လက်ဝှေ့ကြိုက်ရင် သင်ဂုဏ်ယူရမယ့်ပွဲ (Kyaw Swar Win vs Saw Min Min)

แชร์
ฝัง
  • เผยแพร่เมื่อ 10 ธ.ค. 2020
  • #Kyaw_Swar_Win #Saw_Min_Min #Mandalay_United #RoyalD_Shwethahtone
    လက်သီးထိုးရာမှာ စံပြလို့ပြောရမယ့် ကျော်စွာဝင်းဟာ စောမင်းမင်းရဲ့ လျှပ်တပြက်ရှိလှတဲ့ ဘယ်ဖြောင့်လက်သီးထိုးအားမှာ စစချင်းပဲ အငိုက်မိခဲ့ရပါတယ်။ ထိုးလိုက်တိုင်း တိကျတဲ့ အပေါ်အောက်တွဲလုံးတွေနဲ့ ကျော်စွာဝင်းရဲ့ အလှပဆုံးပြိုင်ဘက်တယောက်ကို ရွိုင်ရယ်ဒီ ရွှေသထုံက ဖော်ထုတ်လိုက်တာပါပဲ။ လက်နက်ပုန်းလို ဆောင်ယူလာတဲ့ ခေါင်းတလုံးကလည်း ဘယ်ချိန်ဘယ်လိုတိုက်သွားမှန်းမသိရအောင် ကျော်စွာဝင်းကို ထိမှန်ခဲ့ပါတယ်။ ပထမနှစ်ချီထိ ကြည့်အပြီးမှာပဲ ကျော်စွာဝင်းဆိုတဲ့လူငယ် နာမည်ကြီးဖို့ အရမ်းထိုက်တန်ပါလားလို့ မှတ်ချက်ပြုမိစေပြီလေ။ လက်သီးချင်းယှဉ်ထိုးဖို့ တစိုက်မတ်မတ် ရှေ့တိုးခဲ့ရာမှာ ပေးဆပ်လိုက်ရတဲ့ နာကျင်မှုတွေအပေါ် ကျော်စွာဝင်း အသဲကောင်းပြပုံက အံ့အားသင့်စရာတွေပါပဲ။ လက်သီးအစုံပြိုင်ထိုးဖို့ ရှေ့တိုးခဲ့ပေမယ့် လုပ်စရာရှိလုပ်ထည့်သွားပြီး ပြန်ဆုတ်သွားတဲ့ စောမင်းမင်းရဲ့ ဗျူဟာက အသဲချင်းထပ်မယ့်စိတ်နဲ့ ကျော်စွာဝင်းတွက် မချိတင်ကဲ ဖြစ်စရာပါပဲ။ အဆုတ်အတက် ဟန်ချက်ညီအောင် လှုပ်ရှားရင်း တိကျတဲ့ တိုင်မင်ကိုက် လက်သီးချိန်ဆသွားပုံက စောမင်းမင်းကို အထင်ကြီးမိစေပါတယ်။ ကျော်စွာဝင်းတယောက် တတိယချီရောက်တဲ့အထိ ဆိုင်ထိုးပြိုင်ထိုးမယ့် လက်သီးတွဲတွေ အားမကျတာဟာ စောမင်းမင်း ပြန်ထိဖို့ အကြောင်းပါပဲ။ ကျော်စွာဝင်း ကပ်လာတိုင်း မင်းမင်းရဲ့ ဘယ်တံတောင်အပင့်တွေက ကြောက်ဖို့လည်းကောင်း လှလည်းလှပါရဲ့။ လက်ချင်းယှက်ထားရာက ချက်ချင်းဖြုတ်ပြီး တံတောင်ရိုက်ထည့်သွားပုံတွေက​ ဒီပွဲကို ဒီလောက်ညွှန်းဖို့ လုံလောက်သွားပါတော့တယ်။ သုံးချီလောက်ထိ ထိုးခံရာက တိုက်စစ်ဖွင့်ခဲ့တဲ့ ကျော်စွာဝင်းအတွက် အခွင့်အရေးက လေးချီမြောက်ကစလို့ ပေးလိုက်ရပါပြီ။ ကျော်စွာဝင်းလောက် စောမင်းမင်း ထိထားရင် ရွှေသထုံသား ရပ်နေနိုင်ဦးမလားလို့လည်း တွေးမိစေပါတယ်။ ထိနေရာက လာသူငယ်ချင်း ထိုးစမ်းပါဆိုတဲ့ အမူအရာနှင့် ဟန်ပန်တွေဟာ စကားလုံးမပါဘဲ သွေးဆူစေခဲ့တဲ့ ဒီပွဲပါ။ မွန်ပြည်နယ်ကိုဆင်းလာပြီး ဘာမထီစိတ်ပြနေတဲ့ မန္တလေးလူငယ်က ပွဲဆူနေတဲ့ ပရိသတ်ကြီးနှင့်အတူ စင်ပေါ်မှာ လက်ရုံးတွေမြောက်ရင်း ကြွေးကြော်ပါတယ်။ ကြက်သီးထစရာ သတ္တိကောင်းသူတွေပေါ့။ လေးချီမြောက်မှာ လက်သီးချင်း တွဲလုံးချင်း ထိုးစစ်ပြိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ဒီနေရာမှာ တွေးမိစေတာတခုက ထိုးမယ့်လက်သီးဟာ ဂတ်လုံအောင် ပိတ်နေဖို့ အချိန်မရှိဘူးဆိုတာပါပဲ။ တကယ်ထိုးတဲ့မောင်တွေလို့ ရေးရပေမယ့် သတ်လုံးသတ်ကွက်စုံလင် ဘုံတခွင် တုန်ယင်သွားစေတဲ့ ပွဲပါပဲ။ ကျော်စွာဝင်း သွားကာ လွင့်ထွက်သွားပုံက ရိုးရာကဗျာတပုဒ်လို လှလှပပ ရှုစားနိုင်ပါပြီ။
    --------------(zawgyi)----------------------
    #Kyaw_Swar_Win #Saw_Min_Min #Mandalay_United #RoyalD_Shwethahtone
    လက္သီးထိုးရာမွာ စံျပလို႔ေျပာရမယ့္ ေက်ာ္စြာဝင္းဟာ ေစာမင္းမင္းရဲ့ လၽွပ္တျပက္ရွိလွတဲ့ ဘယ္ေျဖာင့္လက္သီးထိုးအားမွာ စစခ်င္းပဲ အငိုက္မိခဲ့ရပါတယ္။ ထိုးလိုက္တိုင္း တိက်တဲ့ အေပၚေအာက္တြဲလုံးေတြနဲ႔ ေက်ာ္စြာဝင္းရဲ့ အလွပဆုံးၿပိဳင္ဘက္တေယာက္ကို ရြိဳင္ရယ္ဒီ ေရႊသထုံက ေဖာ္ထုတ္လိုက္တာပါပဲ။ လက္နက္ပုန္းလို ေဆာင္ယူလာတဲ့ ေခါင္းတလုံးကလည္း ဘယ္ခ်ိန္ဘယ္လိုတိုက္သြားမွန္းမသိရေအာင္ ေက်ာ္စြာဝင္းကို ထိမွန္ခဲ့ပါတယ္။ ပထမႏွစ္ခ်ီထိ ၾကည့္အၿပီးမွာပဲ ေက်ာ္စြာဝင္းဆိုတဲ့လူငယ္ နာမည္ႀကီးဖို႔ အရမ္းထိုက္တန္ပါလားလို႔ မွတ္ခ်က္ျပဳမိေစၿပီေလ။ လက္သီးခ်င္းယွဥ္ထိုးဖို႔ တစိုက္မတ္မတ္ ေရွ႕တိုးခဲ့ရာမွာ ေပးဆပ္လိုက္ရတဲ့ နာက်င္မႈေတြအေပၚ ေက်ာ္စြာဝင္း အသဲေကာင္းျပပုံက အံ့အားသင့္စရာေတြပါပဲ။ လက္သီးအစုံၿပိဳင္ထိုးဖို႔ ေရွ႕တိုးခဲ့ေပမယ့္ လုပ္စရာရွိလုပ္ထည့္သြားၿပီး ျပန္ဆုတ္သြားတဲ့ ေစာမင္းမင္းရဲ့ ဗ်ဴဟာက အသဲခ်င္းထပ္မယ့္စိတ္နဲ႔ ေက်ာ္စြာဝင္းတြက္ မခ်ိတင္ကဲ ျဖစ္စရာပါပဲ။ အဆုတ္အတက္ ဟန္ခ်က္ညီေအာင္ လႈပ္ရွားရင္း တိက်တဲ့ တိုင္မင္ကိုက္ လက္သီးခ်ိန္ဆသြားပုံက ေစာမင္းမင္းကို အထင္ႀကီးမိေစပါတယ္။ ေက်ာ္စြာဝင္းတေယာက္ တတိယခ်ီေရာက္တဲ့အထိ ဆိုင္ထိုးၿပိဳင္ထိုးမယ့္ လက္သီးတြဲေတြ အားမက်တာဟာ ေစာမင္းမင္း ျပန္ထိဖို႔ အေၾကာင္းပါပဲ။ ေက်ာ္စြာဝင္း ကပ္လာတိုင္း မင္းမင္းရဲ့ ဘယ္တံေတာင္အပင့္ေတြက ေၾကာက္ဖို႔လည္းေကာင္း လွလည္းလွပါရဲ့။ လက္ခ်င္းယွက္ထားရာက ခ်က္ခ်င္းျဖဳတ္ၿပီး တံေတာင္ရိုက္ထည့္သြားပုံေတြက​ ဒီပြဲကို ဒီေလာက္ညႊန္းဖို႔ လုံေလာက္သြားပါေတာ့တယ္။ သုံးခ်ီေလာက္ထိ ထိုးခံရာက တိုက္စစ္ဖြင့္ခဲ့တဲ့ ေက်ာ္စြာဝင္းအတြက္ အခြင့္အေရးက ေလးခ်ီေျမာက္ကစလို႔ ေပးလိုက္ရပါၿပီ။ ေက်ာ္စြာဝင္းေလာက္ ေစာမင္းမင္း ထိထားရင္ ေရႊသထုံသား ရပ္ေနနိုင္ဦးမလားလို႔လည္း ေတြးမိေစပါတယ္။ ထိေနရာက လာသူငယ္ခ်င္း ထိုးစမ္းပါဆိုတဲ့ အမူအရာႏွင့္ ဟန္ပန္ေတြဟာ စကားလုံးမပါဘဲ ေသြးဆူေစခဲ့တဲ့ ဒီပြဲပါ။ မြန္ျပည္နယ္ကိုဆင္းလာၿပီး ဘာမထီစိတ္ျပေနတဲ့ မႏၲေလးလူငယ္က ပြဲဆူေနတဲ့ ပရိသတ္ႀကီးႏွင့္အတူ စင္ေပၚမွာ လက္႐ုံးေတြေျမာက္ရင္း ေႂကြးေၾကာ္ပါတယ္။ ၾကက္သီးထစရာ သတၱိေကာင္းသူေတြေပါ့။ ေလးခ်ီေျမာက္မွာ လက္သီးခ်င္း တြဲလုံးခ်င္း ထိုးစစ္ၿပိဳင္ဖို႔ အခြင့္အေရးေတြ ရခဲ့ပါေသးတယ္။ ဒီေနရာမွာ ေတြးမိေစတာတခုက ထိုးမယ့္လက္သီးဟာ ဂတ္လုံေအာင္ ပိတ္ေနဖို႔ အခ်ိန္မရွိဘူးဆိုတာပါပဲ။ တကယ္ထိုးတဲ့ေမာင္ေတြလို႔ ေရးရေပမယ့္ သတ္လုံးသတ္ကြက္စုံလင္ ဘုံတခြင္ တုန္ယင္သြားေစတဲ့ ပြဲပါပဲ။ ေက်ာ္စြာဝင္း သြားကာ လြင့္ထြက္သြားပုံက ရိုးရာကဗ်ာတပုဒ္လို လွလွပပ ရႈစားနိုင္ပါၿပီ။

