1941-Rangoon,hit by Japanese bomb & nearly destroyed ၁၉၄၁ဂျပန်ဗုံးဒဏ်ခံရန်ကုန်

แชร์
ฝัง
  • เผยแพร่เมื่อ 2 ต.ค. 2024
  • 1941, Rangoon,hit by Japanese bomb & nearly destroyed
    ၁၉၄၁ ခု၊ ဒီဇင်ဘာလအတွင်း ဂျပန်ဗုံးဒဏ်ခံရပြီး မြို့ပျက်ကြီးလိုဖြစ်ကာ လူသူကင်းမဲ့နေသည့် ရန်ကုန်မြို့
    =======================================
    ၁၉၄၁ ခု၊ ဒီဇင်ဘာလ ရှစ်ရက်မတိုင်မီ နှစ်ပတ်အလိုတွင် ဂျပန်တို့က ဗြိတိသျှတို့အား စစ်ကြေညာခဲ့ရာမှ ဗြိတိသျှလက်အောက်ခံ မြန်မာ နိုင်ငံကိုလည်း ဂျပန်တို့မှ စတင်၍ စစ်ရေးအရ စတင်ဆောင်ရွက်ခဲ့ရာမှစပြီး မြန်မာနိုင်ငံလည်း ဒုတိယကမ္ဘာစစ်ထဲသို့ဝင်ရောက်လာခဲ့ရပါတော့တယ်။
    ၁၉၄၁ ခု၊ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်အစောတွင် ဂျပန်ကြည်းတပ်မတော်၏ လေတပ်သည် ရန်ကုန်မြို့အား ဗုံးကြဲတိုက်ခိုက်ရန် ဘန်ကောက်နှင့် အင်ဒိုချိုင်းနားရှိ လေယာဉ်ကွင်းတို့မှပျံသန်းထွက်ခွာတက်လာခဲ့ပြီး ထိုလေတပ်အဖွဲ့တွင် ဗုံးကြဲလေယာဉ်အစင်း ၈၀နဲ့ တိုက်လေယာဉ်အစင်း ၃၀ ပါဝင်သော လေတပ်အုပ်စုကြီး ဖြစ်လေသည်။
    ထို့နေ့နံနက် ဆယ်နာရီခန့်တွင် ဂျပန်လေယာဉ်များက စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ချီတက်လာကြကြောင်း မင်္ဂလာဒုံလေတပ်ဌာနချုပ်မှသတင်းရရှိပေမယ့်လည်း ထိုအချိန် မင်္ဂလာဒုံလေတပ်တွင် မဟာမိတ်တို့၏လေယာဉ်မှာ စုစုပေါင်းအစီးရေ ၅၀ ပင်ပြည့်အောင် မရှိပေ။ မဟာမိတ်တို့က ရှိသည့်လေယာဉ်များဖြင့် ရန်ကုန်မြို့အား ကာကွယ်မှုပြုလုပ်နိုင်ရန် ပြင်ဆင်ရလေတော့သည်။
    ဂျပန်လေကြောင်းတပ်ကြီး ချီတက်လာသည်ကို ရန်ကုန်မြို့သူမြို့သားတို့သိရှိနေပေမယ့် ယခင်က ဗုံးကြဲခံရခြင်းမျိုး မရှိ မခံရဖူးသည့်အတွက် စစ်ဘေးအတွေ့အကြုံလည်းမရှိသည့်အပြင် ထိုကဲ့သို့သော များပြားလှသည့် လေတပ်ကြီးကို မြင်ဖူးခြင်းလည်း မရှိကြသောကြောင့် နေအိမ်အပြင်များသို့ ထွက်ကာ မော့ကြည့်ကြခဲ့လေတော့သည်။ ဂျပန်လေယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းနဲ့သင်္ဘောကျင်းအား ရှေးဦးစွာ ဗုံးကြဲချခဲ့ပြီး ထိုမှတစ်ဆင့် လူစုလူဝေးဖြင့် လေယာဉ်ထွက်ကြည့်နေကြသော မြန်မာပြည်သူများရှိရာ လူနေရပ်ကွက်များရှိ လူအုပ်များဆီသို့မီးလောင်ဗုံးများ စတင်ကြဲချလေတော့သည်။
    မိမိတို့၏ခေါင်းပေါ်သို့ ဂျပန်ဗုံးများကျလာသည့်အခါမှ ရန်ကုန်လူထုလည်း ထွက်ပြေးရကောင်းမှန်း သိရှိကာ ခြေဦးတည့်ရာ ပြေးကြရလေတော့သည်။ သို့သော် အရပ်ရှစ်မျက်နှာမှ ပျံဝဲလာကြသည့်ဂျပန်လေယာဉ်တို့၏ ဗုံးများနှင့် စက်သေနတ်ကျည်တို့၏အောက်တွင် ရန်ကုန်မြို့လူထုမှာ အလူးအလဲခံကြရလေသည်။
    နောက်ထပ် လေးဆယ့်ငါးမိနစ်အကြာတွင် ဂျပန်အမှတ်​ ၆၂ ၏လေရင်အုပ်စုသည် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိ၍လာခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်းရှိ လေရင်ကွပ်ကဲစခန်း၊ လေယာဉ်ဂိုထောင်များနဲ့ ဆီသိုလှောင်ကန်တို့ကို ဗုံးကြဲတိုက်ခိုက်ပါတော့သည်။ဂျပန်လေယာဉ်များသည် ရန်ကုန်မြို့အား မိနစ်နှစ်ဆယ်ခန့်ကြာအထိ စိတ်ကြိုက် ဗုံးကြဲကာ ပစ်ခတ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားပါသည်။ ထိုနေ့တိုက်ပွဲတွင် ဂျပန် အမှတ်​၆၂လေတပ်မှလေယာဉ်ဆယ်စီးခန့်ပျက်စီးခဲ့သော်လည်း ရန်ကုန်မြို့မှာ လုံးဝနီးပါးပျက်စီးသွားပြီး ထိုနေ့ တွင် ရန်ကုန်မြို့သူမြို့သားစုစုပေါင်းလူ ၂၀၀၀ခန့်သေဆုံးခဲ့ရပြီး ၂၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။
