ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ ကူမင်းမှာ (၅) ကြိမ်မြောက် တွေ့ဆုံဆွေးနွေး

แชร์
ฝัง
  • เผยแพร่เมื่อ 14 พ.ค. 2024
  • တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ ကူမင်းမြို့မှာ စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေကို အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတို့ သီးသန့် တစ်ရက်ဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ (၄)ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်(TNLA-AA-MNDAA)တို့အကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါတယ်။
    အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ရခိုင်ပြည်နယ် မပါကြောင်း မတ်လ ၄ ရက်နေ့မှာ AA က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး AA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့ပါတယ်။ ယခု ဆွေးနွေးမှုအတွင်း (၄) ကြိမ်မြောက် ဆွေးနွေးပွဲမှာတုန်းက နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့တာတွေကို ထပ်ဆွေးနွေးမှာဖြစ်သလို၊ ရခိုင်ကစစ်ပွဲတွေ ဆက်ဖြစ်နေတာအတွက်လည်း သီးသန့်တစ်ရက် ဆွေးနွေးဖို့ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
    လက်ရှိမှာတော့ စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
    အခုတစ်ခေါက် (၅) ကြိမ်မြောက် ကူမင်းမြို့ ဟိုင်ဂင်ဟော်တယ်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဖက်က အရင်တောက်လျှောက်ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် မပါဝင်ဘဲ စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်နေတယ်လို့ သိရပါတယ်။
    AA ဘက်ကတော့ အရင်အတိုင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး၊ ကိုးကန့်ဘက်ကလည်း ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်ကာ၊ တအန်းဘက်ကတော့ ပုံမှန်တက်နေကျ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်အစား၊ မဟာမိတ် ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင် တက်ရောက်တယ်လို့ သိရပါတယ်။
    မေလ (၁၆ )ရက်နေ့ထိ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ယခုတစ်ခေါက် ဆွေးနွေးပွဲမှာ တရုတ်ဘက်အနေနဲ့ AA နဲ့ သီးသန့်ဆွေးနွေးပွဲကိုပါ အလေးထားလုပ်လာနိုင်ပုံ ရှိတယ်လို့လည်း နိုင်ငံရေးစစ်ရေး အကဲခတ်တွေက ဆိုကြပါတယ်။
    #Political News
    #MizzimaTV
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

ความคิดเห็น • 59

  • @daaung800
    @daaung800 20 วันที่ผ่านมา +11

    AA ဟာ
    သူ့မူ အတိုင်း
    ဆက်လက်ချီတက်တိုက်ပွဲဝင်နေ..
    အောင်မြင်ပါစေ AA❤

  • @Gtft-me8ml
    @Gtft-me8ml 20 วันที่ผ่านมา +9

    aaရယ်မင်းတို့ပြည်သူကိုပြန်ကြည့်အုန်းရဲဘော်တွေနဲရခိုင်ပြည်သူအသက်တွေကအပိုမပါဘူး​​သေသွားတဲသူတွေကိုပြန်ကြည့်စစ်ခွေးဘယ်လိုသတ်ပစ်နေတယ်ဆိုတာငါတို့လဲဗမာပဲစစ်ခွေးကိုလုံးမှမယုံးဘူးငါတို့ဗမာပြည်သူအသက်ကိုမကြည့်ချင်နေရခိုင်ပြည်သူသေသွားတဲအသက်တွေကိုပြန်ကြည့်စစ်ခွေးနဲဆွေနွေးအုန်မလာရခိုင်ပြည်သူတွေကလက်ခံမလာစစ်ခွေးကဒီလိုပဲအင်းအားနည်းရင်ငြိမ်ချမ်းရေလုပ်ပြမယ်သူတို့စစ်ခွေးအင်းအားများရင်မင်းတို့ကိုပြန်တိုတ်မယ်ကြည့်နေစစ်ခွေးတွေကိုဘယ်တော်မှမယုံးနဲ

