#EPSစာမေးပွဲအမှတ်နှင့်

แชร์
ฝัง
  • เผยแพร่เมื่อ 22 มิ.ย. 2023
  • မင်္ဂလာပါခင်ဗျာ။
    ဒီနေ့တော့ EPS စနစ်မှာ စာမေးပွဲ‌ဖြေဆိုတဲ့အခါ
    လုပ်ငန်းနယ်ပယ်အလိုက် ဖြတ်မှတ်များ မြင့်တက်လာခြင်းနှင့်
    ကိုရီးယား လုပ်ငန်းရှင်မှ အလုပ်ခေါ်ရာတွင် လုပ်‌ဆောင်ရသည့်
    လုပ်ငန်းစဥ်များကို ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။
    အချက်အလက်အများစုကို EPS website နှင့် HRD Korea website တို့မှ ရှာဖွေထားပြီး ၊ ကျနော့်ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေပါ ထည့်သွင်း မျှဝေပေးထားမို့ လိုအပ်ချက်တွေ
    ရှိကောင်းရှိနိုင်ပါတယ်။ ကျနော့်ကို လာမေးထားတဲ့ E-7-S2 ဗီဇာနဲ့ပတ်သက်တဲ့ ဗီဒီယိုကိုတော့ နောက်အပတ်မှာ မျှဝေပေးပါမယ်။
    မိတ်ဆွေအားလုံး အလုပ်အကိုင် အဆင်ပြေကြပါစေ။
    #epskorea #poea #ကိုရီးယားအလုပ်အကိုင် #ပြည်ပအလုပ်အကိုင် #EPSစာမေးပွဲအမှတ်
    #အလုပ်ခေါ်စာ #ckkrsharing

ความคิดเห็น • 95

  • @user-gz5uv3gj4y
    @user-gz5uv3gj4y ปีที่แล้ว +1

    ကျေးဇူးပါအားပေးနေပါတယ်

  • @Kosoe-db2xh
    @Kosoe-db2xh 9 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်အကို

  • @minmindoon46
    @minmindoon46 11 หลายเดือนก่อน

    Thank.❤❤❤

  • @koaung5381
    @koaung5381 11 หลายเดือนก่อน

    အခုလိုးတ်ရှည်သေချာဖြေဆိုပေးတဲ့ အကိုရေ ကျေးဇူးပါဗျ 🎉❤🎉

  • @kaungmyat7986
    @kaungmyat7986 10 หลายเดือนก่อน +1

    ဆရာရေမျက်စီကcolour brindကိုမြင်ရင်ရလားဗျ အဝေးမူန်ဖြစ်နေလို့ပါသင်တန်းတက်သင့်မတက်သင့်စဉ်းစားနေလို့ပါ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน +2

      ကာလာ အရောငိတော့ ခွဲခြားနိုင်တယ်မို့လားဗျ။
      အဖြူ၊အနီ၊အပြာ၊အဝါ၊အစိမ်း စသဖြင့် အရောင်တွေကို မှန်ကန်အောင် မြင်ရရင် အဆင်ပြေပါတယ်။။သာမန် အဝေးမှုန် ၊ မျက်မှန်တပ်တဲ့ သူ၊ ပါဝါရှိတဲ့ သူတွေလည်း သွားလို့ရပါတယ်။ အရောင် မှန်ကန်အောင် မခွဲခြားနိုင်ရင်တော့ မရပါဘူးညီ။ ကာလာဘလိုင်းစစ်ကြည့်ပါ။ အဝေးမှုန် သပ်သပ်ဆို ရတယ်နော်

  • @user-te1su8ci9g
    @user-te1su8ci9g 11 หลายเดือนก่อน +3

    အကို ကျနော်ကအခု အသက်၁၇နစ်ပါဗျ.တကယ်လို့ ကျနော်က အသက်၁၈နစ်နဲ့စာမေးပွဲ အောင်ထားပြီး ကိုရီးယား သူဌေးဘက်က အလုပ်ခေါ်တဲ့အခါမာ အရမ်းငယ်သေးလို့ cancel တာမျိုးရှိနိုင်လားဗျ. အဲ့တာလေး သိချင်လို့ပါအကို...

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 หลายเดือนก่อน

      ရပါတယ်ညီ။ သူဌေးတွေက ‌တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ သဘောကျတဲ့သူက ခေါ်ကို ခေါ်မှာပါ။ စိတ်အရမ်းမပူပါနဲ့

    • @YeKo-ym3ze
      @YeKo-ym3ze 7 หลายเดือนก่อน

      အကိုကွန်မက်က ကိုယ်နုပ်ရလားအကို

  • @KaungphyazanLin
    @KaungphyazanLin หลายเดือนก่อน

    ကောလင့်ရှိလားသိခြင်ရင်ဘယ်မှာကြည်ရတာလဲ
    ရှင်းပြပေးပါအုံး

  • @Jixk-polka
    @Jixk-polka หลายเดือนก่อน

    တတ်တူးထိုးထားရင်ကော အဆင်ပြေလားဗျ

  • @user-xg9dn9lh1d
    @user-xg9dn9lh1d 5 หลายเดือนก่อน +1

    ဒီနှစ်ဆောက်လုပ်ရေး အမှတ် ဖြတ်များနိုင်လားခဗျ ခေါ်ဆိုမှာရောနည်းလား ဆရာ ဆောရ်လုပ်ရေးဖြေချင်လို့ ဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  5 หลายเดือนก่อน

      ဖြေဆိုသူများရင် အမှတ်ဖြတ်တာ များနိုင်ပါတယ်။ ခေါ်တာတော့ ကုန်ထုတ်ထက် နည်းပါတယ်။ ကုန်ထုတ်ကို ဖြေကြည့်ပါလား။ ဆောက်လုပ်ရေး ဖြေချင်လည်း ဖြေလို့ရပါတယ်။။မေးခွန်းဟောင်းနဲ့ လုပ်ငန်းခွင်သုံး မီးနင်းတွေ သေချာ လေ့ကျင့်ပါ။

  • @user-kt2ko1fw8i
    @user-kt2ko1fw8i 5 หลายเดือนก่อน

    which job get alot salary?

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  5 หลายเดือนก่อน +1

      Mostly the basic salary is the same in all fields that included manufacturing, construction and agriculture industries. The difference between salaries depend on the overtime fee. If you do many overtime , you can get a lot of overtime fee.

  • @Liam12595
    @Liam12595 ปีที่แล้ว +1

    ကုန်ထုတ်အမြင့်ဆုံးဖြတ်နိုင်ချေ အမှတ်က ဘယ်လောက်လဲbro

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +2

      နှစ်တစ်နှစိရဲ့ ဖြေတဲ့ လူဦးရေ ပေါ်မှာ မူတည်ပါတယ်ဗျ။ နှစ်တိုင်း 160 နဲ့ အထက်တော့ ဖြတါမယ်ထင်တာပဲဗျ

  • @AKM-il6fg
    @AKM-il6fg 11 หลายเดือนก่อน

    မျက်လုံးကအဝေးမှုန်ပါတယ်ဗျ သွားဖို့အခွင့်အလမ်းရနိုင်လောက်လား bro😔

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 หลายเดือนก่อน

      အဝေးမှုန်ရင် ပါဝါမျက်မှန်တပ်ပြီး သွားလို့ရပါတယ်။။ ကာလာဘလိုင်းမဟုတ်သရွေ့ အခွင့်အရေးရှိပါတယ်

  • @sawshwesan2478
    @sawshwesan2478 ปีที่แล้ว +1

    2024မှာရော စာမေးပွဲရိှမှာလား သိချင်ပါတယ်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +3