ความคิดเห็น • 63

  • @sawko5337
    @sawko5337 ปีที่แล้ว +14

    ကျော်စွာဝင်းက ​ကောင်းတယ်
    လူကြိုက်လဲများတယ် ဆိုတာလက်ခံတယ် ဒါပေမယ့်စောမင်းမင်းကိုပိုကြိုက်တယ် မာဂုဏ်ကြီးပဲအားမကိုးပဲနည်းစနစ်ပိုင်းပါးနပ်မှု အချူပ်အပူးက ကျော်စွာဝင်းထက်သာတယ် MMAမှာသာ ပေးထိုးရင် စောမင်းမင်းဘက်က်ကနေ 100% ထည့်လောင်းလို့တောင်ရဲသေးတယ်။

  • @sawpoeice
    @sawpoeice 3 ปีที่แล้ว +19

    ကျော်စွာဝင်းအသဲကောင်းတဲ့ပွဲပါ လက်သီးချက်ပျင်းတယ် လွဲတာများတယ်...စောမင်းမင်း လက်သီးကတော့ ထိုးလိုက်တိုင်းထိတာများတယ် ပါးရည်နပ်ရည်ရှိတယ် တံတောင်သုံးကစားတတ်တာကိုက တပန်းသာနေပါတယ်..မြန်မာ့လက်ဝှေ့ရဲ့စည်းမျဉ်းအရ ပြိုင်ဖက်ကိုကြိုက်သလိုတိုက်ခိုက်နိုင်ပေမယ့် အတော်များများကလက်သီးအားကိုးနဲ့ပဲကစားကြတာများပါတယ် မာတာချင်းတူရင်တောင် ပညာများတဲ့သူပိုသာပါတယ်...

  • @user-xf1nl7zs3w
    @user-xf1nl7zs3w 4 หลายเดือนก่อน +2

    Saw Minn Minn fighting better

  • @Hanthuhtun123
    @Hanthuhtun123 ปีที่แล้ว +2

    စောမင်းမင်းအရမ်းကောင်းတယ်
    ကြိုက်တယ်

  • @MgMg-kt8vs
    @MgMg-kt8vs ปีที่แล้ว +1

    ကျေါ်စါ့ဝင်းကိုကြိုက်ပါတယ်။။

  • @cyclosgubi
    @cyclosgubi 3 หลายเดือนก่อน

    saw min min နည်းစနစ်သေသပ်တယ် မာဂုဏ်နဲ့ သက်လုံ ဖြည့်လိုက်ရင်ပိုကောင်းသွားမယ် ကောင်းတယ် စောင့်ကြည့်ရမဲ့ ဘဲကြီး

  • @wunnamyint2895
    @wunnamyint2895 3 ปีที่แล้ว

    Very good fight. Thank you for this video bro

  • @minthihanainglay243
    @minthihanainglay243 ปีที่แล้ว +2

    စောမင်းမင်း ခြေကန်ချက်မပါတာတောင်
    ကစ၀ မျက်နာစုပ်ပြတ်နေတာ
    High kickသာပါ၇င်
    မလွယ်ဘူး

  • @myatra2767
    @myatra2767 3 ปีที่แล้ว

    ကြိုက်တယ် ဟေ့ ။

  • @user-yj3bc7sw3j
    @user-yj3bc7sw3j 4 หลายเดือนก่อน +1

    ကျော်စွာဝင်လို စောမင်းမင်းရှင်ထိုးရင် တတိယအချီ အများဆုံး 4ချီမှာ စောမင်းမင်းရှုံးတယ်

