ငါးမွှေကြော် အစပ် Myanmar spicy fish curry

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ထမင်းပူပူနဲ့ နယ်ပြီးစားလို့ကောင်းသလို မုန့်ဟင်းခါးမုန့်ဖက်လေးနဲ့ နယ်ပြီးသုပ်စားလည်းကောင်းတဲ့ ငါးမွှေကြော်အစပ်လေးပါ။
    ပါဝင်ပစ္စည်းတွေကတော့
    ငါးကြင်း - ၅၀ သား
    စပါးလင် - အနည်းငယ်
    ရှမ်းနံနံပင် - ၁ စည်း
    အချိုမှုန့် သို့ အသားမှုန့် - အနည်းငယ်
    နနွင်းမှုန့် - အနည်းငယ်
    ငါးငံပြာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
    ကြက်သွန်နီ- ၄လံးု
    ကြက်သွန်ဖြူ - အမွှာ ၂၀
    ချင်း (ဂျင်း) - လက်တဆစ်
    ဆီ - ခွက် တဝက်
    ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
    ငါးဘတ်မွှေ ချက်နည်းအတိုင်း ငါးကြင်းကိုသုံးပြီး ချက်ထားပါတယ်ခင်ဗျာ။
    ထမင်းပူပူနဲ့ နယ်ပြီးစားလို့ကောင်းသလို မုန့်ဟင်းခါးမုန့်ဖက်လေးနဲ့ နယ်ပြီးသုပ်စားလည်းကောင်းတဲ့ ငါးမွှေကြော်အစပ်လေးပါ။
    ပထမဆုံး စပါးလင်ကို ထုထောင်းထားပါ။ ငါးကို ပြုတ်မယ့်အိုးထဲမှာ အချိုမှုန့် ။ နနွင်းမှုန့်။ ငါးငံပြာရည် ၂ ဇွန်း သို့ ၃ ဇွန်း။ ထုထောင်းထားတဲ့ စပါးလင် ၂ ချောင်း ကို ထည့်နယ်ပြီး အခန်းအပူချိန်မှာ မိနစ် ၃၀ လောက်ထားထားပါ။ ပြီးမှ ရေထည့်ပြီး မိနစ် ၂၀ လောက်ကျက်အောင် ပြုတ်ပေးပါ။ (ရေခမ်းအောင် ပြုတ်ရင်တော့ အရသာပိုရှိပါတယ်)
    ပြီးရင် ပြုတ်ထားတဲ့ ငါးတွေကို အရိုးနွှင်ပေးပါ။
    ငါးပြုတ်ထားတဲ့ရေတွေကို လည်းဟင်းချက်တဲ့နေရာမှာပြန်ပြီးသုံးမှာဖြစ်ပါတယ်။
    ဆီသတ်ဖို့အတွက် ကြက်သွန်နီ ၄ လုံး ။ ကြက်သွန်ဖြူ လက်တဆုတ်။ ချင်း(ဂျင်း) လက်တဆစ်နဲ့ စပါးလင် ၁ ချောင်း လိုအပ်ပါတယ်။ အားလုံးကိုထောင်းထား သို့မဟုတ် ညက်နေအောင် ကြိတ်ထားပေးပါ။
    ငါးမွှေကြော်မှာ အဓိက ရှမ်းနံနံကို ၁ လက်မ အရွယ်လေးတွေဖြတ်ထားပေးပါ။
    ဒါဆို စချက်လို့ရပါပြီ။ ဆီကို ခွက် တဝက်လောက်ထည့်ပြီး ကြိတ်ထားတာတွေကို မွှေးအောင် မီးအေးအေးနဲ့ ဆီသတ်ပေးရမှာဖြစ်ပါတယ်။ တော်တော်လေးမွှေးလာပြီဆိုမှ နနွင်းမှုန့်နဲ့ ငရုတ်သီးအရောင်တင်မှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း) ထည့်မယ်။ အစိမ်းနံ့ကြီးပျောက်သွားမှ နွှင်ထားတဲ့ ငါးတွေထည့်မယ်။ မီးအေးအေးနဲ့ ငါးတွေ ‌အိသွားပြီဆိုရင် ငါးပြုတ်ရည်အနည်းငယ်ထည့်ပေးပါ။ ငါးက ဆီအနည်းငယ်ပြန်လာပြီဆိုမှ အရသာအတွက် ငါးငံပြာရည် အနည်းငယ်ထည့်မယ်။ ပြီးမှ ရှမ်းနံနံပင်ကို အုပ်လိုက်ရင် မွှေးပြီး အရသာရှိတဲ့ ငါးမွှေကြော်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...

