တက္ကသိုလ်ပညာရေးအားလျှောက်လှမ်းရန် အခက်အခဲကြုံတွေ့နေသူများအတွက် 𝐅𝐨𝐮𝐧𝐝𝐞𝐫’𝐬 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐀𝐰𝐚𝐫𝐝𝐬 (2024)
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- “တက္ကသိုလ်ပညာရေးအားလျှောက်လှမ်းရန် အခက်အခဲကြုံတွေ့နေသည့် ကျောင်းသားကျောင်းသူများအား BBA Program အတွက် ပေးအပ်ချီးမြှင့်မည့် LBU ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫’𝐬 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐀𝐰𝐚𝐫𝐝𝐬 (2024)”
ထူးချွန် ကျောင်းသား၊ကျောင်းသူများအား ဘွဲ့ရသည်အထိ (၃) နှစ်တာ ပညာသင်ကာလပတ်လုံး အခမဲ့သင်ကြားခွင့်ရရှိစေရန် LBU မှ တာဝန်ယူပါသည်။ မိတ်ဆွေတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်တက်ရောက်ရန် အခက်အခဲရှိသူများ သိရှိစေရန်အတွက် ကူညီမျှဝေပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
100% Founder`s Scholarship ရရှိထားသူတစ်ဦးဖြစ်တဲ့ Nang Kon Hleng Kham ဟာ
⭐ 2021 ခုနှစ်မှာ Scholarship လျှောက်ထားခဲ့ပါတယ်။
⭐ 2023 ခုနှစ်မှာ BBA ဒုတိယနှစ်ကို ပြီးမြောက်ခဲ့ပြီး Level 5 Diploma in Business Management ကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။
⭐2024 မှာရော သူမဟာ
မြန်မာနိုင်ငံမှာပဲ ကျောင်းဆက်တက်နေတုန်းလား?
BBA ဘွဲ့ကို ရယူနိုင်ဖို့ရော ဆက်လက်ကြိုးစားဖြတ်သန်းနေတုန်းပဲလား? ဆိုတာတွေကို ဒီ Video လေးမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။
LBU ၏ Founder ဖြစ်သူ ဆရာဦးအာကာကျော်၏ မွေးနေ့အထိမ်းအမှတ်နှင့် အတူ LBU တည်ထောင်ခြင်း (၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ BBA (Awarded by London Business University) အား 100% Full Scholarship အပါအဝင် 35%, 50%, 75% Scholarship Award များကိုပါ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။
Founder Scholarship များ ပေးအပ်ရာတွင် လျှောက်ထားသူများထဲမှ ကျောင်းသားတစ်ယောက်အား 100 % Full Scholarship Award အပြင် Learning Materials (Laptop, Webcam, Earphone, Mouse, Text Book) များကိုပါ ပေးအပ်လျှက်ရှိပါသည်။
-
Scholarship အောင်မြင်သည့် ကျောင်းသား/သူများ ရရှိမည့်အခွင့်အရေး
**************************************************
• ယခုပေးအပ်သော Scholarship Award များသည် စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ BBA Program (၃) နှစ်တာလုံးအတွက် ချီးမြှင့်ခြင်းဖြစ်ပါသည်။
• အတန်းတက်ရာတွင် Online/ Classroom ကြိုက်နှစ်သက်ရာ တစ်လှည့်စီ တက်ရောက်နိုင်ပြီး Weekday/ Weekend အတန်းချိန်များလည်း ရွေးချယ်တက်ရောက်နိုင်ပါသည်။
• London Business University မှ BBA ကျောင်းသားကျောင်းသူများသည် နောက်ဆုံးနှစ် (သို့) MBA အား နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်သင်ယူနိုင်မည်ဖြစ်ပါသည်။
• BBA ကျောင်းသားကျောင်းသူများအား English စာကောင်းမွန်စေရန် Pre - intermediate နှင့် Intermediate Level နှစ်တန်းအား အခမဲ့ တက်ရောက်ခွင့်ပေးအပ်ထားပါသည်။
• နိုင်ငံခြားသား Professor ဖြင့်သင်ယူရမည့် International Certificate (Delivered in collaboration with British Chamber of Commerce Myanmar - BCCM) အတန်းများဖြစ်သော