    ထို့နောက် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်လေတပ်မှ ရန်ကုန်မြို့အားထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးသည်။ ထိုအချိန်မှာတော့ မြို့သူမြို့သားများမှာ ဂျပန်လေယာဉ်အား ကြောက်လန့်ရကောင်းမှန်း သိရှိသွားသဖြင့် လေယာဉ်လာကြောင်းသိသည်နှင့် နီးစပ်ရာတွင် ပုန်းခိုကြလေပါတော့သည်။
    ဒါပေမဲ့ ထိုနေ့မှာလည်း စနစ်တကျ တည်ဆောက်ထားသောဗုံးခိုကျင်းများ မရှိခဲ့ကြသဖြင့် ရန်ကုန်မြို့သူမြို့သား ၇၅၀ ကျော်မှာ ထပ်မံသေဆုံးခဲ့ကြသလို အလုံမြို့နယ်မှာလည်း လုံးဝပျက်စီးခဲ့ရလေသည်။
    ရန်ကုန်မြို့ကိုဂျပန်တို့ဗုံးကြဲတိုက်ခိုက်မှုစတင်သည်နဲ့ တပြိုင်နက်မြို့တွင်းနေထိုင်တဲ့ အိန္ဒိယလူမျိုးအများအပြားဟာ စစ်ဘေးလွတ်ရာသို့ ထွက်ခွာခဲ့ကြပြီး ထိုစဥ်က လူဦးရေ ၁၅၀၀၀ ကျော်ရှိသည်ဟုခန့်မှန်းထားခဲ့ကြပါတယ်။
    ၁၉၄၂ခု၊ဇန်နဝါရီလနှောင်းပိုင်းမှာ ဂျပန်တို့မှ မော်လမြိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်ကုန်မြို့နဲ့ ကီလိုမီတာ ၃၀၀ ဝန်းကျင်သာ ဝေးကွာတော့တဲ့အချိန်တွင် ရန်ကုန်မြို့အား ထိုကာလတိုင်သီအထိ စောင့်ရှောက်နေခဲ့သည့် ဗြိတိသျှနောက်ချန် မြို့စောင့်တပ်အနည်းငယ်တို့အပါအဝင် အိန္ဒိယနိုင်ငံမှရန်ကုန်သို့လာရောက်၍ အခြေချနေထိုင်လာကြသော အိန္ဒိယလူမျိုးအများအပြားကို စစ်ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရန် အမိန့်ကိုအတည်ပြုပေးခဲ့ပါတယ်။ထိုသို့မဖြစ်မီက အိန္ဒိယသို့သင်္ဘောဖြင့်ပြန်ပို့ပေးခဲ့သည့် အိန္ဒိယလူမျိုး ၇၀၀၀၀ အထိရှိနေခဲ့ပေမယ့်လည်း ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တွင် အိန္ဒိယလူမျိုးလူဦးရေ နှစ်သိန်းကျော်ကျန်ရှိနေခဲ့ပါသေးတယ်။
    ဒီလိုဆုတ်ခွာမှုဟာ ဗြိတိသျှစစ်တပ်၏သမိုင်းတွင် အရှည်ကြာဆုံးသော ပြန်လည်ဆုတ်ခွာခြင်း ဖြစ်လာခဲ့ပြီး လမ်းတလျှောက်တွင်ဂျပန်တို့ရဲ့တိုက်ခိုက်မှုသာမက ငှက်ဖျားရောဂါ၊ ဝမ်းကိုက်ရောဂါနှင့်တိုက်ဖိုက်ရောဂါတို့အပါအဝင် တခြားသောအခြေအနေဆိုးများကိုလည်း များစွာကြုံတွေ့ခံစားခဲ့ကြရပြီး အိန္ဒိယလူမျိုးအများအပြားတို့မှာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ #burma #thawzinaung #rangoon #Burmese #ဗမာ့ #မြန်မာ့ #Rangoon #Yangon #ရန်ကုန် #Burma #Myanmar #မြန်မာ #Bomb #ဗုံး #ဂျပန် #Japan #WW2 #Indian #ThawZinAung
    ‪@realityshowthawzin‬
    🥰Thanks for watching and please like, comment, share and Subscribe 🥰
    အခုလိုမြန်မာနိုင်ငံရဲ့ရှားပါးသမိုင်းမှတ်တမ်းတွေကိုအမြဲကြည့်သူများအတွက်ဒီ Channelကို Like & Subscribe လုပ်ပြီးကြည့်ရှုနိုင်တဲ့အပြင် Facebookမှာတော့(www.facebook.c... Show Page မှာ Like & Follow လုပ်ပြီးကြည့်ရှုနိုင်ပါတယ်
    DISCLAIMER:
    This channel is for entertainment purposes only and the rights and the monetary gains go to the original copyright owners.
    Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational, or personal use tips the balance in favour of fair use.

