သူတပါးကို မလိမ်ရလျှင် ကိုယ့်ပေါင်ကိုယ်ဆွဲ လိမ်တတ်သူ

แชร์
ฝัง
  • เผยแพร่เมื่อ 21 มิ.ย. 2024
  • #U Thu Kha #myanmar audiobook #Tian Awran
    တခေတ်တခါက နာမည်ကြီးခဲ့သော လူလိမ်ကြီးနေဧ
    ဦးသုခ
    ဝတ္ထုတပုဒ်၊ စာတအုပ်မှာ ယုတ္တိသဘာဝ၊ စရိုက်သဘာဝတိကျပြည့်စုံလာသည့်အခါ၊ မူလစာရေးသူကစိတ်ကူးယဉ် ဖန်ဆင်း၍ အသက်သွင်းပေးလိုက်သည့်ဇာတ်ကောင်သည်၊ တကယ့်သက်ရှိထင်ရှား ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့သလား ဟုထင်မှတ်ယူစွဲနေတတ်ကြသည်။
    နိုင်ငံခြားဝတ္ထုတို့၌ ရော်ဘင်ဆင်ကရူးဆိုး၊ ရှားလော့ဟုမ်း၊ ဂျိမ်းဘွန်းစသည့် ဇာတ်လိုက်များတကယ်ရှိ၊မရှိပြဿနာ ပေါ်ခဲ့ကြရသလို ၊မြန်မာဝတ္ထုစာပေတို့၌လည်း၊ ခုံတော်မောင်ကျဘမ်း၊စကားတောင်စား၊ စုံထောက်ဦးစံရှား၊ မြတ်လေး ရွှေဓားဗိုလ်တို့ တကယ်ရှိမရှိ၊ပြဿနာဖြစ်ကြခဲ့ဖူးသည်။
    ယခုမဟာဂီတဆရာကြီးဦးပြုံးချိုရေးသားခဲ့သည့် နေအေးလိမ်နည်းစာအုပ်ကိုလည်း နေအေးဆိုသည့် လူတကယ်ရှိမရှိ၊ စာရေးဆရာကဖန်ဆင်းထားသောဇာတ်လိုက်ဟုတ်မဟုတ် ၊ပြောဆိုသံများမကြာခဏကြားခဲ့ရသည်။ အထူးသဖြင့်နေအေးမှာ ကျိုက်လတ်မြို့သားဟု တစွန်းတစကြားသူတို့က ကျွန်တော့ကိုမေးမြန်းခဲ့ဖူးပါသည်။ စာအရေးကောင်း၍ တကယ်ရှိသည်ထင်ကြသလို စာအရေးကောင်း၍လည်းတကယ်ရှိခဲ့တာမဟုတ်နိုင်ပါဘူးဟူ၍လည်း ထင်တတ်ကြပြန်သည်။
    ကျွန်တော့်အနေနှင့်နေအေးကတကယ်ရှိမရှိ ၊ပြောဆိုရမည်ဆိုလျှင် အကယ်၍မူလနေအေးလိမ်နည်းစာအုပ်ကိုရေးသားခဲ့ သူဆရာကြီးဦးပြုံးချိုကိုယ်တိုင်က၊နေအေးမှာ ကျွန်ုပ် ၏ညီ တဝမ်းကွဲတော်စပ်သူ ဖြစ်ကြောင်းဟု စာတပိုဒ်တည်းဖော် ပြလိုက်ရုံနှင့်၊ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။ မှန်ပါသည်။ နေအေးဆိုသည်မှာတကယ်ရှိခဲ့ရုံမက၊ ဆရာကြီးဦးပြုံးချို၏ညီတစ်ဝမ်းကွဲဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးက၊ပညာသားပါးပါးလိမ်နည်းများဖြစ်ကြောင်း၊ ကျိုက်လတ်ဇာတိ လူကြီးသူမများက ဝန်ခံကြပါလိမ့်မည်။
  • บันเทิง

ความคิดเห็น •