ကမ္ဘာကြီးကို လှုပ်ခတ်သွားစေတဲ့ စာအုပ်ဆိုတာ အမှန်ပဲလား? / စည်းအပြင်ကလူ(ဘာသာပြန်-ထင်လင်း)/Book Review

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • စည်းအပြင်ကလူ
    ဘာသာပြန်-ထင်လင်း
    Book Reviewer တွေက ကမ္ဘာကြီးကို လှုပ်ခတ်သွားစေတဲ့ စာအုပ်ဆိုပီး ညွှန်းထားတော့ အဲ့ဒါက အမှန်ပဲလားဆိုတာ သိချင်စိတ်နဲ့ ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်ပါ။
    စာအုပ်လေး အကြောင်းကို video ထဲမှာ သေချာလေးပြောပြပေးထားပါတယ်။
    နောက်ထပ် video လေးတွေ ဆက်တင်ပေးသွားပါအုန်းမှာမို့ subscribe နဲ့ like and share လေး လုပ်သွားဖို့ မမေ့နဲ့နော်
    youtube channel link
    @ / @sharingbystz
    facebook page လေးကို လာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်နော်
    facebook page link
    👇👇👇
    @ / sharingbystz
    ကျေးဇူးတင်ပါတယ်...
    see you next video...

ความคิดเห็น • 26

  • @Thutahtatko
    @Thutahtatko 19 วันที่ผ่านมา +1

    ကိုယ်ဖတ်တဲ့ ဇာတ်ကို သေချာ သဘောမပေါက်ရင် review မပေးပါနဲ့ဗျာ သေခြင်းကို ဒီလိုပါပဲဆိုပြီး နှစ်သိမ့်ရုံနဲ့တော့ ကမြူးက ဒီစာအုပ်ကို မရေးပါဘူး တရက် အပြင်မှာ အသက်ရှင်ပြီးရင် ထောင်ထဲမှာ နှစ်တရာ နေလို့ရပြီ ဆိုတဲ့ စကားလုံးမျိုး၊ အပြစ်မရှိဘူးလို့ ခံယူထားသူက အမေ့အပေါ်ထားတဲ့ သူ့ရဲ့ ပုံမှန်စိတ်ကြောင့် ဝန်းကျင်က လူသတ်မှုမှာ ထည့်သွင်းစဥ်းစားလာပြီး သူ့ကို စွဲချက်ကြီးတွေ တင်လာချိန်မှာ မားဆိုးကိုယ်တိုင် အပြစ်ရှိသလို ခံစားလာရတာမျိုး စတဲ့ စိတ်အပြောင်းအလဲတွေကို သေချာ ဖော်ပြပြီး လူမှုအဖွဲ့အစည်းနဲ့ သူ့ဖြစ်တည်မှုကြားက ပဋိပက္ခတွေကို တသီကြီးမေးခွန်းထုတ်ပြသွားတာပါ၊ ဖြစ်တည်မှုပဓာန စာအုပ်တွေ ယမ်ပေါလ်ဆတ် စာအုပ်တွေပါ လေ့လာပြီးမှ ဒီစာအုပ်ကိုဖတ် ပြီးမှ ကမ္ဘာကြီးကို ဘာကြောင့်ဖမ်းစား သွားသလဲ ရှာဖွေကြည့်ပါ

    • @sharingbystz
      @sharingbystz  18 วันที่ผ่านมา

      ဟုတ်ကဲ့ရှင့် ကျွန်တော်ဖတ်တဲ့အချိန် ခံစားရတဲ့ ဟာကို ပြောပြထားတာပါ။ (အမြင်တွေမတူတာ ဖြစ်နိုင်ပါတယ်)
      အစ်ကို ညွှန်းတဲ့စာအုပ်တွေ ထပ်ဖတ်ကြည့်ပါ့မယ်။
      တချို့စာအုပ်ကျ guidelines မသိတော့ အတွေးတွေ ကွဲပြားသွားတာလဲ ရှိမှာပါ။
      အခုလို ပြောပြပေးတာ ကျေးဇူးပါရှင့်။ 😍

