันที่ผ่านมา +1

      ငွေကဖြတ်သွားပြီ

    • @mtchance
      @mtchance  14 วันที่ผ่านมา

      ရက်ချိန်းစစ်ရန်နေရာမှာ အမည်နဲ့မှတ်ပုံတင်နံပါတ်နှိပ်ပြီး ပြန်စစ်ကြည့်လို့ရပါတယ်။ ငွေဖြတ်သွားတယ်ဆိုရင် အဆင်ပြေပါပြီ။

  • @hninyuwai971
    @hninyuwai971 2 หลายเดือนก่อน +1

    UID ကဒ်ပြားလုပ်ပြီးရင် serverမှာထပ်စစ်ရသေးလားဆရာ

    • @mtchance
      @mtchance  หลายเดือนก่อน +2

      ကတ်ပြားလုပ်ပြီးသွားပြီဆိုရင် အချက်အလက်တွေက မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကအချက်အလက်တွေနဲ့တူပြီဆိုရင် ရပါပြီ။ ပတ်စ်ပို့ရုံးကတော့ အဲ့ဒီအချက်အလက်တွေမှန်ကန်မှုရှိမရှိ သူတို့ရုံးက ကွန်ပျူတာနဲ့တိုက်ဆိုင်စစ်ဆေးပါတယ်။ ရုံးကလုပ်ပါလိမ့်မယ်။

  • @ZinKhaing-rf9dm
    @ZinKhaing-rf9dm 11 วันที่ผ่านมา

    kbzငွေချေဖို့ QRကျမလာဘူးရှင့် မနေ့ထဲကလုပ်နေတာခုထိမကျဘူး ဘလိုလုပ်ရမလဲရှင့်

    • @mtchance
      @mtchance  11 วันที่ผ่านมา

      လိုင်းက error တက်တာပါ။ အစကပြန်လုပ်ကြည့်ပါ။ ဒါမှမဟုတ် တခြား ဖုန်း သို့မဟုတ် ကွန်ပျူတာပြောင်းပြီးတင်ကြည့်ပါ

  • @TharHtet-m7l
    @TharHtet-m7l 8 วันที่ผ่านมา +1

    ဆရာ ဖောင်တင်တာအပေါ်ဆုံးက အလုပ်/အလည်/မှီခိုရွေးတာ ဘာရွေးမိလိုက်မှန်းမသိလို့ ရုံမှာပြန်ပြောင်းလို့ရလားဆရာ

    • @TharHtet-m7l
      @TharHtet-m7l 8 วันที่ผ่านมา

      အသစ်ကနေပြန်လျှောက်ရမှာလားဆရာ

    • @TharHtet-m7l
      @TharHtet-m7l 8 วันที่ผ่านมา

      replyလေးပြန်ပေးပါအုံးဆရာ

    • @TharHtet-m7l
      @TharHtet-m7l 8 วันที่ผ่านมา

      Qrကုတ်က ရပြီးပါပြီးဆရာ ဘာရွေးလိုက်မိမှန်းမသိလို့

    • @mtchance
      @mtchance  8 วันที่ผ่านมา

      ရုံးဝင်တဲ့နေ့မှာ လက်ရေးဖောင်ရေးတဲ့အခါ မှန်အောင်ဖြည့်ရင် ရပါပြီ။
      ခုလောလောဆယ် ငွေပေးချေမှုအဆင်ပြေရင် ပြီးပါပြီ။
      ရက်ချိန်းစစ်ရန်နေရာမှာ မှတ်ပုံတင်နဲ့ နာမည်နဲ့ရိုက်ပြီး အချက်အလက်ပြန်ကြည့်လို့လည်းရပါတယ်။
      ရုံးဝင်တဲ့နေ့မှာ print ထုတ်ပြီးယူသွားဖို့လိုပါတယ်။

    • @mtchance
      @mtchance  8 วันที่ผ่านมา

      အမှားပြင်ချင်တာအားလုံးရုံးဝင်တဲ့အခါပြင်လို့ရတယ်နော်။

  • @hninkalayar8207
    @hninkalayar8207 9 วันที่ผ่านมา +1

    Qrကျမလာဘူး

    • @mtchance
      @mtchance  9 วันที่ผ่านมา

      Kpay ခလုတ်ကိုနှိပ်ပေမယ့် ကျမလာတာဆိုရင် လိုင်း error ဖြစ်လို့ပါ။ အစက ပြန်စတာဖြစ်ဖြစ် ဖုန်း သို့မဟုတ် ကွန်ပျူတာပြောင်းတာဖြစ်ဖြစ် ပြန်စမ်းကြည့်နော်။

  • @ZawooKhin
    @ZawooKhin 25 วันที่ผ่านมา

    ဖြည့်ပြီး‌တော့ Add to list နှိပ်တာ ဆက်မသွားတော့ဘူးရှင့်

    • @mtchance
      @mtchance  25 วันที่ผ่านมา

      ဖိုင်ကို save ပြီး အစက ပြန်လုပ်ပါ။
      Save ထားတဲ့ဖိုင်ကို ပြန်ထည့်ပေးလိုက်ရင် အကုန်ပြန်ပေါ်ပါတယ်။

  • @YuYoHehochi
    @YuYoHehochi 25 วันที่ผ่านมา +1

    Gmail မကျတာဘယ်လိုလုပ်ရမလဲရှင့်

    • @mtchance
      @mtchance  25 วันที่ผ่านมา

      ရက်ချိန်းစစ်ရန်နေရာမှာ နာမည်နဲ့မှတ်ပုံတင်ရိုက်ပြီးရင်ရက်ချိန်းပြန်စစ်ပါ။ ပြီးရင် အဲ့အထဲမှာ Email အကွက်လေးထဲမှာ Gmail လိပ်စာရိုက်ပြီး send ကိုနှိပ်လိုက်တာနဲ့ Gmial ထဲချက်ချင်းရောက်ပါတယ်။
      Gmail ကို ဝင်စစ်တဲ့အခါ refresh လုပ်ပါ။
      Inboxတို့ Important တို့ Spam တို့ထဲပါဝင်စစ်ကြည့်ပါ။