Phuket Budget Travel | ဖူးခက် ကို စရိတ်သက်သက်သာသာ သွားကြစို့

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.พ. 2025
  • ဖူးခက် ဟာ ကမ္ဘာကျော်ကမ်းခြေမြို့ ဖြစ်တဲ့အားလျော်စွာ နှစ်စဉ် ခရီးသွား ၁၀ သန်းကျော် လာရောက်လည်ပတ်လေ့ရှိပြီး စရိတ်လည်း ကြီးတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ သုံးရင်သုံးသလောက် ကုန်ဖို့များသလို၊ ချွေတာပြီးသွားရင်လည်း ရတဲ့နေရာလို့ ဆိုနိုင်ပါတယ်။
    ဖူးခက် ဟာ ပင်လယ်ကမ်းခြေ သဘာဝအလှပဲ ရှိနေတာမျိုးမဟုတ်ဘဲ ပြောင်းရွှေ့အခြေချလာခဲ့ကြတဲ့ တရုတ်လူမျိုးတွေနဲ့အတူ ထိုင်း၊ မလေး၊ အိန္ဒိယ အပါအဝင် တိုင်းသားအချို့ရဲ့ သမိုင်းဆက်နွှယ်နေတဲ့နေရာလည်း ဖြစ်တာကြောင့် ပြတိုက်၊ မြို့ဟောင်း တို့နဲ့ စိတ်ဝင်စားစရာပြည့်နေတဲ့မြို့ဆိုလည်း မမှားပါဘူး။
    I Told Sunset About You ဆိုတဲ့ Boylove Series ကြောင့် လူငယ်ဆယ်ကျော်သက်များစွာရဲ့ စိတ်ဝင်စားခြင်းကို တဖန်ပြန်လည်ရရှိလာခဲ့ပြီး Series ရိုက်ကွင်းတွေဟာလည်း တခုတ်တရ သွားရောက်လည်ပတ်ကြရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
    ဖူးခက်ကို စရိတ်ချွေချွေတာတာ သွားမယ်ဆိုရင် ၃ ည ၂ ရက် တော့ အချိန်ပေးပြီး သွားကြရပါမယ်။ ကားစီးသွားကြမှာဖြစ်လို့ ကားပေါ်မှာ ၂ ညတာ နဲ့ ဟိုတယ် ၁ ညအိပ် အချိန်ယူရပါမယ်။ ဈေးနှုန်းအားဖြင့်တော့ -
    VIP ကားခ (အသွားအပြန်) - ၂၄၀၀ ဘတ် / တစ်ဦး (ညလယ်စာ အခမဲ့ပါဝင်)
    ဟိုတယ် တစ်ညအိပ် - ၁၂၀၀ ဘတ် / တစ်ခန်း (နှစ်ဦးခန်း၊ မနက်စာ မပါဝင်)
    Cruise စီးခ - ၁၄၀၀ ဘတ် / တစ်ဦး (ဖီဖီကျွန်းခရီးစဉ်၊ နေ့လည်စာဘူဖေးပါဝင်)
    မြို့တွင်းလည်ပတ်ကားခ - ၁၄၀၀ ဘတ် (လူ ၅ ဦး စီးနိုင်)
    အစားအသောက် - ၅၀၀ ဘတ်ခန့်
    အသီးသီး ကုန်ကျနိုင်ပါတယ်...
    အားလုံးပဲ အစဉ်ဘေးကင်း ကျန်းမာ စိတ်ရွှင်လန်းကြပါစေ...
    သီဟလုလင် (Thiha, the Traveller)

ความคิดเห็น •