  • @kohi-fv5dv
    @kohi-fv5dv 5 หลายเดือนก่อน +2

    ဖက်ကြည့်အုံးမယ်အခုလိုစာအုပ်အညွှန်းပြောပြပေးလို့ကျေးဇူးပါပိုစိတ်၀င်စားတဲ့စာအုပ်တွေကတော့နိုင်ငံရေးစာအုပ်တွေပါဥပမာ ဆရာမြသန်းတင့် ဆရာအင်းစိန်အောင်းစိုး။ အရာအောင်သင်း ဆရာဇာဂနာ။ ဆရာဇော်သက်ထွေး ။ဆရာဟံသာ၀တိဦး၀င်းတင့်ဆရာဗမော်တင်အောင်သူ ဒို့စာအုပ်တွေဖက်ဖြစ်ပါတယ်

    • @sharingbystz
      @sharingbystz  5 หลายเดือนก่อน

      ဟုတ်ကဲ့ ကျေးဇူးပါရှင့် 😍

  • @zawminaung7551
    @zawminaung7551 11 หลายเดือนก่อน +1

    ❤🎉

  • @yethu6555
    @yethu6555 4 หลายเดือนก่อน +2

    စကားအချိတ်အဆက်မကောင်းပါဘူး...အစီအစဥ်တကျပြောပါ..စကားလုံးအပိုတွေမပါပါစေနဲ့..စကားလုံးအပိုက အကြောင်းအရာကိုအားနည်းသွားစေလို့ပါ..

    • @sharingbystz
      @sharingbystz  4 หลายเดือนก่อน

      ဟုတ်ကဲ့ အများကြီး ကြိုးစားပါ့မယ်

  • @heinhtetlin2895
    @heinhtetlin2895 2 หลายเดือนก่อน

    အမှာစာကို အရင်ဖတ်မိသွားတယ် ညီမလေး ရေ့❤

    • @sharingbystz
      @sharingbystz  2 หลายเดือนก่อน +1

      Sharing by STZ ရဲ့ review မှ အရင် မကြည့်ပဲ 🤭

  • @uhlathan9489
    @uhlathan9489 10 หลายเดือนก่อน +1

    မာဆွန်နဲ့တူတဲ့သူဆိုတော့ဥပေက္ခာလူသား ဘာသာမဲ့ ပေါ့

    • @sharingbystz
      @sharingbystz  10 หลายเดือนก่อน

      100% တော့ မဟုတ်ပါဘူး
      ဥပက္ခာက တော်တော်တော့ ထားနိုင်နေပီ
      ဘာသာမဲ့တော့ မဟုတ်ဘူး မေးခွန်းတွေထုတ်တတ်နေပီ 😁

  • @yethu6555
    @yethu6555 4 หลายเดือนก่อน +1

    မကြိုက်လည်း Like ပေးပါတယ်...မပူပါနဲ့...

    • @sharingbystz
      @sharingbystz  4 หลายเดือนก่อน

      ကျေးဇူးပါရှင့်

  • @kyawmyothu1298
    @kyawmyothu1298 7 หลายเดือนก่อน +1

    ဆရာထင်လင်းဘာသာပြန်ဆိုရင် တစ်ကျွန်းစံ၏ အပြန်လမ်း လားပဲဖတ်ဖူးတယ် အဒိတစ်အုပ်ဖတ်ပီးတော့ ဆရာ့တခြားစာအုပ်တွေထပ်ဖတ်ချင်စိတ်တော့ဖြစ်ခဲ့တယ် ဒါပေမယ့်မဖတ်ဖြစ်သေးဘူး

    • @sharingbystz
      @sharingbystz  7 หลายเดือนก่อน +1

      အခွင့်ကြုံရင် ဖတ်ကြည့်ပါရှင့် ဆရာ့ရဲ့ တခြားစာအုပ်တွေလည်း ကောင်းတယ်ရှင့်

  • @annvannyo3963
    @annvannyo3963 9 หลายเดือนก่อน +1

    စကားပြောတာလေးနည်းနည်းမြန်နေတယ်အမ။ ပြီးတော့ ပြောချင်တဲ့ စကားလုံးတွေကို သေစေချာချာပီပီပင်ပင်လေးနဲ့ ပြောပြရင့ပိုကောင်းထင်ပါတယ် ဗျ။ အကြံပေးတာပါ

