Building a Positive Learning Environment
ฝัง
- เผยแพร่เมื่อ 11 ธ.ค. 2024
- [English below]
📢 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းအသစ်တစ်ခုဖြစ်တဲ့ "အပြုသဘောဆောင်သည့် သင်ယူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ခြင်း " သင်တန်းကို Myanmar Teacher Platform (MTP) မှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🌟 ထိရောက်တဲ့ စာသင်ခန်းစီမံခန့်ခွဲမှုနဲ့ အပြုသဘောဆောင်တဲ့ စည်းကမ်းကတစ်ဆင့် ပံ့ပိုးမှု၊ လေးစားမှုနဲ့ ပါဝင်ဆောင်ရွက်မှုအားကောင်းတဲ့ စာသင်ခန်းတွေကို ဖန်တီးပြီး တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ကျွန်ုပ်တို့နဲ့ အတူတူ လေ့လာလိုက်ပါ။
သင်တန်းမော်ဂျူးများ
• စာသင်ခန်းစီမံခန့်ခွဲမှု
• အပြုသဘောဆောင်သည့် စည်းကမ်းဖြင့် အပြုသဘောဆောင်သည့် အပြုအမူများကို ပျိုးထောင်ခြင်း
💡 စနစ်တကျရှိပြီး ဘေးကင်းလုံခြုံတဲ့ လူတိုင်းအကျုံးဝင် သင်ယူမှုဝန်းကျင်တွေကို လက်တွေ့ဖန်တီးနိုင်မယ့် နည်းလမ်းများကို ယနေ့ပဲ လေ့လာလိုက်ပါ။
မြန်မာဘာသာ - bit.ly/3ZyzH96
အင်္ဂလိပ်ဘာသာ - bit.ly/3COs45u
🌟** အထူးအစီအစဉ်**အနေနဲ့ ဒီသင်တန်းကို ပထမဆုံး တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမ အယောက် (၃၀) အတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို training.myanmar@unesco.org သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။
🗳️ Myanmar Teacher Platform (MTP) မှ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းများ တက်ရောက်ပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
/ 1412504626087677
🗝️ ကျောင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုတွေကို အရှိန်အဟုန်မြှင့်တင်ပေးမယ့် အပြုသဘောဆောင်ပြီး စနစ်တကျစီမံခန့်ခွဲမှုရှိတဲ့ စာသင်ခန်းတွေ ဖန်တီးနိုင်ဖို့ ယခုပဲ သင်တန်းတက်ရောက်လိုက်ပါ။
📢 Attention Educators!
We are excited to introduce our new Curriculum & Pedagogy (C&P) course on the Myanmar Teacher Platform (MTP): "Building a Positive Learning Environment."
🌟 Join us to explore how effective classroom management and positive discipline can foster supportive, respectful, and engaging classrooms that promote accountability, collaboration, and student growth.
🔭 Course Modules:
• Classroom Management
• Building positive behaviors through positive discipline
💡 Enroll today to gain practical strategies for creating a structured, safe, and inclusive learning environment.
Myanmar version: bit.ly/3ZyzH96
English version: bit.ly/3COs45u
🌟 Special Offer: Be among the first 30 participants to complete the course and receive a Mobile Top-Up card as a reward! Submit your certificate of completion to training.myanmar@unesco.org to claim your prize. 🗳️
Would you like to learn how to take (C&P) courses on Myanmar Teacher Platform (MTP)? Click the link below.
/ 1412504626087677
🔑 Join us to create positive, well-managed classrooms that inspire growth and success!
#PositiveLearningEnvironment #ClassroomManagement #ProfessionalDevelopment #Education #MTP #FreeCourse #UNESCOMyanmar