Cost Per Result တွေက Business ပေါ်မူတည်ပြီး ကွာခြားလေ့ရှိလား?
ฝัง
- เผยแพร่เมื่อ 1 ม.ค. 2025
- Q: Page like run တဲ့အခါမှာ Business ပေါ်မူတည်ပြီး CPR တွေကွာခြားသွားနိုင်လားရှင့်။ နောက်ပြီး Promote လုပ်တဲ့အခါ CPR အနည်းဆုံးကနေ အများဆုံးဘယ်လောက်ရှိသင့်လဲရှင့်။
A: အဲတော့ Business ပေါ်မူတည်ပြီးတော့ cost per result ကကွာပါတယ်။ ကွာကိုကွာပါတယ်။ အနည်းဆုံးကနေ အများဆုံးဆိုတာက CPR ဆိုတာကဒါ reach ကိုပြောတာလား၊ result ကိုပြောတာလား ကျွန်တော်မသိဘူးပေါ့နော်။ ဒါပေမယ့် reach ကို CPR ဆိုပြီးခေါ်တာရှားတယ်။ ကျွန်တော်တို့ CPM လို့ပဲခေါ်တာဆိုတော့..cost per 1000 impressions ပေါ့လေ..CPM လို့ပဲခေါ်တာဆိုတော့။
အဲတော့ အများဆုံးကနေ အနည်းဆုံးဘယ်လောက်ရှိသင့်လဲဆိုတော့ ကျွန်တော်တို့ ဥပမာ celebrity page ကို ကျွန်တော် run ဖူးတယ်။ မင်းသမီးတစ်ယောက်ရဲ့ page ပေါ့လေ။ page like ကိုကျွန်တော် run ဖူးတယ်။ အဲဒါကျတော့ ကျွန်တော်ပြောတာ ဘယ်လောက်မှမကျဘူး။ Page like တစ်ခုကို ကျွန်တော်တို့ 0.01 လောက်အထိကို ကျွန်တော်တို့ကျတယ်။ အမှန်ပြောရင် အဆိုတော်တွေဆိုလို့ရှိရင် အဲ့ထက်တောင်နည်းသေးတယ်။ သူတို့က သူတို့ သီချင်းကြီးနဲ့ ကျွန်တော်တို့က page like လုပ်ဖို့အတွက်ဆိုပြီး run ကြတာကိုး…ဆိုတော့ အဲ့ထက်နည်းတယ်။ တချို့သူတွေဆိုလို့ရှိရင် 0.005 တို့ 0.001 တို့ ဘာတို့အထိကို ကျွန်တော်တို့ဖြစ်ဖူးတယ်။
ဒါပေမဲ့ သိတယ်မလား လူတွေသိပ်စိတ်မဝင်စားတဲ့..လူတွေ စိတ်မဝင်စားဘူးဆိုတာ လူတွေ လက်လှမ်းမမှီတဲ့ brand တွေပေါ့လေ။ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က ဒေါ်လာ တစ်ဒေါ်လာ နှစ်ဒေါ်လာ သုံးဒေါ်လာ လေးဒေါ်လာလောက်ထိကိုပေးပြီးတော့ run ခဲ့ရဖူးတယ်။ အဲ့ဒီဟာကကျတော့ ဘာနဲ့သွားဆိုင်လဲဆိုတော့ ကိုယ်က page like run ပြီးတော့ ရလာတဲ့ page likes တွေက ကိုယ်လိုချင်တဲ့သူတွေရော ဟုတ်ရဲ့လားဆိုတာနဲ့ အများကြီးဆိုင်တယ်လို့တော့ ကျွန်တော့်အနေနဲ့မြင်တယ်။
ဘာလို့ဆိုတော့ ဥပမာဗျာ..အိမ်ခန်းရောင်းမယ်၊ သိန်း (၅၀၀၀)တန်အခန်းတွေ၊ သိန်း (၁၀၀၀၀) တန် အခန်းတွေ..right..page like cost per result အရမ်းကျချင်တော့ လုံးဝ (၁၈) ကနေ အသက် (၆၀) မြန်မာတစ်နိုင်ငံလုံးဆိုပြီးထားလိုက်တဲ့အချိန်မှာ မဝယ်နိုင်တဲ့သူတွေလာတယ်ဆိုလို့ရှိရင် ဘာထူးမှာလဲ..right..ကျွန်တော်ကတော့ cost effective ဖြစ်စေချင်လို့လားတော့မသိဘူး..အဲလိုမျိုး cost per result ကျချင်း မကျချင်းဆိုတဲ့ဟာက ဘယ်လိုခေါ်မလဲ ကျွန်တော်တို့ရဲ့ business ပေါ်မှာ ဘယ်လောက်ထိအကျိုးရှိလဲ မရှိလဲဆိုတဲ့ဟာကို ကျွန်တော်ကအမြဲတမ်းပြန်ကြည့်ချင်တာကိုး။ ဆိုတော့ cost per result ကျသည် မကျသည် ဆိုတာထက် အဲ့ဒီ cost per result က ကျွန်တော်တို့ရဲ့ business ပေါ်မှာ ဘာအကျိုးသက်ရောက်မှု ပြန်ရှိနိုင်လဲဆိုတာကို ဘယ်လို တိုင်းပြီးတော့ ဘယ်လိုပြလို့ရနိုင်မလဲ ဆိုတာကိုသိတယ်ဆိုလို့ရှိရင်က အများကြီးပိုပြီး အဆင်ပြေနိုင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm