လိပ်ပြာကူးထူးခြားသူများ - အကယ်ဒမီမြင့်မြင့်ခင် (ဇာတ်သိမ်းပိုင်း)

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • ညွန့်ဝင်းရဲ့ ပထမဆုံးကား မမထားနဲ့ အပါ အဲဒီကားမှာ ညွန့်ဝင်း သရုပ်ဆောင်တာ အရမ်းကြိုက်သလို
    ညွန့်ဝင်းရဲ့ Master Piece လို့ အန်တီဘေဘီပြောချင်တယ် ….
    မင်းသား ဇေယျ နဲ့ သြော်မိန်းမ ဇာတ်ကားရိုက်တော့ ပါးရိုက်တဲ့အခန်းမှာ လက်လွှဲမရိုက်ဘဲနဲ့ ပါးကိုတကယ်ရိုက်ထည့်လိုက်တာ..
    ကိုဇေယျကြီး ပါးစပ်ပိတ်မရဘဲ… ဟမ်း.. ဆိုပြီးဖြစ်သွားသေးတာ..
    အဲဒီလိုပဲ ဆရာအောင်လင်းက မင်းသား၊ ရန်ကုန်ဘဆွေက အဖေခန်းအနေနဲ့ပါဝင်တဲ့ ဗေဒါဆိုတဲ့ကားမှာလည်း
    ကိုအောင်လင်းကို ရိုက်ထည့်လိုက်တာ ပါးစပ်ထဲက ကွမ်းတွေတောင်ထွက်တာလေ…
    အန်တီဘေဘီကတော့ ကိုယ်က ရိုက်ရမယ်ဆိုလည်း တကယ်ရိုက်ထည့်လိုက်တယ်
    ကိုယ့်ကိုရိုက်မယ်ဆိုလည်း ငါ့ပါးကို တကယ်ရိုက်ဆိုပြီးပြောတာ…
    လွှဲပြီးရိုက်ရင် ဘယ်လိုလုပ် ပီပြင်မလဲ၊ တကယ်ရိုက်ထည့်လိုက်မှ Mood အပြည့်ရပြီး ပီပြင်မှာလေ…
    ပြီးတော့ မြဲတဲ့သစ္စာရိုက်တော့ မွေးဖွေးပြီးစ သွေးတက်ပြီးမောတဲ့အခန်းရိုက်တော့
    မမောလို့ဆိုပြီး ၃ပတ်လောက်ပတ်ပြေးခိုင်းပြီး တကယ်မောတဲ့ mood ရမှရိုက်ရတာ
    သေတ္တာရွက်တဲ့အခန်းမှာဆို ပီပြင်အောင်ဆိုပြီး ခဲလုံးတွေထည့်ပြီးရွက်ခိုင်းတာ ခေါင်းကို ပုသွားတာလေ..
    ဒီဘက်ခေတ်ရိုက်တာတွေမှာ သေတ္တာဆိုလည်း ဒီအတိုင်းပဲ ပေါ့ရွှတ်နေတာ ကြည့်လိုက်ရင်သိတယ်.
    ဘယ်လိုလုပ် Mood တွေပါတော့မလဲ….

ความคิดเห็น • 4

  • @user-xp1ng9rh3b
    @user-xp1ng9rh3b 25 วันที่ผ่านมา

    အံတီဘေဘီသမိုင်းလေးကချစ်ဖို့ကောင်းတယ်

  • @user-dk4xp6ns8m
    @user-dk4xp6ns8m 5 ปีที่แล้ว +1

    ပါးတကယ်ရိုက်တဲ့ ဖွားဖွား 😍😍😍

  • @TunTun-vo9cv
    @TunTun-vo9cv 5 ปีที่แล้ว

    ကြည့်ချင်တယ်ဗျာဒီဇာတ်ကားလေး

  • @yannaingko8538
    @yannaingko8538 4 ปีที่แล้ว

    ဆရာရန်ကုန်ဘဆွေနဲ့ဆရာအောင်လင်း တို့ရဲ့ " ဗေဒါ " ကိုကြည့်လို့ရမယ့်နေရာလေးသိနိုင်မလားခင်ဗျား။