မြစ်ထဲခုန်ချအဆုံးစီရင်သူကို ကယ်တင်နိုင်ခဲ့သူ

แชร์
ฝัง
  • เผยแพร่เมื่อ 29 มิ.ย. 2023
  • ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဖြတ်ထိုးထားသည့် မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတဦးခုန်ချ၍ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တခု ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။
    ထိုအမျိုးသမီး ခုန်ချလိုက်သည့်နေရာနှင့် မလှမ်းမကမ်းတွင် လှေငယ်တစီးဖြင့် ပလုံကောက်နေသည့် ကိုဇော်ဦးရှိနေသည်။ ကိုဇော်ဦးက ထိုအမျိုးသမီးကို ခက်ခက်ခဲခဲ ရေတွင် ဒရွတ်ဆွဲပြီး ကြိုးစားကယ်တင်ပေးခဲ့သည်။
    မွေးရာပါ ခြေထောက်တဖက်မသန်သူ အသက် ၄၀ အရွယ် ကိုဇော်ဦး (ခ) ချက်ကြီးသည် ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက်၊ ပုဇွန်တောင်ချောင်းဘေးမေးတင်ထိုးတာသည့် တဲအိမ်ကလေးတွင် မိသားစုနှင့် နေထိုင်သည်။ အခြေခံလူတန်းစားများပီပီ ရုန်းကန်ရှာဖွေနေကြသူများဖြစ်ပေမယ့် စိတ်ဓာတ်က ရိုးသားဖြူစင်ကြသည်။
    ရေထဲမှာ ရုန်းကန်အသက်လုနေသည့် လူတယောက်ကို မြင်လိုက်ချိန်တွင် ကိုဇော်ဦးတယောက် ထွေထွေပြားပြား စဉ်းစားမေတော့ဘဲ စွန့်စားကယ်တင်ဖို့သာ ဆုံးဖြတ်လိုက်သည်။
    သူကယ်တင်ပေးခဲ့သည့် အမျိုးသမီးမှာ ဗိုလ်တထောင်မြို့နယ် ဂန္ဒီဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူနေပြီး သေကံမရောက် အသက်မပျောက်ခဲ့ပါချေ။

ความคิดเห็น •