မြန်မာပေါကားတွေ ရပ် (Teaser)

แชร์
ฝัง
  • เผยแพร่เมื่อ 11 ม.ค. 2020
  • မြန်မာပေါကားတွေ ရပ်
    မြန်မာ ရုပ်ရှင် လောက က အနုပညာရှင် တွေ အနေနဲ့ အနုပညာ ဟာ ဘဝ ရပ်တည်ချက်တခုပါပဲ။ အနုပညာရှင်တွေဟာ ပရိတ်သတ် ချစ်စေမယ့်၊ သဘောကျစေမယ့် ကားတွေပဲ ရိုက်ချင်တာပါ။ မင်းသား၊ မင်းသမီးလိုပဲ ဇာတ်ပို့ ၊ ဇာတ်ရံတွေ၊ လူရွှင်တော် ၊ လူကြမ်းတွေလည်း ပရိတ်သတ် အချစ်ကို ခံချင်ကြတာပါပဲ။
    တခါတလေ ရွေးချယ်ရမှုတွေက ချောင်ပိတ်နေတတ်ပါတယ်။ ဝမ်းစာ အရရော၊ အနုပညာ အရပါ အခြေနေကြောင့် လုပ်ခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီအတွက် ပရိတ်သတ်တွေ ဆဲတာ ဆိုတာ ခံရတဲ့ အခါ အနုပညာရှင် တစ်ယောက် အနေနဲ့ သိပ်ကို ခံစားရပါတယ်။
    ပေါကားတွေရပ် လို့ ပရိတ်သတ်က အော်သလို အနုပညာရှင်တွေကလည်း အပြီအပြင် လုပ်ခွင့်ရတာမျိုး ပရိတ်သတ်ကြိုက်တဲ့ ကားမျိုးပဲ ရွေးချယ်ချင်ပါတယ်။
    တခြားဝမ်းစာ မရှာဘဲ ဒီလောကမှာပဲ ကျင်လည်နေသူတွေ အတွက် ပြန်စဉ်းစားပေးရတဲ့ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေမှာလည်း ဒီအခက်အခဲ ကြုံရပါတယ်။
    ပေါကားတွေရပ် ဆိုတဲ့ အချိန်ကစလို့ မြန်မာကားတိုင်းပေါကားနီးပါး အပြောခံရတာ တော်တော်ဆိုးပါတယ်။ အနုပညာရှင်တိုင်း ပရိတ်သတ် ချစ်ခင်အားပေးတာကို လိုချင်ကြတာပါ။
    ပေါမဟုတ်ပဲ ဟာသ ကားတွေကို လည်း လက်ခံအားပေးစေချင်ပါတယ်။ ၂၀၁၇ မှာရိုက်ခဲ့တဲ့ "မြန်မာပေါကားတွေရပ်" က ဟာသကားပါ။ အပြင်မှာ အော်နေကြတဲ့ မြန်မာပေါကားတွေရပ် လို့ ဆိုတဲ့အချိန် အနုပညာ လောက မှာ သရုပ်ဆောင်တွေ စိတ်ဝမ်းကွဲပြီး စကားများကြ၊ တစ်ယောက်တစ်ယောက် အမြင်စောင်းပြီး အနုပညာလောက နှစ်ခြမ်းကွဲ တာကို ဟာသ ရောပြီး ရိုက်ကူးထားတာပါ။
    ဒိဇာတ်ကားရဲ့ ထူးခြားချက်က ဇာတ်ပို့ဇာတ်ရံတွေကို ဇာတ်ဆောင်နေရာတင်ပြီး တကယ့်သရုပ်ဆောင်တွေကို ဇာတ်ရံ အနေနဲ့ ပါဝင်စေခဲ့တာပါ။
    ဟာသကားအဖြစ် ရယ်မောစရာ ဖြစ်အောင် ကြိုးစားထားတာမို့ လာရောက်အားပေးစေချင်ပါတယ်။
    UKZ Film Production မိသားစု
    "မြန်မာပေါကားတွေရပ်"
    #မြန်မာပေါကားတွေရပ်

ความคิดเห็น •