ဗိုလ်ကျော်သက် နဲ့ ဗိုလ်ဒါဘော ဟာ ဘယ်အလံအောက်မှာ တိုက်ပွဲဝင်နေကြတာလဲ ?

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • ဗိုလ်ကျော်သက် နဲ့ ဗိုလ်ဒါဘော ဟာ ဘယ်အလံအောက်မှာ တိုက်ပွဲဝင်နေကြတာလဲ ?
    ဗိုလ်ကျော်သက်ဟာလက်ရှိ KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၂၇ တပ်ခွဲ ၄ တပ်ခွဲမှူးဖြစ်ပြီး ကျားဖြူ စစ်ကြောင်း စစ်ကြောင်းမှူးတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေသလို ဗိုလ်ဒါဘော ကတော့ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ခွဲ ၂ ဒုတပ်ခွဲမှူးဖြစ်ပြီး ကော်ဘရာ(Cobra) စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး အဖြစ်တာဝန်ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်တာဝန်ခံ ဗဒိုစော တောနီးက DNA ကိုပြောပါတယ်။
    စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ လူငယ်တွေအများကြီး စစ်တာဝန်ထမ်းဖို့ရောက်ရှိလာတဲ့အချိန် စစ်ရေးလိုအပ်ချက် အရတပ်ရင်းတွေပြန်လည် ဖွဲ့စည်းပြီး ၂၀၂၁ စက်တင်ဘာလ ၁၃ ရက်နေ့မှာ KNLA တပ်ရင်း ၂၇ တပ်ခွဲမှူးအဖြစ် ဗိုလ်မှူးကျော်သက်က စတင်တာဝန်ထမ်းဆာင်နေတာလို့ ပြောပါတယ်။
    ဗိုလ်ဒါဘောကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ကော်သူလေး Army ဆိုပြီးဖော်ပြတာတချို့တွေ့နေ ရပြီး တကယ်တော့ KNLA မှာတာဝန်နဲ့ရာထူးပေးအပ်ခံထားရသူဖြစ်သလို KNLA Kawthoolei Armed Forces အဖွဲ့ဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
    လေးကေ့ကော်တိုက်ပွဲကာလ နောက်ပိုင်းမှာ ဗိုလ်ကျော်သက် နဲ့ ဗိုလ်ဒါဘောတို့ဟာ ထင်ရှားတဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ ဖြစ်လာကြတာပါ ။ လေးကော့ကော်ဒေသမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ထုတ်ရာမှာ PDF တွေကို ဦးဆောင်ကူညီမှု ပေးနိုင်ခဲ့ကြသူတွေအဖြစ် ကရင်ပြည်နယ်သာမက ၊ တနိုင်ငံလုံးက ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။

ความคิดเห็น • 59