    • @user-xs5gv1rr3l
      @user-xs5gv1rr3l 20 วันที่ผ่านมา +1

      သာလီစွ ယုန်ပါတယ် ဒီပြောဆိုချက် တရုပ်ဖီအားမှုးနဲ့ လုပ်ရင် ဘယ်တတ်နိုင်မလဲ

    • @SoeminHt
      @SoeminHt 20 วันที่ผ่านมา +1

      ကျွန်တော်တို့ရခိုင်တေလည်းအကို့စကားကိုယုံပါတေ

    • @seinbolwin8209
      @seinbolwin8209 20 วันที่ผ่านมา

      AA ARMY. ❤❤❤.
      AA တပ်တော်အနေနဲ့ အာရက္ခ ပြည်သူ
      တွေရဲ့အသက်တွေပေးဆပ်ထားရတာကိုမမေ့ပါနဲ့.ရခိုင်ပြည်သူလူထုရဲ့အသက်
      အိုးအိမ်ပိုင်ဆိုင်မှုတွေ ဘဝတွေ လူ့အခွင့်
      အရေးတွေဆုံးရှုံးနစ်နာထားရတာကိုသတိပြုသင့်ပါတယ်.စကစက စစ်ရှုံးနေလို့
      အလိမ်အညာနဲ့ ယုတ်မာပက်စက်တဲ့ဥာဏ်နဲ့ စစ်ကိုခနနား
      ပြီး ဒီကြားထဲမှာ အာရက္ခတပ်တော်နဲ
      ပတ်သက်ပြီးသူလုပ်စရာရှိတာပြင်ဆင်
      စရာရှိတာတွေကိုအားလုံးပြင်ဆင်အား
      ဖြည့်ပြီး နည်းလမ်းပေါင်းစုံသုံးပြီး
      အာရက္ခတပ်တော်ကိုပြန်တိုက်ယူမှာသေချာတယ်.ဒါကြောင့်စစ်ပန်းနေတဲ့စကစကို မဆွေးနွေးသင့်ဘူး.အနားမပေးသင့်
      ဘူး.။အာရက္ခတပ်တော်က ရခိုင်ပြည်
      နယ်ကို အလုံးစုံသိမ်းပိုက်နိုင်တော့မယ်
      ဆိုတာသိနေလို့ မိန်းမဥာဏ်ကြံလိုက်တာ
      ဘဲ.။စကစကို အမြစ်ပြတ်အောင်ဆက်
      လက်တိုက်ပွဲဝင်ဘို့တိုက်တွန်းအပ်ပါ
      သည်.အာရက္ခတပ်တော် AA တိုက်ပွဲ
      တိုင်းနိုင်ရမည်.

    • @kyawsoe6218
      @kyawsoe6218 19 วันที่ผ่านมา

      စကစ က သူ့ပထွေး တရုတ်ကို အားကိုးပြီး ဒီဆွေးနွေးပွဲကို မဖြစ်မနေလုပ်တာပဲ ကျောက်ဖြူမှာက တရုတ် ရေနက်ဆိပ်ကမ်းတို့ ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းတို့ရှိတော့ တရုတ်ကနေ ဖိအားပေး ခေါ်ဆွေးနွေးတယ်ဆိုတာတော့ ကျိန်းသေပဲ ဒီဆွေးနွေးပွဲမှာ တရုတ်ဖိအားပါရင်လဲ အလျှော့ မပေးသင့်ဘူး တိုက်စရာရှိတာ ဆက်တိုက်သင့်တယ် ရခိုင်တစ်ပြည်နယ်လုံး ရခါနီးမှ အပစ်ရပ်မယ်ဆိုရင်တော့ တော်တော် နစ်နာသွားမှာ

    • @user-ku6th7qs2q
      @user-ku6th7qs2q 19 วันที่ผ่านมา +1

      မိတ်ဆွေ အောင်ပွဲတခုရဖို့အတွက်အသက်တွေပေးဆပ်ရတာ ဓမ္မာဒါပါပဲလေ

  • @EverysimeEverysime-rr8se
    @EverysimeEverysime-rr8se 20 วันที่ผ่านมา +5

    စစ်ရှုံလိုက်တရုတ်ပြည်သွားညီနောင်သုံးဖွဲ့ခေါ်ကုံးပေးလိုက်😂တယ်ဟုပ်ပါလား

  • @seinbolwin8209
    @seinbolwin8209 20 วันที่ผ่านมา +3

    မြန်မာပြည်သူလူထုရဲ့ရန်သူတော်ကြီး တရုတ်ကို မြန်မာမြေပေါ်ခြေမချရန်
    ဝိုင်းဝန်းကာကွယ်ကြပါ.တရုတ်အလိုမရှိ.

