ဆန်ရောင်းသူတွေကိုဖမ်းလို့ ဆန်စျေးကျမှာလား (ရုပ်/သံ)

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • ဆန်ရောင်းသူတွေကိုဖမ်းလို့ ဆန်စျေးကျမှာလား (ရုပ်/သံ)
    မိုးသောက်၊ ဇူလိုင် ၁ ၊ ၂၀၂၄
    ဆန်ကိုသတ်မှတ်နှုန်းထက် ပိုရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နာမည်ကျော် ကုန်တိုက်ကြီးလေးခုက တာဝန်ရှိသူတွေအပြင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၇ ဦးတို့ကို စစ်ကောင်စီကဖမ်းဆီးထားပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရအရေးယူသွားမယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
    အဲဒီအထဲမှာ City Mart ကုမ္မဏီအမှုဆောင် အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ Sein Gay Har အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ရဲ့ ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ ကာစာမက်ဆူ Kasamatsu တို့နဲ့ အတူ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ၇ ဦးကိုအရေးယူဖို့ရှိနေတာပါ။
    မြန်မာနိုင်ငံက ဆန်စပါးကို အဓိကစိုက်ပျိုးတဲ့နိုင်ငံတွေ စာရင်းထဲပါဝင်ပေမယ့် ပြည်တွင်းမှာ ဆန်ဈေးနှုန်းက အမြင့်ဆုံးအခြေအနေကို ရောက်ရှိ နေတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာဆန်ကုန်သည်အသင်းချုပ်အနေနဲ့ ဧရာဝတီပေါ်ဆန်းကို ၅၂၀၀၀ နဲ့ ၅၅၀၀၀ ကြားရောင်းချခဲ့ပေမယ့် အခုနောက်ဆုံးသတ်မှတ်ဈေးနှုန်းက ၁၁၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ သတ်မှတ်ထားတာပါ။ ဒီပမာဏကိုနှိုင်းယှဉ်ကြည့်ရင်ပဲ ဆန်ဈေးက ၅ သောင်းကျပ်အနည်းဆုံး ၂ နှစ်အတွင်း မြင့်တက်သွားခဲ့တာ သိသာထင်ရှားပါတယ်။
    ဒီပြဿနာကိုဖြေရှင်းဖို့အတွက် စစ်ကောင်စီက ဆန်ကုန်သည်အသင်းက တာဝန်ရှိသူအချို့ကိုဖမ်းဆီး စစ်ဆေးနေသလို အခုလို လက်လီရောင်းတဲ့သူတွေကို ထောင်သုံးနှစ်အနည်းဆုံးချနိုင်တဲ့ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာလာတာဖြစ်ပါတယ်။
    စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
    Support The Irrawaddy: bit.ly/3btQYpR

ความคิดเห็น • 54