ความคิดเห็น • 32

  • @suehwang6837
    @suehwang6837 6 หลายเดือนก่อน

    Mingalar par Sayar,thank you for sharing.🎉🎉🎉🎉🎉

    • @Cookfork1
      @Cookfork1  6 หลายเดือนก่อน

      Mingalarpar 🙏 Thank you so much 😊🤍☺️

  • @ayeaye3541
    @ayeaye3541 ปีที่แล้ว +1

    အရမ်းကိုစားကောင်းပြီး ထမင်းမြိန်စေမဲ့ ငါးဟင်းတခွက် ကျေးဇူးတင်ပါတယ်နော် အစ်ကို 😊😊😋😋

    • @Cookfork1
      @Cookfork1  ปีที่แล้ว +1

      ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @sakthivelmarimuthu8146
    @sakthivelmarimuthu8146 ปีที่แล้ว +1

    Very nice fish🐠🐋🐟 recipe👌💕

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you so much💕

  • @kts7664
    @kts7664 ปีที่แล้ว

    မနက်ဖန်ချက်စားတော့မယ်
    အရမ်းကြိုက်လို့ ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @khingzarlinmitsuki6990
    @khingzarlinmitsuki6990 ปีที่แล้ว +1

    စားချင်စရာကြီး
    ဗိုက်တောင်ဆာတယ်🤤🤤😋

    • @Cookfork1
      @Cookfork1  ปีที่แล้ว +1

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊

    • @khingzarlinmitsuki6990
      @khingzarlinmitsuki6990 ปีที่แล้ว

      @@Cookfork1 Yes, thanks 😊👍

  • @sandaraung2445
    @sandaraung2445 ปีที่แล้ว

    ကျေးဇူးအများကြီးတင်ပါတယ် ကျမ်းမာချမ်းတာပါစေရှင့်

    • @sandaraung2445
      @sandaraung2445 ปีที่แล้ว

      အကို

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🙏🙏🙏

  • @eiei6165
    @eiei6165 ปีที่แล้ว

    ကျေးဇူးပါဆရာ

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @manawthant8268
    @manawthant8268 ปีที่แล้ว

    မင်္ဂလာပါ ချက်စားကြည့်မယ်

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      မင်္ဂလာပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @winzayar2222
    @winzayar2222 ปีที่แล้ว

    ငါးမွှေးချက်နဲ့ အုန်းထမင်း စားချင်တာ😋

    • @Cookfork1
      @Cookfork1  ปีที่แล้ว +1

      ဟုတ်...😋

  • @may_pwintt_thu
    @may_pwintt_thu ปีที่แล้ว

    အကြိုက်ဆုံးဟင်း၊😇

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်ကဲ့ 😊

  • @whitelady4627
    @whitelady4627 ปีที่แล้ว

    GOOD always good

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊

  • @sntzayarsntzayar3688
    @sntzayarsntzayar3688 ปีที่แล้ว

    I like it

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊

  • @moureenofficial3727
    @moureenofficial3727 ปีที่แล้ว

    Thanks

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊

  • @dawzinminhtwe7579
    @dawzinminhtwe7579 ปีที่แล้ว

    နောက်ရက်ချက်စားတော့မယ်

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊

  • @myomyothan360
    @myomyothan360 ปีที่แล้ว

    😋

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