✅ Project Management
✅ Business Analytics
✅ Managerial Finance
✅ Supply Chain Management အတန်းတို့ကို အခမဲ့တက်ရောက်ခွင့် ရရှိမှာဖြစ်ပါသည်။
• ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းခွင်လေ့လာရေး ၊ Seminar များ၊ Workshop များအပြင် Internship Program များလည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
• ပညာသင်ယူမှု နှင့် လုပ်ငန်းခွင် နှစ်ခုလုံးတွင် ကြိုးစား၍ ထူးချွန်လျှင် Master of Business Administration (MBA) Program အား Scholarship ဖြင့် ထပ်မံတက်ရောက်နိုင်ပါမည်။
-
လျှောက်ထားနိုင်သည့်သူများ
-----------------------------
• အသက် (၁၆) နှစ်ပြည့်ပြီးသူ(သို့မဟုတ်) အထက်တန်းအရွယ် ကျောင်းးသားကျောင်းသူ (သို့မဟုတ်) IGCSE “O” Level အောင်မြင်ထားသူ။
(အသက် ၁၆ နှစ်ပြည့်ပြီးသူများအား BBA Foundation Program မှစ၍ Founder’s Scholarship ကို ၄ နှစ်စာ ပေးအပ်သွားမှာဖြစ်ပါတယ်)
• တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) GED အောင်မြင်ပြီးသူ၊ IGCSE/ GCE 'A' Level အောင်မြင်ပြီးသူ
• စီးပွားရေးလုပ်ငန်းများကို တီထွင်ဖန်တီးနိုင်ရန် ရည်ရွယ်ထားသောသူ။
• တက္ကသိုလ်တက်ရောက်လိုသော်လည်း အခြေအနေအမျိုးမျိုးကြောင့် တက္ကသိုလ်တက်ရန် ခက်ခဲသူ။
• မိဘများမှ ယခု Scholarship တက်ရောက်ရန် သဘောတူသောသူ။
-
ယခုလျှောက်ထားသူများအား May လအတွင်းဖွင့်လှစ်မည့် BBA အတန်းများအတွက် Scholarship များပေးအပ်သွားမည်ဖြစ်သောကြောင့် 30-April-2024 မတိုင်မီ လျှောက်ထားကြပါရန် တိုက်တွန်းလိုက်ရပါတယ်ရှင်။
လျှောက်ထားရမည့် ပုံစံ
------------------------
(1) forms.office.c... သို့ ဝင်ရောက်၍ Form ဖြည့်ပေးရပါမည်။
(2) 𝗪𝗵𝘆 𝘆𝗼𝘂 𝗱𝗲𝘀𝗲𝗿𝘃𝗲 𝘁𝗵𝗶𝘀 𝘀𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽? ခေါင်းစဥ်ဖြင့် Essay တစ်ပုဒ်ရေးသားကာ studentservice@Lbu.edu.mm သို့ mail ပို့ပေးရပါမည်။
(Mail ပို့ရာတွင် CV Form နှင့်အတူ မိမိပညာရေးနှင့်သက်ဆိုင်သော အောင်လက်မှတ်များအား ထည့်သွင်းပေးပို့ပါရန်)
ရွေးချယ်ခံရသော ဇကာတင်ကျောင်းသားတစ်ဦးချင်းစီကို Interview အတွက် ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
-
LBU: A Promise for Your Future!
-
London Business University is a Private University officially registered in Myanmar.
LBU International is an Education Provider officially registered in Singapore.
-
London Business University
------------------------------
Singapore Office
APT BLK Yishun Street 61, #12-254, Singapore 760642
Myanmar Campus
No.35, 64th, 31st x 32nd St, Chanayetharsan Township, Mandalay
-
Contact Info
-------------------
Marketing Department - marketing@Lbu.edu.mm
Academic Department - academic@Lbu.edu.mm
-
ပညာရေး အတိုင်ပင်ခံများဖြင့် ဆွေးနွေးလိုပါက Hotline - 09-765000015, 09-765000016 သို့ရုံးချိန်အတွင်း (9 AM-5 PM) ဆက်သွယ်နိုင်ပါသည်။
(အခမဲ့ ဆွေးနွေးနိုင်ပါသည်။)
-
(ဗုဒ္ဓဟူးနေ့ နှင့် Public Holiday တိုင်း ရုံးပိတ်ပါသည်။)
-
(Note: There is no discrimination in London Business University against languages people speak, skin color, religion, ethnic and job.)