  • @user-dw4ej1rh5o
    @user-dw4ej1rh5o 3 ปีที่แล้ว +3

    ေက်ာ္စြာဝင္းႀကိဳက္တယ္

  • @patriciajin6206
    @patriciajin6206 ปีที่แล้ว +1

    7:04 Kyaw Swar Win mouth piece flew off and he continued fighting lmao

  • @sawlovekarensaw6688
    @sawlovekarensaw6688 3 ปีที่แล้ว +1

    ေစာမင္းျကိုက္

  • @shaptue6235
    @shaptue6235 2 ปีที่แล้ว

    Very good

  • @goodman181
    @goodman181 2 ปีที่แล้ว

    GOOD

  • @theinlay3598
    @theinlay3598 ปีที่แล้ว

    Saw min minေတာ္တယ္

  • @saikyawsein4914
    @saikyawsein4914 ปีที่แล้ว

    👍👍👍

  • @sociallypatterneddefect9580
    @sociallypatterneddefect9580 3 ปีที่แล้ว +1

    Those dudes are tough.. Nice headbutts!

  • @lionalthargyi8111
    @lionalthargyi8111 3 ปีที่แล้ว

    ေဆးတယ္ေကာင္းပါလား

  • @minnthura.3976
    @minnthura.3976 ปีที่แล้ว +3

    စောမင်းမင်းလည်းမဆိုးပါဘူး ဒါပေမယ့် ကျော်စွာဝင်းလောက် မာဂုဏ်မမြင့်ဘူး ကျော်စွာဝင်းခံနိုင်ရည်ပိုရှိတယ်

  • @OOkyaw-qs7xm
    @OOkyaw-qs7xm 6 หลายเดือนก่อน

    စောမင်းမင်းက ချေတဲလက်တံ အရပ်မောင်းသာပါတယ်

  • @user-hl2fs6pg2k
    @user-hl2fs6pg2k 9 หลายเดือนก่อน

    ပညာေကာင္းတယ္ အျပါက သက္လုံနဲ့ခံနိုင္ရည္ကြာသြားတာ

  • @Naymin-nh8cb
    @Naymin-nh8cb 3 ปีที่แล้ว

    ေစာ္မင္္းမင္းပိုလက္ရည္သာေနတယ္

  • @panthee3615
    @panthee3615 2 ปีที่แล้ว

    လက္ေဝွ႔ပြဲမွာေၾကာ္ျငာလံုးဝ လံုးဝ မထည့္ပါနဲ႔။မိုက္ရိုင္းလြန္းတယ္ကြာ။မင္းတို႔ေၾကာ္ျငာကိုလံုးဝမၾကည့္ခ်င္ဘူးကြ လူ႕မိုက္ရိုင္းတို႔ရဲ႔။

  • @sawmoo4999
    @sawmoo4999 3 ปีที่แล้ว +2

    Good . ဘယ်တုန်းကပွဲလဲ

  • @user-tz1gw3sg8r
    @user-tz1gw3sg8r 8 หลายเดือนก่อน

    နေထူထူ.လက်ဝှေ့စေခေါ်ပွဲ.2023

  • @UsanThein-er2tm
    @UsanThein-er2tm 3 หลายเดือนก่อน

    ကျော်စွာဝင်း..သက်လုံအလွန်ကောင်း
    စောမင်းမင်း..ပညာကောင်း
    သ​ရေရလာဒ်က.. အမှန်

  • @justminn3293
    @justminn3293 ปีที่แล้ว +1

    ကျော်စွာဝင်းတံတောင်သုံးတတ်ရင်စောမင်းမင်းမှောက်ပြီ

  • @winhte7833
    @winhte7833 2 ปีที่แล้ว

    ေက်ာ္စြာဝင္းကြ

  • @OOkyaw-qs7xm
    @OOkyaw-qs7xm 6 หลายเดือนก่อน

    မီးပွင့်မတတ် ထိုးနေတာတောင်
    ခုံဒိုင်က ထိုးထိုးထိုး ချည်းပဲဟေ့
    ကစားနေတာက လူတွေလေ

