အဝယ်နှင့်အလျော်၊ တင်ဆက်သူ - Olivia

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.พ. 2025
  • အဝယ်နှင့်အလျော်
    စာ‌ရေးသူ - ဂျာနယ်ကျော် မမလေး
    တင်ဆက်သူ - Olivia
    • အဝယ်နှင့်အလျော်၊ တင်ဆက...
    ဒီတခေါက်မှာတော့ ဒိုအညာယူကျုချန်နယ်အတွက်
    စာဖတ်သူအသစ်ဖြစ်တဲ့ '' Olivia'' မှ
    ကြိုးစားတင်ဆက်ထားပါတယ်။
    စောင့်မျှော်အားပေးကြပါဦးနော်
    ဒိုအညာ
    *******
    ........စာရေးသူ၏အမှာ
    စစ်ပြီးခေတ် ၁၉၄၈ ခုနှစ်တွင် ကျွန်မရေးသားခဲ့သောငတ္ထုတိုများကို ရွေးချယ်စုပေါင်းလျက် ရှုမငြီးအမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ပထမအကြိမ် ထုတ်ဝေခဲ့သည်။
    ရှုမငြီးတွင် ပါဝင်သောဝတ္ထုများမှာ အေးအေး၊ မိခွေး၊ ဗာဟီရ၊ အခု အမျိုးသားနေ့၊
    တရားပုလိပ်စောင့်၊ မိန်းမပီပီ၊ သည်ဆောင်း၊ မာမရှိန်း၊ သည်မိုးတို ဖြစ်ကြသည်။
    ယခု တွေးတစိမ့်စိမ့် ဝတ္ထုပေါင်းချုပ်တွင် ရှုမငြီးထုတ်ပြီးနောက်ပိုင်း၌ ရေးသားခဲ့သော ဝတ္ထုတိုများကို
    ရွေးချယ်စိစစ်၍ဒုတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေခြင်း ဖြစ်သည်။
    ကျန်ဝတ္ထုတိုများကိုလည်း တတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေရန်အစီ အစဉ်ရှိသည်။
    တွေးတစိမ့်စိမ့်တွင် ပါဝင်သော မြက်ကလေးတပင်၊လှတမျက်နှာ၊သံသရာဘေး၊ခေမာရီ၊ တွေတစိမ့်စိမ့်၊ အဝယ်နှင့်အရော်၊သည်အပူ၊အားမကျပေါင်ရှင်၊ ကာဖီ ဝတ္ထုတိုများသည်များသော
    အားဖြင့်အာရုံတစ်ခုခုကို မြင်ရ ကြားရ သိရသည့်အခါတွင် ခံစားမှုတစ်ခုခုဖြစ်ပေါ်တတ်သည့်အတိုင်း စိတ်လှုပ်ရှားမှု|စိတ်၏ခံစားမှုဖြစ်ပေါ်လာသည့်အခါမျိုး၌ စိတ်ချမ်းသာ သော ခံစားမှုကြောင့်ဖြစ်စေ၊စိတ်ဆင်းရဲသော ခံစားမှုကြောင့်ဖြစ်စေ၊ ဝမ်းမြောက်ခြင်းကြောင့်၊ဝမ်းနည်းခြင်းကြောင့်၊ နှစ်သက်ခြင်းကြောင့်၊ မနှစ်သက်ခြင်းကြောင့်၊ ကရုဏာဖြစ်ခြင်းကြောင့်၊ စက်ဆုပ်ခြင်ကြောင့် စသည့်ခံစားမှုတစ်ခုခု လှုပ်ရှားသွားသည်နှင့်တစ်ပြိုင်နက်၊ အာရုံကျက်စားမှုဖြင့် ဘဝအသိအမြင်တစ်ခုခုကို ရသွားသလိုဖြစ်ရာမှ ပေါ်ပေါက်လာသော ဝတ္ထုတိုများ ဖြစ်ကြသည်။
    ဤဝတ္ထုတိုများကို ရေးခဲ့စဉ်အခါက ပုဂ္ဂလ ဓိဋ္ဌာန်ကို ဓမ္မဓိဋ္ဌာန်ဖြစ်လာအောင် ကျွန်မ အတော်အားထုတ်ရေးသားခဲ့ရ” သည်။
    ဘဝအသိအမြင် လူ့သဘာဝနှင့် ဘဝစိတ်ကိုပုံဖော်ရေးသားသည့် နေရာ၌ သဘိတရားရှေ့ဆောင်လျက် အထိန်းအချုပ်နှင့်ရှေးရှုပြီး ရေးခဲ့လေသည်။
    သူတစ်ပါး၏ အကျိုးအကြောင်း၊ သူတစ်ပါး၏ အဖြစ်အပျက်၊သူတစ်ပါး၏ကိစ္စအဝဝကို သဘိထားတတ်လာလျှင် ထိုသိုသတိထားလာတတ်သည့်အခါကျမှ မိမိအကျိုးအကြောင်း၊ မိမိအဖြစ်အပျက်
    မိမိကိစ္စအဝဝကို သတိထားတတ်မှု ရှိစေနိုင်သည့် အတွက် စာဖတ်သူများသည် ဤဝတ္ထုတိုများကို ဖတ်ရှုပြီး လူသဘာဝ၊ လောကကြီး၏ သဘာဝကို ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း၍ ဆင်ခြင်သုံးသပ်
    သတိထားမိပါရန် စေတနာလှုဆော်ရာမှ မေတ္တာအခြေခံနှင့် ေရးသားဖြစ်ပါသည်။
    *********
    #ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ
    #DohAhNyar #တို့အညာ #Audiobooks

ความคิดเห็น • 91