ความคิดเห็น • 18

  • @kokolay5669
    @kokolay5669 5 หลายเดือนก่อน +4

    အဂ်လိပ်က ဥရောပမှာ
    ဂျာမဏီနဲ့စစ်ဖြစ်ပြီး
    စစ်ဒဏ်ခံနေရချိန်
    ဂျပန်ကလူလည်ကျပြီး
    မြန်မာကိုကူညီသလိုလိုနဲ့
    မြန်မာပြည်ကိုဝင်သိမ်းနေတာ။
    ဂျပန်ကမြန်မာတင်မကအာရှမှာ
    တရုတ် ကိုရီးယား အင်ဒိုချိုင်းနား
    ဖိလစ်ပိုင် မလေးယား အင်ဒိုနီးရှား စကာ်ပူ....တခုမကျန်အကုန်ဝင်သိမ်းနေချိန်ပါ။

  • @realityshowthawzin
    @realityshowthawzin  ปีที่แล้ว +6

    🥰Thanks for watching and please like, comment, share and Subscribe 🥰
    အခုလိုမြန်မာနိုင်ငံရဲ့ရှားပါးသမိုင်းမှတ်တမ်းတွေကိုအမြဲကြည့်သူများအတွက်ဒီ Channelကို Like & Subscribe လုပ်ပြီးကြည့်ရှုနိုင်တဲ့အပြင် Facebookမှာတော့ (facebook.com/realityshowtz )Reality Show Page မှာ Like & Follow လုပ်ပြီးကြည့်ရှုနိုင်ပါတယ်

