ဓမ္မနဲ့ အဓမ္မ အမှောင်နဲ့ အလင်း
ฝัง
- เผยแพร่เมื่อ 5 ก.พ. 2025
- ဓမ္မနဲ့ အဓမ္မ အမှောင်နဲ့ အလင်း
Myanmar Muslim Media
ဇန်န၀ါရီ ၃၀၊ ၂၀၁၉
တရားမျှတခြင်း၊လွတ်လပ်ခြင်းဆိုတဲ့ ကိုယ်ယုံကြည်ရာတစ်ခုအတွက်
အသက်ကိုပဓာနမထားပဲခရီးဆက်နေသူ
ရှေ့နေကြီးဦးကိုနီကိုပစ်လိုက်တဲ့ ကြည်လင်းရဲ့သေနတ်ဟာ
အားပေးအားမြောက်ပြုနေကြတဲ့ အဓမ္မဘက်တော်သားတွေကို ကိုယ်စားပြုသလို
ကိုနေဝင်းပစ်လိုက်တဲ့အုတ်နီခဲဟာလဲ
အမှန်တရားကိုချစ်မြတ်နိုးသူ ဓမ္မဘက်တော်သားတွေကိုကိုယ်စားပြုတယ်
ဒါကြောင့် ဓမ္မ နဲ့ အဓမ္မ အမှောင် နဲ့ အလင်းအားခြင်းပြိုင်ကျတဲ့ပွဲမှာ ကိုနေဝင်းရဲ့အုတ်နီခဲဟာ အရှိန်အဟုန်နဲ့ယနေ့အထိအားကောင်းနေဆဲ
ဒါကြောင့်ရှေးဦးစွာပထမ ဘုရားသူခိုးလူသတ်သမား ကြည်လင်းကိုမှန်တယ်
လူသတ်သမားရဲ့ဆရာ မသမာသူဝီရသူနဲ့အပေါင်းအပါတွေကိုမှန်တယ်
ပြီးတော့ လူသတ်သမားဝရမ်းပြေးကိုအခုထိမိအောင်မဖမ်းနိုင်သေးတဲ့ပြည်ထဲရေးကိုမှန်တယ်
ပြည်ထဲရေးကိုစေခိုင်းနေတဲ့ ကာကွယ်ရေးကိုမှန်တယ်
နှစ် နှစ်ပြည့်သည်အထိတရားခံအစစ်မှန်တွေကိုအပြစ်မပေးနိုင်သေးတဲ့ ယိမ်းယိုင်နေဆဲ တရားဥပဒေ မဏ္ဍိုင်ကိုမှန်တယ်
ပြည်သူတွေရွေးချယ်မထားပဲ လွှတ်တော်ထဲမှာငုတ်တုတ်ထိုင်နေဆဲ အစိတ်သားကိုမှန်တယ်
လူသတ်သမားတွေကိုစေခိုင်းနေတဲ့ DSAကျောင်းဆင်းတွေကိုမှန်တယ်
ပြီးတော့ DSAကျောင်းတော်ကြီးကိုပါမှန်တယ်
ပြီးတော့မလှုပ်မရှုပ်မပြုတ်ငုတ်တုတ်ထိုင်နေတဲ့ဝန်ကြီးချုပ်တွေနဲ့လွှတ်တော်မတ်တွေကိုလဲမှန်တယ်
မှန်စရာရှိတာမှန်သမျှကိုဆက်မှန်နေဆဲကိုနေဝင်းရဲ့အုတ်နီခဲဟာအရှိန်အဟုန်နဲ့အားကောင်းနေဆဲမို့
ဒို့ပြည်သူတွေအားလုံးလဲကိုနေဝင်းလိုပဲဓမ္မအမှန်တရားအတွက်ခရီးဆက်နိုင်ဖို့
အုတ်နီခဲတော့ကိုယ်စီဆောင်ထားဖို့လိုလိမ့်မယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဆရာဦးကိုနီနှင့် ကိုနေဝင်း တို့ကျဆုံးခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားတွင် ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ရွတ်ဆိုသည့် အမှတ်တရကဗျာ
မိစ္ဆဒိာဌိအားပေးဦးဇင်းတွေအမှန်တရားကိုရှာဖေပါရှုပါလော့
ကဗျာလဲမတ် စာလဲမတတ် ။ ဒေါ်စုဖားဖို့ဘဲသိတယ်
မိတ်ဒိဌိအားပေးနေတဲ့ဦးဇင်းတွေပါလားကို့အလုပ်ကိုမလုပ်ဘူး
ဘာတွေရှောက်ပြောနေမှန်းလဲမသိဘူးစကားလည်းမပီအမှန်တရားလည်းမသိနားမလည်တော်တော်ရှုတ်တဲ့ဦးဇင်းတွေကို့အလုပ်ကိုမလုပ်အရှုတ်ထုတ်တွေပါလား