  • @NaiNai-nn8dd
    @NaiNai-nn8dd 19 วันที่ผ่านมา +1

    ဆွေနည်မယ့်ဆိုရင်ရခိုင်ပြည်ကစစ်ကောင်စီကင့်နေမြေ ဖြစ်ဖိုလိုရေအကြောင်ပြောပါရေ

  • @user-wh6if5ur3o
    @user-wh6if5ur3o 19 วันที่ผ่านมา +1

    AA ခဗျ မရပ်လိုက်နဲ့နော် ရခိုင်တစ်ပြည်လုံးကို ရအောင် အကုန်သိမ်ပါဗျ တရုပ်ကိုအရေးမစိုက်ပါနဲ့ တရုပ်က ကျောက်ဖြူပါမှာကြောက်နေတာ နည်းနည့းမှ မရှော့လိုက်ပါနဲ့ဗျာ

  • @kaunglaynge5665
    @kaunglaynge5665 19 วันที่ผ่านมา +1

    အကြမ်းဖက်သမားဟာ အကြမ်းဖက်ဖို့ပဲ စိတ်ထဲရှိတယ်
    ပြောတုံး ဆိုတုံး ခဏ တော့နားမယ်

  • @KokoKoko-vt8ex
    @KokoKoko-vt8ex 18 วันที่ผ่านมา +1

    ရခိုင်ရေ စကစကိုယုံကြည်ရင်အလိမ်ခံရလိမ့်မယ်

  • @freemanmooremyanmar
    @freemanmooremyanmar 19 วันที่ผ่านมา +1

    ရန်သူကို ခဏပေးနားပီး အားယူအောင်တော့ မလုပ်မိပါစေနဲ့ ဆရာတို့ရေ...

  • @jatawp1
    @jatawp1 20 วันที่ผ่านมา

    🥰💪

  • @daaung800
    @daaung800 20 วันที่ผ่านมา +1

    ဆွေးနွေးရုံနဲ့
    အလုပ်မဖြစ်ဘူး
    100%%% ပြောရဲတယ် ။

  • @MoeGyi-pm6jc
    @MoeGyi-pm6jc 19 วันที่ผ่านมา

  • @nayayelin-nk4hc
    @nayayelin-nk4hc 20 วันที่ผ่านมา

    အပေးအယူ😮

  • @user-qi8fb4eo9j
    @user-qi8fb4eo9j 20 วันที่ผ่านมา

    ပျက်ပါစေ မအေါင်မှ

  • @thidarmoe5799
    @thidarmoe5799 20 วันที่ผ่านมา

    မြန်မာ့ စစ် အစိုးရ က စစ်မနှိင်ရင် တှေ့ ဆုံ ဆှေးပွီ

  • @KhineSoe-wx8gt
    @KhineSoe-wx8gt 18 วันที่ผ่านมา

    တရုတ်ပါသက်ဖိ ယင်ရိုးလုပ်ငန်းတွေးကိုနားလိုက်ရတာဘဲ

  • @AungThuPaing-sd9ne
    @AungThuPaing-sd9ne 19 วันที่ผ่านมา

    မအလ က အမျိုးမျိုး ကြံနေတာ ဒါပေမယ်သူဘယ်လိုမှလှည့်လို့မပါဘူး😂

  • @Liadouphen
    @Liadouphen 19 วันที่ผ่านมา

    ယခုချိန်ထိနစကနဲ့ဆွေးနွေးနေဆဲလား

  • @pyaephyoaung3673
    @pyaephyoaung3673 20 วันที่ผ่านมา

    မဆွေးနွေးဘဲ အပြီးတိုက်ပါ။ ပြည်သူတွေ ဒုက္ခကြီးလှပြီ

  • @ayehtoo9608
    @ayehtoo9608 20 วันที่ผ่านมา

    The end of the day who has suffering 😢 😕 😪 ?????

  • @Ahphye
    @Ahphye 20 วันที่ผ่านมา

    အဲ့ဒီ ဖက်မှာ ဆွေးနွေးပြီးအချိန်ဆွဲထား တာ ပြီးမှ ပြန်ဆော်မှာ 😂

  • @user-dx2tj4oh3f
    @user-dx2tj4oh3f 19 วันที่ผ่านมา

    ဒီလောက်ပေးဆပ်မှုတွေပေးပြီးမှလုံးဝဆွေးနွေးစရာမလိုဘူး?(မထူးတော့ဘူးတိုက်တော့?တယောက်ထဲကျန်တဲ့အထိဆက်တိုက်သွားရမည်ဒီခွေးတွေကို)?

