MY Travelogue (ပုဂံခရီးသွားမှတ်တမ်း...အပိုင်း-၂)

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • #Royal House Meditation Resort (Breakfast)
    #အပယ်ရတနာဘုရား
    #ဦးပေါင်းကျား မြင်းစီးစခန်း
    #အညာလက်ဆောင်
    #ဧရာဝတီမြစ်ကြီးရဲ့ သဘာဝအလှတရား
    အားလုံးပဲမင်္ဂလာပါ။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း မြန်မာလူမျိုးတွေအနေနဲ့ ပုဂံဘုရားတွေဆီအရောက်သွားပြီး ဖူးမြော်လေ့လာလည်ပတ်ဖို့အတွက် တကယ့်ကိုစိတ်အားထက်သန်ကြပါတယ်။ ပုဂံဒေသကဘုရားတွေက မရေတွက်နိုင်အောင်များပြားပြီး ကြည်ညိုသပ္ပါယ်စရာလည်းကောင်းလှပါတယ်။ အပိုင်း(၂) မှာဆိုရင်တော့ Royal House Meditation Resort မှာ Breakfast စားပြီး အပယ်ရတနာဘုရားဆီ သွားရောက်ဖူးမြော်မယ်။ ပြီးရင်တော့ ပုဂံဒေသရဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတစ်နေရာဖြစ်တဲ့ ဦးပေါင်းကျားမြင်းစီးစခန်းကို သွားရောက်လေ့လာလည်ပတ်မယ်။ အညာလက်ဆောင်ဆိုင်လေးမှာ အညာဒေသပြန်လက်ဆောင်တွေဝယ်လို့ရသလို အညာဒေသရဲ့ ချစ်စရာကောင်းတဲ့ဓလေ့ကို ကိုယ်တိုင်ခံစားကြည့်မယ်လေ။ အညာဒေသ ထန်းရည်စစ်စစ်ရဲ့ အရသာကို မြည်းစမ်းကြည့်မှာပါ...ပြီးရင်တော့ ညနေခင်းမှာ လှပတဲ့ ဧရာဝတီမြစ်ကြီးရဲ့ ညနေ နေဝင်ဆည်းဆာအလှနဲ့အတူ Motor Bike လေးစီးပြီး သဘာဝအလှတရားကြီးမှာ စီးမျောကြည့်ကြရအောင်ပါ...ကြည့်ရှုအားပေးကြပါဦး

ความคิดเห็น • 1

  • @moemoe-yx8it
    @moemoe-yx8it 2 ปีที่แล้ว

    ကောင်းပါတယ်