မဏိဇောတပတ္တမြားရတနာဂါထာတော်---------------------------------------
ฝัง
- เผยแพร่เมื่อ 5 ก.พ. 2025
- မဏိဇောတပတ္တမြားရတနာဂါထာတော်
---------------------------------------
ထိုဂါထာတော် (၄)ပုဒ်ကို နေ့စဉ်ရွတ်ဖတ် သရဇ္ဈယ်နေသော ပုဂ္ဂိုလ်များသည် ဣစ္ဆာသယ၊ လိုတရသော မဏိဇောတ ပတ္တမြားမျက်ရှင်ကို ရရှိထားသည်နှင့် အသွင်အလား သဏ္ဍာန်တူလှသောကြောင့် ထိုဂါထာတော်(၄)ပုဒ်ကို မဏိဇောတပတ္တမြား ရတနာဂါထာတော်ဟု ခေါ်တွင် ပါသည်။
နေ့စဉ်နံနက်အရုဏ်တက်ချိန်တွင်သော်လည်းကောင်း၊
ညဘက်အိပ်ခါနီးတွင်သော်လည်းကောင်း၊
#ဂါထာတော်တစ်ပုဒ်ခြင်းစီကို
(၂၇) ခေါက်စ်ီဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ရပါမည်။
ထိုပြင် ဂါထာတော် (၄)ပုဒ်ကို (၁၀၈)ခေါက်စေ့အောင်
ရွတ်ဖတ် သရဇ္ဈာယ်ရာ၌ တစ်ထိုင်တည်းနှင့်(ဝါ)ဣရိယာပုတ် တစ်ပါးတည်းနှင့်ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈာယ်ရမည်ကို အထူးသတိပြုပါလေ။
ထိုဂါထာ (၄)ပုဒ်၏ သတ္တိ-သိဒ္ဓိအစွမ်းမှာ ဂါထာတော်များကို ညွှန်ကြားထားသည့်အတိုင်း ရွတ်ဖက်သရဇ္ဈာယ်၍ (၉)ရက်မြောက်သောနေ့မှ စတင်၍ စီးပွားရေးများ အထူး အောင်မြင်တိုးတက်လာတော့၏။
စီးပွားရေးအထစ် အငေါ့များ ၊ အဖုအထစ်များ၊ အခက်အခဲများ ပြေလည်လာရ၏။ အဆင်ပြေလာရ၏။
လုပ်ချင်သည့် စီးပွားရေးအရောင်းအဝယ်လုပ်ငန်းမှန်သမျှ မ အောင်မြင်တာမရှိ၊ အဆင်မပြေတာမရှိ၊ မတိုးတက်တာ မရှိ၊ အခက်အခဲမရှိတော့ဘဲ ပျော်ပျော်ရွှင်ရွှင်ဝမ်းသာအားရ အံသြစွာတိုးတက် အဆင်ပြေလာပါလိမ့်မည်။
ကြိုက်သည့်ဆိုင်ဖွင့် ဘာ လုပ်ငန်းကိုပဲလုပ်လုပ် အကျိုးမပေးဘူးဆိုသည်မှာ မရှိနိုင်တော့ပေ။ ဂါထာတော်၏ တန်ခိုးစွမ်းအားကြောင့် အဆင်မပြေတာမရှိ အကျိုးမပေးဘူးဆိုတာမရှိ ငွေရေးကြေးရေးအခက်အခဲမရှိ၊
ငွေရေးကြေးရေး ဘေးကြပ်နံကြပ်မရှိ၊ ငွေရွှေရတနာ ဆုံးရှုံးမှုမရှိ အားလုံးပင် အောင်မြင်တိုးတက်ရတော့၏။
နှုတ်ပါးစပ်မှ စျေးခေါ်တိုင်းရ၏။ စျေးဆစ်တိုင်း ရလာတော့၏။ နှုတ်ဝစီမှ စီးပွားရေးနှင့်ပက်သက်၍ ပြောချင်ရာပြော၊ စိတ်ထဲ ရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊ စိတ်ထဲရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊ ပြောဆိုတိုင်းပြီးစီး၏ ပြောဆိုတိုင်း အောင်မြင်လာရ၏။ တောင်းတိုင်းလည်းရလာစေ၏။
စည်းစိမ်၊ ဥစ္စာ၊ ရတနာ၊ရွှေ၊ငွေ၊အိုးအိမ်၊တိုက်၊ခြံ၊ကားဤ (၉)ပါးသော ပစ္စည်းတို့သည် ဝင်လာမစဲ၊စည်းကားစွာတိုးတက် ဝင်ရောက်လာရကုန်၏။
ဂါထာတော်၏ တန်ခိုးအားကြောင့် မိမိတ်ို့၏ စီးပွားရေးအေ၇ာင်း အဝယ်လုပ်ငန်းများ၊ မိမိ၏စီးပွားရေး အလုပ်အကိုင်များ ကို နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီမစ စောင့်ရှောက်လာရကုန်၏၊
အိမ်တွင်းရေး၊ မိသားစု အေးအေးချမ်းချမ်းဖြစ်လာရကုန်၏။ အိမ်တွင်းရေး၊ မိသားစုအရေးဆူဆူပူပူမရှိနိုင်တော့ချေ၊ လက်အောက်ငယ်သား၊ အခိုင်းအစေ၊
ကျေးကျွန်၊ သားသမီး၊ မြေးမြစ်ကစ၍ ဆူဆူပူပူမရှိတော့ပဲ တည်ငြိမ်အေးချမ်းလာစေရတော့၏။
မိမိ၏ အိမ်တွင်းရေးအပေါ်၌လည်းကောင်း၊ မိမိ၏မိသားစု သားသမီးများအပေါ်၌လည်းကောင်း၊ မိမိ၏ စီးပွားရေးအလုပ်အကိုင် အရောင်းအဝယ်များ အပေါ်၌လည်းကောင်း စိတ်ချလာရတော့၏။ စိတ်တိုင်းကျလာရ
တော့၏။ အားရကျေနပ်လာရတော့၏။ အပူသောက၊ဗျာပါဒ၊ စိတ်ရှုပ်မှု၊စိတ်ဆင်းရဲမှု၊ မှန်သမျှမရှိနိုင်တော့ချေ။ မဖြစ်ပေါ်လာနိုင်တော့ပေ။ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အားရကျေနပ်စွာဖြင့် စိတ်ဆန္ဒအလိုကိုပြီးစီးအောင်မြင်စေရာ၏။
Credit
-