  • @mashell-slh7869
    @mashell-slh7869 ปีที่แล้ว +6

    ရန်ကုန်ကိုဗုံးကြဲတုန်းက မှတ်တမ်းကို Photo အနေနဲ့ပဲ လေ့လာဖူးခဲ့တာ ၊ အခုမှ Video Record ကိုကြည့်ရတော့တယ် ကျေးဇူးအထူးတင်ပါတယ်ဗျာ အားပေးနေပါတယ် ။

  • @kokolay5669
    @kokolay5669 5 หลายเดือนก่อน +1

    🎉😂
    ဂျပန်ကိုသွားအကူအညီတောင်းလိုက်တာ
    ကိုယ့်တိုင်းပြည်ထဲလာပြီး
    လူနေအိမ်တွေကိုဗုံးကြဲလူသတ်သွားတာဘဲအဖတ်တင်။

  • @SoeNaing-um8mm
    @SoeNaing-um8mm 3 หลายเดือนก่อน

    လာမယ်
    ကြာဦးမည် အစိုးမရ
    နေမြင့်သည်အမျှအရှုးရင့်ပါက
    ဗုံးကြဲချမည်
    ဘင်လာဒင် -ဟူစိန် ကဲ့သို့သော??????
    မိုက်တွင်းနက်ခဲ့ပါက-------???

  • @ayemin4235
    @ayemin4235 3 หลายเดือนก่อน

    Channel ကိုအမြဲအားပေးဖြစ်ပါတယ် ဒါပေမယ့် စာကိုတော့ အဖြတ်အတောက်မှန်အောင်တော့ ပြောပါခင်ဗျာ ကိုယ့်ဘာသာစကားကို ပြန်ပြီးဘာသာပြန် နားထောင်နေရလို့ပါ

  • @kokolay5669
    @kokolay5669 5 หลายเดือนก่อน +1

    🎉🎉
    ဂျပန်ကနယ်ချဲ့အဂ်လိပ်ကိုတိုက်ထုတ်ပေးကောင်းလို့
    လက်ဦးခံရတာ
    ရန်ကုန်ဖွတ်ဖွတ်ကြေဗုံးကြဲခံရ😢

  • @jhonjhonsmit3507
    @jhonjhonsmit3507 2 หลายเดือนก่อน

    မအလ ခေတ်မာတော့ သမိုင်းတပတ်ပြန်လည်ပြန်ပြီပေါ့🎉

  • @thidaaye2489
    @thidaaye2489 ปีที่แล้ว +1

    ကမ္ဘာစစ်ဖြစ်ရင်လူသားအားလုံးဒုက္ခ​ရောက်ရတယ်အဲဒီစစ်ကိုဘဲလူသား​တွေသယ်​ဆောင်လာတယ်.​ကျေးဇူးပါ.🍃🍃🍃

  • @SuKyaw-f6c
    @SuKyaw-f6c 3 หลายเดือนก่อน +2

    ကျေးဇူးပါ

  • @htunwynn7523
    @htunwynn7523 ปีที่แล้ว +1

    Thank you so much for your precious and historical records. Regards, .

  • @winthein6091
    @winthein6091 3 หลายเดือนก่อน

    ပုံတွေက ဟိုက ဒီက ပုံတွေပါ။

  • @KhunKhun-y6w
    @KhunKhun-y6w 7 หลายเดือนก่อน

    ြြြြ

  • @KhunKhun-y6w
    @KhunKhun-y6w 7 หลายเดือนก่อน

    ြြြြ

  • @KhunKhun-y6w
    @KhunKhun-y6w 7 หลายเดือนก่อน

    ြြြြ

  • @PaingGyi-x2s
    @PaingGyi-x2s 4 หลายเดือนก่อน +1

    Channel ‌တွေများကြီးထောင်ပီးလုပ်စားနေတဲ့ကောင်တွေလီးတောင်မကြည့်ဘူး