အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားသော ကျန်းမာရေးအတွက် တရားထိုင်ပါ တရားတော် Ashin Dhammasāmi

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • #အောက်စဖို့ဒ်ဆရာတော်
    #ဒေါက်တာဓမ္မသာမိ
    #ဟောကြားသော
    #ကျန်းမာရေးအတွက် တရားထိုင်ပါ
    #တရားတော်
    #Ashin Dhammasāmi
    #Dhammasāmi
    #Ashin Khammai Dhammasāmi
    #Oxford Sayadaw
    #Channel 8 Thant Zin Linn
    # / @thantzinlinn5890
    ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ (အင်္ဂလိပ်: Dhammasami) ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့သည်။ သက်တော် ၆ နှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ မဟာစည်ရိပ်သာသီရိမင်္ဂလာအုဌ်ကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ (ကမ္မဋ္ဌာနာစရိယ) ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ သက်တော် ၂၀ နှစ်တွင် မော်လမြိုင်မြို့၊ ဝေဇယန္တာကျောင်းတိုက် ခဏ္ဍသိမ်တော်၌ တောင်လေးလုံးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂသေနာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မော်လမြိုင်မြို့၊ ကျိုက်သုတ်ဘုရားလမ်းနေ ဒေါ်ရီနှင့် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဝေဇယန္တာကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။[၁]
    ပညာရေး
    ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရမှ ကျင်းပသော ‘သာသနဓဇဓမ္မာစရိယ’၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ ‘သဒ္ဓမ္မောဒယဓမ္မာစရိယ’ နှင့် ရှမ်ပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပသော ရှမ်းဘာသာ ‘အဘိပါလဓမ္မာစရိယ’ စသော ဓမ္မာစရိယတန်း သုံးခုစလုံးကို သာမဏေဘဝဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ သဒ္ဓမ္မောဒယဓမ္မာစရိယတန်းကို ပါဠိဘာသာဖြင့် ပထမဆုဆွတ်ခူး အောင်မြင်ခဲ့သည်။
    ဆရာတော်သည် ၁၉၉၃ ခုနှစ်တွင် Buddhist and Pali University of Sri Lanka, Colombo မှ မဟာဝိဇ္ဇာဘွဲ့ (MA, Buddhism) ကို ပထမအကြိမ် ရရှိခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (MA, Buddhist Philosophy) (၁၉၉၃) နှင့် တတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (M.Phil, Research Degree) (၁၉၉၆) ကို University of Kalaniya, Colombo, Sri Lanka မှ ရရှိခဲ့သည်။
    ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford တွင် ‘၁၇ ရာစုမှ မျက်မှောက်ကာလအထိ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးများ ပညာရေးသမိုင်းဖြစ်စဉ် _ Idealism and Pragmatism: A Study of Monastic Education in Myanmar and Thailand from the 17th Century to the Present’ ဟူသော ခေါင်းစဉ်ဖြင့် သုတေသနပြုစာတမ်းရေးသား၍ ပါရဂူဘွဲ့ (Doctor of Philosophy - D.Phil) ကို ရယူခဲ့သည်။
    အသေးစိတ်ဖတ်ရန်
    my.wikipedia.o...

ความคิดเห็น • 2

  • @ukolat9066
    @ukolat9066 29 วันที่ผ่านมา

    သာဓု သာဓု သာဓုပါဘုရား

  • @meemee2120-s6t
    @meemee2120-s6t 2 หลายเดือนก่อน

    သာဓုသာဓုသာဓုပါဘုရား