အင်တာနက်ဆိုတာဘာလဲ? (What is the internet?)

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • www.k2kknowled...
    အားလုံးပဲမင်္ဂလာပါ။ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့တင်ဆက်မယ့် အကြောင်းအရာလေး ကျွန်တော်လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူငယ်ချင်းတစ်ယောက်နဲ့ ကော်ဖီသောက်ရင်း ပြောမိခဲ့တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ ကော်ဖီဆိုင်မှာ ဖုန်းဘေ ထည့်နေရင်း အင်တာနက် ဖိုးတွေစျေးကြီးတဲ့ အကြောင်းပြောကြရင်း အင်တာနက်ကို ဘယ်သူပိုင်သလဲဆိုတဲ့ ခေါင်းစဥ်ဘက်ကို ရောက်ရှိလာခဲ့ကြပါတယ်။ အဲ့ဒီမှာပဲ အင်တာနက်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာသိချင်သွားတာကြောင့် လေ့လာရင်းနဲ့ အသိတွေ တဖြည်းဖြည်းရလာခဲ့ပါတယ်။ အဲ့တော့ ဒီကနေ့ရဲ့ နည်းပညာကဏ္ဍ ကနေ မိတ်ဆွေတို့လည်း ဗဟုသုတ ရရှိစေဖို့အတွက် အင်တာနက်ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဥ်လေးကို ရွေးချယ်တင်ဆက်လိုက်ရပါတယ်။
    ထုံးစံအတိုင်း၊ ထုံးစံအတိုင်းဆိုတာ ကျွန်တော့်ဝါသနာအရပေါ့လေ။ စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးပြီး တင်ဆက်ပေးမှာမို့လို့ မိတ်ဆွေတို့ အဆုံးထိကြည့်ကြမယ်လို့ မျှော်လင့်မိပါတယ်။ Internet ဆိုတာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်ဗျ။ ၂၀ ရာစုနှစ်သည် ကမ္ဘာစစ်ကြီးတွေနဲ့ အတူ နိုင်ငံရေးအပြောင်းအလဲတွေအများကြီး ဖြစ်ခဲ့တဲ့နှစ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အဏုမြူဗုံး တီထွင် အသုံးပြုမှုနဲ့အတူ နိုင်ငံအသီးသီးရဲ့ စစ်ပွဲတွေအပေါ်အမြင်သည် အမျိုးမျိုး ဖြစ်လာခဲ့တယ်လို့ဆိုရမှာပါ။ ဒါကြောင့်ပဲ ၁၉၇၀ ကျော်ကာလမှာ အမေရိကန်တို့ဟာ ဒီအဏုမြူဗုံး တိုက်ပွဲတွေများဖြစ်ခဲ့ရင် အဆက်အသွယ်ပြတ်မသွားအောင်လို့ ဆက်သွယ်ရေး နည်းလမ်းအသစ်တစ်ခုကို တီထွင်ဖို့ Project တစ်ခု စတင်ခဲ့ကြတယ်။ Project နာမည်ကတော့ ARPANET ပေါ့။ အရှည်ဆိုရင်တော့ Advanced Research Projects Agency Network ပေါ့။ အဓိပ္ပာယ်က အထူးသုတေသနအေဂျင်စီပရောဂျက် ကွန်ယက် ပေါ့။ ဒီပရောဂျက်လေးရဲ့ အဓိက ရည်ရွယ်ချက်က ခုနက ပြောခဲ့သလိုပဲ အကယ်၍ အဏုမြူဗုံး တိုက်ခိုက်မှုခံခဲ့ရရင် ဆက်လက်ပြီး ဆက်သွယ်လို့ရနေမယ့် ဆက်သွယ်ရေးနည်းလမ်းသစ်ကို ရှာဖွေကြဖို့အတွက်ပဲဖြစ်ပါတယ်။
    အဲ့ဒီကရလဒ်အနေနဲ့ ကျွန်တော်တို့တွေ အခု အသုံးပြုနေတဲ့ အင်တာနက်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အင်တာနက်ဆိုတာ ကွန်ပျူတာတွေကို ချိတ်ဆက်ထားတဲ့ ကွန်ယက် အကြီးကြီးတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးနားလည်တဲ့ မည်သည့် အဆက်အသွယ်ကို မဆို ပေးပို့ပြောဆို ဆက်သွယ်လို့ ရနိုင်တာဖြစ်ပါတယ်။ ဒီနေရာမှာ ဗဟုသုတအနေနဲ့ သတိပေးချင်တာက ကွန်ပျူတာဆိုတာ အိမ်မှာသုံးတဲ့ Laptop တို့ Desktop တို့လိုမျိုးဟာတွေကိုပဲ ကွန်ပျူတာခေါ်တာမဟုတ်ပါဘူး။ ကွန်ပျူတာလို့ခေါ်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက် ၄ ခုရှိပါတယ်။ အဲ့ဒါတွေက Input Store Process Output တို့ပဲဖြစ်ပါတယ်။ ဘယ်ပစ္စည်းမဆို သွင်းတဲ့ Input ရှိမယ် Store လုပ်ပေးမယ့် မှတ်ဉာဏ်ရှိမယ် Process လုပ်ပေးနိုင်မယ် ပြီးတော့နောက်ဆုံး output ထုတ်ပေးနိုင်မယ်ဆိုရင် ဒီပစ္စည်းကို ကွန်ပျူတာရယ်လို့ခေါ်နိုင်ပါတယ်။ ဥပမာ ကျွန်တော်တို့အသုံးပြုနေတဲ့ ဖုန်းတွေလိုပေါ့။
    အဲ့လို ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံး အဆက်အသွယ်လုပ်ရင် နားလည်စေနိုင်ဖို့အတွက် အချင်းချင်းသဘောတူထားတဲ့ သဘောတူချက်တွေကို Protocol တွေရယ်လို့ခေါ်ပါတယ်။ အရင်ကကျွန်တော် တင်ဆက်ထားတဲ့ Protocol တွေရှိပါတယ်။
    အင်တာနက် မှာအဓိကကျတဲ့ နောက်ထပ်အပိုင်းတစ်ခု ကတော့ ဒီကွန်ယက်တွေဖြစ်လာ အောင် ကွန်ပျူတာတွေကိုဘာတွေနဲ့ ချိတ်ဆက်ထားသလဲဆိုတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ချိတ်ဆက်နည်း (၃) မျိုး ရှိပါတယ်။

ความคิดเห็น • 7

  • @kaungmyatthu9954
    @kaungmyatthu9954 2 ปีที่แล้ว

    ဗဟုသုတအများကြီး ရပါတယ်ဗျာ။ ကျေးဇူးပါ။

  • @htaik3102
    @htaik3102 8 หลายเดือนก่อน

    နင်တာနက်ကို ဘယ်သူပိုင်တာလည်း?

    • @k2kknowledgebank
      @k2kknowledgebank  8 หลายเดือนก่อน

      လျှပ်စစ်ကိုဘယ်သူပိုင်တာလဲဆိုတာနဲ့တူနေပါတယ်

  • @myanmarmusiccollection3365
    @myanmarmusiccollection3365 2 ปีที่แล้ว +1

    Eng လိုပီအောင်ပြောပါကွာ

  • @Bigsmokging
    @Bigsmokging ปีที่แล้ว

    Kek network 😊