  • @utinsoe217
    @utinsoe217 8 หลายเดือนก่อน +1

    ကျော်စွာဝင်းလက်သီးချက်အသံမထည့်တာအားမရဘူး၊ထူးးခြားတယ်။😮

    • @happyboypeacemaker
      @happyboypeacemaker 4 หลายเดือนก่อน

      မျက်နှာလိုက်တဲ့တင်ပြချက်ပါ ကျော်စွာဝင်ကဖိထိုးနေတာ တဖက်လူကိုအားပါတဲ့လက်သီးချက်တွေချည်းပဲထိတာပါ

  • @sawtharthar2735
    @sawtharthar2735 ปีที่แล้ว +1

    မာဂုဏ်က ကျော်စွာ/🥰ပညာက မင်းမင်း✅🤗

  • @winbo7278
    @winbo7278 2 ปีที่แล้ว

    ပြဿနာရှိနိုင်ချေရှိပါတယ်
    ဆိုပီးပွဲစလိုက်တယ် ညိုကြီးနဲ့ပွဲရယ် ကျားပေါက်နဲ့ပွဲနဲ့ယှဉ်ကြည့်လိုက်တယ်

  • @theinlay3598
    @theinlay3598 ปีที่แล้ว

    ပညာလိုေသးတယ္

  • @naingwin4367
    @naingwin4367 ปีที่แล้ว

    ကျော်စွာဝင်းတံတောင်၊မသုံး၊ခေါင်းတိုက်အားနည်း

  • @user-he8bt1cg9d
    @user-he8bt1cg9d ปีที่แล้ว +1

    ဒီလိုထိုးေပါက္မ်ိဳးနဲ႔ေသြးသစ္ကိုယွဥ္လို႔မရဘူးကိုယ့လူေရ

  • @thawdarlay3929
    @thawdarlay3929 3 ปีที่แล้ว

    ႏွစ္ေယာက္ စလုံး ေကာင္းတယ္
    ႏွစ္ေယာက္စလုံး တံေတာင္း
    ေတြ သုံး ေစခ်င္တယ္

  • @zawminzawminlwin487
    @zawminzawminlwin487 8 หลายเดือนก่อน

    ကျော်စွာဝင်းမာဂုဏ်မြင့်ပေမဲ့ရေရှည်အတွက်မကောင်းဘူးလို့ထင်မိတယ်ဗျ.

  • @destnote8663
    @destnote8663 3 ปีที่แล้ว +1

    ကျောစွာဝင်းရေအရမ်းကြိုက်တယ်

  • @kobobo1031
    @kobobo1031 22 วันที่ผ่านมา

    စောမင်းမင်းက ပညာတော်တော်ကောင်းတာဘဲ

  • @kyawthu2570
    @kyawthu2570 ปีที่แล้ว

    Saw Min Min Finght Up Bruce Lee"s

  • @kyawthu2570
    @kyawthu2570 ปีที่แล้ว

    လက်သီးထိုးချက်တွေက ပျော့များပျော့နေသလားတော့မသိ တစ်ယောက်မှလဲကျသွားတာမြင်ရဘူး
    ခြေကန်ချက်ပြင်းပြင်းသုံးပြီး ဝိုက်ကစ်နဲ့ကစ်မှရမယ် စောမင်းမင်းနဲ့ကျော်စွာဝင်းတို့ရေး ခြေကန်ချက်တွေအသုံးပြုနိူင်အောင်ကျွမ်းကျွမ်းကျင်ကျင်လေ့ကျင့်ထားဖို့ နှစ်ဦးစလုံးလိုပါလိမ့်မယ်လို့ အကြုံပြုတိုက်တွန်းပါရစေ...

