Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
    - ဖယ်ခုံမြို့က အကြမ်းဖက် စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက် မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း အစုလိုက် အပြုံလိုက် သေကုန်ကြ သလို ၊ ဖယ်ခုံ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာ ရုံးတွေအကုန်လုံးကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
    - အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀၀ ကျော် လက်နက်ချ အညံ့ခံပြီးနောက် "၀" ပြည်နယ်အစိုးရက ဟိုပန် နဲ့ ပန်လုံဒေသနှစ်ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဆီကနေ လွှဲပြောင်း ရယူပြီး တရားဝင် စတင်အုပ်ချုပ်နေပြီဖြစ်တယ်လို့ "၀" တပ်ဖွဲ့က တရားဝင် သတင်းထုတ် ပြန်လိုက်ပါတယ်။
    - ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်တွေ လုံး၀ မရှိတော့ပဲ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ လောက်ကိုင်မြို့ကို လာရောက် ဗုံးကျဲသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

ความคิดเห็น • 377