ဒီလိုပါပဲမေမေ - ယောနသံ

แชร์
ฝัง
  • เผยแพร่เมื่อ 21 ต.ค. 2024

ความคิดเห็น • 1

  • @Khin555
    @Khin555  3 หลายเดือนก่อน

    ဒီလိုပါပဲ ...မေမေ
    ရုန်းကန်လိုက် အဖြုန်းမြန်လိုက်
    အသားစားလိုက် သွားကြားညပ်လိုက်
    ထီထိုးလိုက် စိတ်ကူးယဉ်လိုက် နဲ့
    အဖျားတတ်လိုက် ဘုရားတရား တ လိုက်နဲ့။
    ဒီလိုပါပဲ မေမေ။
    တံခါးကို တကိုယ်စာလေးဟပြီး
    တလှည့်စီ အပြင်ထွက်တယ်
    တံခါးကို တကိုယ်စာလေးဟပြီး
    တစ်လှည့်စီ ပြန်ဝင်
    တိုးတိုးတိတ်တိတ် လေးငိုပြီး
    တိုးတိုးတိတ်တိတ်လေးပဲ ရယ်ကြရတယ်။
    ည အိပ်တန်းဝင်ရင်
    သိမ်းထားတဲ့ အိပ်မက်ရှည်ကို
    ဆက်မက်တယ်
    မနက် နိုးထလာတဲ့အခါ
    မက်လက်စ အိပ်မက်ရှည်ကို
    ပြန်ခေါက်သိမ်းတယ်။
    မိုးချုပ်တာနဲ့ ကိုယ့်ကိုယ်ကို
    သေချာစစ်ဆေးပြီး သော့ခတ်သိမ်းတယ်
    မိုးလင်းတာနဲ့ ကိုယ့်ကိုယ်ကို
    သေချာစိစစ်ပြီး အပြင်ကိုပြန်ထုတ်ပေးတယ် ဒီလိုပါပဲ မေမေ။
    မီးပွိုင့်တွေကို ကွေ့ရှောင်ပျံသန်းနေရဆဲ
    မီးစိမ်းကိုအလောတကြီး ဖြတ်ကူးနေရဆဲ
    မီးနီကို စိတ်မရှည်စွာ စောင့်ဆိုင်း‌နေရဆဲ
    မီးပွိုင့်ရောက်တိုင်း
    စိတ်ဟာ တာတို အပြေးသမားလို
    အလျှင်လို‌နေစမြဲ။
    မွေးနေ့ရောက်တိုင်း
    ရေနစ်နေတဲ့ ငါးတစ်ကောင်လို
    ကိုယ့်ကိုယ်ကိုယ် ရေကန်ထဲက ဆယ်ယူတယ်။
    "နင့်အသက်တစ်ခါကယ်
    ငါ့အသက် ဆယ်ခါပြန်ကယ်" ဆိုပြီး
    ကိုယ့်ကိုယ်ကိုယ် ရေကန်ထဲကို
    ပြန်လွှတ်ပေးလိုက်တယ်။
    အဆယ်ခံရတုန်းကလည်း ပျော်ရတယ်
    ပြန်လွတ်သွားရလို့လည်း ပျော်ရပြန်တယ်။
    ဒီလိုပါပဲ..မေမေ
    အသက်ရှင်စဉ်အချိန်လေးမှာ
    ကိုယ့်ကိုယ်ကိုယ်လည်း မကြာခဏ
    ကြံဖန်ပြီး ပျော်အောင်ထားရပါတယ်။
    စီးကရက်ကလည်း သောက်မြဲပဲ
    မီးခြစ်ကလည်း ပျောက်ဆဲပဲ။
    အဆင်မပြေ ဘူးလားဆို
    အဆင်မပြေပါဘူး မေမေ
    အဆင်ပြေရဲ့လား ဆိုလည်း
    အဆင်ပြေပါတယ် မေမေ.....
    #ယောနသံ