  • @MaMa-sz8sp
    @MaMa-sz8sp 2 ปีที่แล้ว

    အဲ့လုိေတြေၾကာင့္ ထုိင္းေတြနဲ႔ေတြ႔ရင္ ကြဲေနရတာ သက္သီးနဲ႔ပဲထုိးတယ္ ေျခေထာက္မွမသုံးတာ
    ္ျမန္မာျပည္မွာ ေျခေထာက္သုံးတာဆုိလုိ႔ ထြန္းထြန္းမင္းတစ္ေယာက္ပဲေတြ႔တယ္ က်န္တဲ့သူေတြက ေျခေထာက္မသုံးၾကတာ
    ေအာက္ေျခမွမျဖဳိတာ

  • @thurainoo-on3ng
    @thurainoo-on3ng 3 ปีที่แล้ว

    ခြေကန်များများလေ့ကျင့်ရမယ်

  • @utunthein2606
    @utunthein2606 2 ปีที่แล้ว

    သက်လုံကောင်းတယ်လက်သီးတွေကထိုးတာအားနဲတယ်
    ခံနိုင်ရည်ရှိတယ်

  • @phyokyaw2128
    @phyokyaw2128 ปีที่แล้ว +1

    စောမင်းမင်မိုက်တယ်ဟေ

    • @MgMg-kt8vs
      @MgMg-kt8vs ปีที่แล้ว

      လက်ဝေု့ကိုကြိုက်ပါတယ်အါးပေးပါတယ်။။

  • @kolatt681
    @kolatt681 10 หลายเดือนก่อน

    စမမ က လက်ဖမ်းဂေါင်းတိုက်တာ ယှဥ်မထိုးဘဲ ဖက်တတ်တာပညာခေါ်မလားဘဲ

  • @kyawthu2570
    @kyawthu2570 ปีที่แล้ว

    ရန်နိူင်ထွန်းVကေျာ်စွာဝင်းပွဲတည်ပေးပါ

  • @laylay8311
    @laylay8311 ปีที่แล้ว +1

    စောမင်းမင်းပို ြကိုက်
    သက်လိုကောင်းရင် ကျောစွာဝင်း
    ရှုံးနိုင်တယ်

  • @user-tz1gw3sg8r
    @user-tz1gw3sg8r 8 หลายเดือนก่อน

    လက်ဝှေ့.နေထူထူ

  • @meself408
    @meself408 7 หลายเดือนก่อน

    ကမူး႐ူွးထိုး ေက်ာ္စြာဝင္းႀကီး
    မ်က္နာကေတာ့ ေစာမင္းမင္းထက္ စုတ္ျပတ္သတ္ေနတာပဲ

  • @theinlay3598
    @theinlay3598 ปีที่แล้ว

    ဗိုက္ကိုထိုး မ်က္ႏွာကို၅ခ်က္ဆိုဗိုက္ကို၁၀ခ်က္ထိုးဟအဲ႕ဒါမွာႏုိင္မွာဟမွတ္ထားႀကဟလက္ေဝွ႔သမားမ်ားရ

  • @Sawnaymin.Kayin.
    @Sawnaymin.Kayin. 4 หลายเดือนก่อน

    စောမင်းမင်းလက်သီးထိုးပေါက်ပြင်းအောင်ပိုလေ့ကျင့်ပါခြေကန်ချက်လဲကျင့်ပါ

  • @OoNaing-ji1cv
    @OoNaing-ji1cv หลายเดือนก่อน

    အမှတ်ပေးစနစ်နဲ့ဆိုစောမင်းမင်းနိုင်တာပေါ့

  • @bzzvzv
    @bzzvzv 15 วันที่ผ่านมา

    စောမင်းမင်ကြိုးစားပါအောင့်မြင်မှာပါ

  • @lethwei835
    @lethwei835 ปีที่แล้ว

    ufcကပိုကောင်းတယ်ufကကောနာသာရောက်လာရင်းoneကဝိတ်တန်သုံးခုချန်ပီရံတောင်ဖြစ်တယ်

  • @good.goodvo6849
    @good.goodvo6849 3 ปีที่แล้ว +1

    ကောင်တယ်နှစ်ယောက်စလုံး