    • @sharingbystz
      @sharingbystz  9 หลายเดือนก่อน

      ဟုတ်ကဲ့ သတိထားပါ့မယ်ရှင့်
      အကြံပေးတာ ကျေးဇူးပါ

  • @yawhtung2019
    @yawhtung2019 11 หลายเดือนก่อน +1

    ထိန်းလင်း ဆိုတာက ပါဂျောင်က ပန်းချီ ထိန်လင်းလားမသိဘူး

    • @sharingbystz
      @sharingbystz  11 หลายเดือนก่อน

      အဲ့ဒါတော့ သေချာ မသိဘူးရှင့်

    • @swampyaehtoo3254
      @swampyaehtoo3254 11 หลายเดือนก่อน +2

      စာရေးဆရာထင်လင်းပါ ဘာသာပြန်စာအုပ်တွေရေးတာများပါတယ်။
      ဆရာ ထိန်လင်းက ပန်းချိီဆရာကထိန်လင်းပါ မတူပါဘူး။
      ခေတ်လည်းမတူးပါဘူး။
      စာအုပ်ရဲ့ မူရင်းရေးသူနာမည်၊
      စာအုပ်ထွက်ခဲ့တဲ့ ခေတ်ကာလ အဲ့ဒါတွေကိုပြောပြသင့်တယ်၊
      မြန်မာပြန်ထားတယ်ဆိုလည်း ထုတ်ဝေတာဘယ်နှစ်ကြိမ်ရှိပါပြီဆိုတာ ထည့်ပြောလို့ရတယ်၊အခုစာအုပ်ကတော့ ဘယ်နှစ်ကြိမ်မြောက်ပါပေါ့ အဲ့လိုတွေပြောလို့ရတယ်၊
      စာအုပ်ရဲ့သရုပ်ဖော်ပုံနဲ့ပတ်သတ်ပြီးလည်းပြောသွားသေးတယ်
      အဲ့လိုပြောမယ်ဆို ပထမအကြိမ်ထုတ်ဝေတုန်းက ပုံနဲ့အခုစာအုပ်နဲ့မတူတာတွေပြောပြလို့ရနိုင်တယ်။
      ပြီးတော့ စာအုပ်တစ်အုပ်မှာ သရုပ်ဖော်စာအုပ်မျက်နှာဖုံးဆွဲတဲ့ပန်းချီဆရာလည်းအရေးပါတယ် ပုံကိုကြည့်ပြီးဝယ်တာလည်းရှိတာဆိုတော့၊ ပန်းချီဆရာနာမည်ပါထည့်ပြောပြပေးလို့ရတယ်။
      မူရင်းရေးသူး Albert Camus ကဘယ်လောက်နာမည်ကြီးကြောင်း google မှာရှာရင်ကို အများကြီးထွက်လာပါတယ်၊
      ဆရာ ထင်လင်း ဘာသာပြန်စာအုပ်တွေ မြန်မာပြည်မှာနာမည်ကြီးခဲ့ဖူးပါတယ် အဲ့ဒါတွေလည်းထည့်ပြောပေးလို့ရတယ်။သူဘာသာပြန်တာတွေထဲကမ္ဘာကျော်စာအုပ်တွေပါလို့ အဲ့ဒါတွေပါကြုံတုန်းပြောပြပေးလို့ရတယ်။
      စကားပြောရင် အချက်အလက်နဲ့ပြောပြပေးရင် ပိုစိတ်ဝင်စားကြတယ်၊
      ဥပမာ ဒီစာအုပ်ထဲမှာ ကိုယ်အကြိုက်ဆုံးအချက် ၃ ချက်ရှိပါတယ်ဆိုပြီး၊ အချက်အလက်နဲ့သေချာပြောပြတာမျိုးပေါ့၊
      ကာရိုက်တာနဲ့ ဇာတ်လမ်းကိုလည်း ရှင်းပြရင်းပြန်ပြောပြတဲ့ပုံစံနဲ့ လုပ်လို့ရပါသေးတယ်။
      ဒီထက် စေတနာပိုထားနိုင်ပါစေ၊
      စေတနာနဲ့အတူ channel လည်းတိုးတက်ပါစေ။

    • @sharingbystz
      @sharingbystz  11 หลายเดือนก่อน

      အခုလို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်

  • @PyaePhyo-xw8ok
    @PyaePhyo-xw8ok 11 หลายเดือนก่อน +1

    ဆရာမ သားမေးတာ မဖြေသေးဘူးနော်

    • @sharingbystz
      @sharingbystz  11 หลายเดือนก่อน

      မေးထားတဲ့ comment အောက်မှာ ဖြေပေးထားပါတယ်ရှင့်

  • @TheNayaunglin123
    @TheNayaunglin123 11 หลายเดือนก่อน +1

    ဘာမှလဲမဟုတ်ဘူး

    • @sharingbystz
      @sharingbystz  11 หลายเดือนก่อน

      ဖတ်တဲ့သူအပေါ်မှာလည်း မူတည်မယ်ထင်တယ် 😁