မြန်မာ့ထမင်းဝိုင်းယဉ်ကျေးမှုများ

แชร์
ฝัง
  • เผยแพร่เมื่อ 18 มิ.ย. 2024
  • #ထမင်းဝိုင်း#လူထုဒေါ်အမာ#table manners
    ထမင်းခူးခပ်ပြီး ထမင်းဝိုင်းဝင်ကြရင်
    စားပွဲပေါ် ခပ်တင်ထားတဲ့ ဟင်းခွက်ကို
    ကိုယ်ခပ်ချင်သလို ခပ်လို့မရဘူး။
    ထမင်းဝိုင်းထဲက အသက်ကြီးဆုံးလူကို ဦးချပြီးမှ
    ကိုယ့်အတွက် ခပ်ရတယ်။ ဦးချတယ်ဆိုတာ
    လက်နှစ်ဖက်နဲ့ ရှိခိုးလိုက်တာ မဟုတ်ဘူး။
    ပန်းကန်ထဲက ဟင်းကလေးကို ဦးဦးဖျားဖျား ခပ်ယူပြီး အကြီးဆုံးလူရဲ့ ပန်းကန်ထဲကို လေးလေးစားစား
    ထည့်ပေးလိုက်တာကို ပြောတာပါ။
    ထမင်းပွဲမှာ ဟင်းခပ်ရင် ညာလက်နဲ့ မခပ်နဲ့၊
    ဘယ်လက်နဲ့ ခပ်၊ ကိုယ့်ညာလက်က ဟင်းပေနေတာတဲ့။ ပြီးတော့ ထမင်းထဲ ဟင်းရည်ဆမ်းပြီး
    နယ် ဖတ် စားချင်ရင်လည်း နယ်ပါ ဖတ်ပါ။
    ဒါပေမယ့် လက်ချောင်းတွေမှာ
    ဟင်းလူးထားတဲ့ ထမင်းလုံးတွေ ကပ်နေရဲ့နဲ့
    ထမင်းမစားနဲ့။ အဲဒီလက်က ထမင်းလုံး
    ကိုယ့်လက် ချောင်းတွေနဲ့ ဖယ်ရှားပြီးမှ စားတဲ့။
    ဟင်းရည်သောက်ရင်လည်း ရှူးရှူးနဲ့ မသောက်ရဘူး
    ဟင်းရည်သောက်တာ အသံမမြည်စေနဲ့၊
    အသံမြည်ရင် ရိုင်းတယ်တဲ့။
    ပြီးတော့ ထမင်းစားတဲ့အခါမှာလည်း ပြပ်ပြပ် နဲ့
    မမြည်စေနဲ့။ ခွေးစားတာ သောက်တာကမှ တပြပ်ပြပ် မြည်တာ၊ လူစားတာက အသံမမြည်အောင်စား၊
    အသံ မြည်ရင် ရိုင်းတယ်တဲ့။
    ထမင်းဖြစ်ဖြစ် ဟင်းဖြစ်ဖြစ် ထည့်ရင် ကုန်နိုင်ရုံပဲထည့်၊ ထမင်းပန်းကန်ထဲက ထမင်းဟာများနေတယ်၊
    ငါကုန်မှာမဟုတ်ဘူးလို့ ထင်ရင် ထမင်းဇလုံထဲ
    ပြန်ကဲ့ထည့်၊ စားတဲ့အခါမှာလည်း ပန်းကန်ထဲ
    ဟင်းကျန် ထမင်းကျန်တွေနဲ့ အပြီးမသတ်နဲ့။
    ကိုယ့် ပန်းကန်ထဲရှိတာ ကုန်အောင်စားသွား။
    ဒါမှ သိမ်းဆည်းရတဲ့ လူက စိတ်ချမ်းသာတယ်
    ကိုယ်ပဲ ဆေးရ ကြောရမှာ ဖြစ်ရင်လည်း
    အကုန်စားထားတဲ့ ပန်းကန်ကို ဆေးရတာ
    ကောင်းတယ်တဲ့။
    ထမင်းစားပြီး ရေသောက်ရင်လည်း အသံမမြည်စေနဲ့၊ တချို့က တဂွပ်ဂွပ်နဲ့ သောက်တတ်တယ်တဲ့။
    လူကြီးတွေက ဒီလို စောင့်ပြောနေတာ နားထောင်တော့ ကိုယ်လည်း စားရာ သောက်ရာမှာ သပ်သပ်ရပ်ရပ် စားတတ် သောက်တတ်သွားတာပေါ့တဲ့။
    အဲဒါတွေက တို့ Table Manners တွေပါပဲတဲ့။
  • บันเทิง

ความคิดเห็น •