  • @user-ri9pw5jg1f
    @user-ri9pw5jg1f 20 วันที่ผ่านมา

    ဆွေး​နွေးလို့မပြီး​တော့ဘူးလား😅😅😅

  • @ayehtoo9608
    @ayehtoo9608 20 วันที่ผ่านมา

    Brutal Burmese regime play the game devide and rules strategies between all ethnic revolution between Arakan, Kachin, Uwa, Tnla, karen, karenni and all various groups of PDf 😢😢😢

  • @coralboy5809
    @coralboy5809 20 วันที่ผ่านมา

    AA ကတော့ စကစ ရခိုင်က လုံးဝ ထွက်သွားမှ လက်ခံနိုင်တယ် မဟုတ်ရင် ဖြစ်လာမှာ မဟုတ်ဘူး တရုတ်ပါး ဖင်ခံပြီး သွားပြောရင်လည်း

  • @michellemoe4460
    @michellemoe4460 20 วันที่ผ่านมา

    စစ်တိုက်တမ်းကစားကြတာလား😅

  • @DawMyaMya-jd2yj
    @DawMyaMya-jd2yj 17 วันที่ผ่านมา

    တယုတ်တွေကAAအပါအဝင်တခြားအဖွဲပါခေါ်ပီးစခတွေအတွက်ဆွေးနွေးတယ်ြန်မာ့အရေးတွက်အမေရိကန်နဲ့အခးနိုင်ငံတွေကကူညီမယ်ဆိုတော့အာဏာနဲ့ပယ်ချတယ်တော်တော်လဲတရားကြဘို့ကောင်းတယ်နော်ခုလဲဒီကိစ္စဘူတိုအာဏာနဲ့ပယ်ချလို့မရဘူးလားသြဒါ့ကြောင့်လဲသူတို့ရဲ့,,,,,ကတယုတ်လိ့အမည်ရထားတာကိုး

  • @user-yr6ru2gx1i
    @user-yr6ru2gx1i 20 วันที่ผ่านมา

    သွားပြီသုံးဖော်တရုတ်ခိုင်းပတ်ဖြစ်သွားပြီ

  • @ZpMobile-ei7wc
    @ZpMobile-ei7wc 17 วันที่ผ่านมา

    မအလကို့ယူလို့မရလူယုမ်မာ

  • @sss___________283
    @sss___________283 20 วันที่ผ่านมา

    ကြိုသိပြီးသားပဲ 😁

  • @aunglwin9521
    @aunglwin9521 19 วันที่ผ่านมา

    ညာမနေနဲ့အပိုပဲ။အနှစ်ကဘာဆိုတာ ကာယကံရှင်တွေကိုယ်တိုင်တင်မကပြည်သူတရပ်လုံးသိနေကြပြီ။ငိုမနေနဲ့အပိုပဲ။

  • @user-ob7jm2rd2b
    @user-ob7jm2rd2b 19 วันที่ผ่านมา

    ဆွဲနဲစရာ မလိုတောဘူး ရခိုင်မာရှိတယ် မင်းအောင်လှိုင် ခွီးတွေခေါ်သွားလျုက်ရပြီ

  • @user-qy5gh1my5h
    @user-qy5gh1my5h 19 วันที่ผ่านมา

    ❤ ဘယ်လိုလဲ ဖာတန်းက ဖာခေါင်းစိုးဝင်း ရဲ့သား ဘိန်းစားသူခိုး အောင်ဇေယျ ကရင်တာလာပေါ့သောက်ပြီး ဒေါနတောင်မတက်နိုင်ဘဲ ရခိုင်ပြည်နယ်ကို အပို့ခံရကြပြန်လေပြီး ရခိုင့်တပ်တော်AA လက်ချက်နဲ့ မုန့်ဟင်းခါးစားကြရအုံးမယ်ထင်တယ်.... ပြည်သူလူထုတစ်ရပ်လုံးညီညွတ်ကြရင် ရဲစခန်းတွေကို ဓါတ်ဆီပုလင်း ဂျင်ဂလိ ဒူးလေး မြှား လောက်လေးခွတွေနဲ့ ဝိုင်းသိမ်းလို့ရတယ်နော်... ရဲစခန်းက သေနတ်လက်နက်တွေနဲ့ စစ်ခွေးတွေ မြို့ထဲဝင်လာပြီး စစ်သားစုဆောင်လာရင် ဝိုင်းဝန်းဆုံးမလို့ရတယ်.... လက်တစ်ဆုပ်စာ အာဏာရှင်အကြမ်းဖက်စစ်ခွေးတွေကို အရှိန်းဟုန်မြင့် တိုက်ခိုက်ချေမှုန်းကြ..... ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်

  • @parkkoing2584
    @parkkoing2584 19 วันที่ผ่านมา

    မြန်မာပြည်အရေး ဘာလိုတခြားနိုင်းငံမှာ သွားဆွေးနွေးရတာလဲ။ တရုတ်ပြောတော့ ပြည်တွင်းရေးဆို။ လီးပြည်တွင်းရေးလာ

  • @user-hl3ml6yy6d
    @user-hl3ml6yy6d 19 วันที่ผ่านมา +1

    သူပုန်ကို အမြစ်ဖြတ်စေခြင်တယ်....
    နောက်လဲ ပုန်ကန်နေမှာ အပြတ်ဆော်ပစ်ပါ....မီးစ ကျန်နေရင် လောင်နေမှာပဲ

    • @AungAung-jq9mw
      @AungAung-jq9mw 18 วันที่ผ่านมา

      ဟောင်နေလိုက်

    • @AungAung-jq9mw
      @AungAung-jq9mw 18 วันที่ผ่านมา

      ဟောင်နေလိုက်

  • @kosai4984
    @kosai4984 19 วันที่ผ่านมา

    လက်မခံ တရုတ်ကဗမာလူမျိုးေတွမလေစာတာလက်မခံနဲ

  • @komyo8026
    @komyo8026 20 วันที่ผ่านมา

    မျောက်သုံးကောင်ကမျောက်သုံးကောငိပါပဲ

    • @linhtikesan3608
      @linhtikesan3608 20 วันที่ผ่านมา +1

      မြောက်သုံးကောင်ဖင်ချတာခံရတော့ ဖအေတရုတ်ဆီအကူညီတောင်းနေရတယ်မလားစစ်ခွေးတွေ😂😂😂

    • @linhtikesan3608
      @linhtikesan3608 20 วันที่ผ่านมา

      @@user-xs5gv1rr3l ရှမ်းမြောက်တခွင်နဲ့ရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ထားတာမင်းပြောတဲ့မျောက်သုံးကောင်လေ့ မင်းအဘတရုတ်ဆီဖင်ခံပြီးနယ်မြေပြန်ပြန်တောင်းကြတာလေ့😂😂😂😂

    • @naylin7506
      @naylin7506 19 วันที่ผ่านมา

      မျောက်သုံးကောင် ခွေးဖင်ချထားတာ
      ငရုပ်သီးနဲ့ ထိုးသွင်းထားသလို ဖြစ်နေပြီ

  • @DawMyaMya-jd2yj
    @DawMyaMya-jd2yj 17 วันที่ผ่านมา

    တရုတ်နဲကဘာဆွေးနွေးစရာရှိလဲသူတို့ကအမျိုးယုတ်စခတွေဘက်ကနေဆွေးနွေးမှာသိသာနေတာသတိထားသူတို့ဘက်ပါသွားဘို့မစဥ်းစားလိုက်ပါနဲ့ကိုယ့်လူတွေသေတာသတိယပါ

  • @user-sl3on9su6v
    @user-sl3on9su6v 19 วันที่ผ่านมา

    စစ်ကောင်စီကညီနောင်သုံးဖွဲ့ပါးမှာစစ်ရှုံးလိုက် တရုတ်ပါးကိုပြီးလိုက်ညီနောင်သုံးဖွဲ့ပါးမှာအားရပါးရဖင်ကုံးခံလိုက်

  • @kosai4984
    @kosai4984 19 วันที่ผ่านมา

    မအလကအနိင်ကျင့်တုန်းတစ်မျိုးရှုံးတာတမျိုးအပြုတ်တိုက်မဘဲ

  • @utinswe0073
    @utinswe0073 20 วันที่ผ่านมา

    စောက်တရုတ်ကကြားကဝင်ရူတ်နေတယ်စစ်ခွေးတေကပြည်သူနှိပ်စက်နေတာကျတော့ဘာမှမပြောဘူးပြည်သူ့တော်လှန်ရေးတပ်ကိုကျတော့နည်းပေါင်စုံအနှောက်အရှပ်ပေးတယ်ဆွေူနေရင်စစ်ခွေးကလိုလားတယ်ရခိုင်ပြည်သူကခုမှမထူးဘူးမေအေရေဆက်ရှင်းပါသူတို့ရူံးရင်စောက်တရုတ်ကကြားဝင်မွှေနေတာလက်မခံနဲ့ပြည်သူတွေကဘာမှမထူးတော့ဘူးသေရင်သေဆက်တိုက်အေအေရေ