      ရှိနိုင်မယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။။

  • @kogyikyaw989
    @kogyikyaw989 ปีที่แล้ว +5

    အသက် 30 နှစ်ကျော်ဆို ခေါ်ယူနိုင်ခံခွင့် က ကျန်တဲ့ 30 နှစ်အောက်တွေထက် အခွင့်အရေး နည်းတဲ့ သဘောတရားမျိူး ရှိလား ခင်ဗျာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +9

      အဲ့လိုမဟုတ်ပါဘူးဗျ။ ကံတရားနဲ့ ဆိုင်တာပါ။
      အသက်ကြီးကြီး ငယ်ငယ် ခေါ်ချင်တဲ့သူက ခေါ်တာပါပဲဗျ။

    • @kogyikyaw989
      @kogyikyaw989 ปีที่แล้ว +1

      ဟုတ် ကျေးဇူးပါ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      @@kogyikyaw989 😃

    • @HtunNaing-pk7xo
      @HtunNaing-pk7xo 11 หลายเดือนก่อน

      မရှိပါဘူး

  • @user-vi3sp6dt9u
    @user-vi3sp6dt9u 8 หลายเดือนก่อน

    IT jobs နဲ့ဆိုရင်ရော ခေါ်လားရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 หลายเดือนก่อน

      မခေါ်ပါဘူးဗျ။ IT နဲ့ဆို ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာပဲ ခေါ်တာတွေ့ရပါတယ်။ LinkedIn ကနေ visa sponsorship ပေးတဲ့ လုပ်ငန်းတွေ ရှာကြည့်ပါဗျ။

  • @koaung4260
    @koaung4260 ปีที่แล้ว

    ဘယ်သင်တန်းတက်ရမလဲ
    ဘာတွေလိုအပ်လဲ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      လိုအပ်ချက်တွေကို ရှေ့ video တွေမှာ ပြောပြထားပါတယါ။
      Playlist မှာလည်း တင်ပေးထားဆယ်ဗျ။
      သင်တန်းကတော့ ရွေးစရာများပါတယ်။
      ရန်ကုန်နဲ့ မန္တလေးဆိုရင်တော့
      Sudar Korean Language Center ရှိပါတယ်ဗျ။

  • @user-vy7fb9gz9k
    @user-vy7fb9gz9k 11 หลายเดือนก่อน +1

    အစ်ကိုရေ သင်တန်းမတက်ခင် ဆေးစစ်တာ အကုန်ကောင်းပေးမယ့် အဆုပ်မှာ spot ရှိဘို့ မရဘူးပြောတယ် TB ဆေးသောက်ခဲ့လို့ ပျောက်သွားတော့ အမာရွတ်လေး ကျန်ခဲ့တာပါ spot ရှိရင်ကို မရတာလား ဖြေပေးပါနော်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 หลายเดือนก่อน

      လုံးလုံး မရတာ မဟုတ်ပါ ညီ။ spot သေးရင် ရနိုင်ပါတယ်။ ကြယ်ကိုးပွင့်ဆေးခန်းက လမ်းညွှန်ပေးတဲ့ အဆုတ် အထူးကု ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ လိုအပ်ရင် ဆေးသောက်ပြီး ပြန်စစ်ကြည့်လို့ရနိုင်ပါတယ်။

    • @user-vy7fb9gz9k
      @user-vy7fb9gz9k 11 หลายเดือนก่อน

      @@ckkrsharingkoreamyanmar ဟုတ်ကဲ့ပါ

  • @zinzin-ud1iq
    @zinzin-ud1iq ปีที่แล้ว

    စိုက်ပျိုး မွေးမြူနဲ့သွားရင် မြန်လားဗျ ထမင်းရောကြွေးလညး ၃ နပ်


      စိုက်ပျိုးရေးဆို ကိုရီးယား ထမင်းဟင်း တစ်ချို့အလုပ်ရှင်တွေက တစ်နပ်တော့ ကျွေးပါတယ်။ မကျွေးတာတွေလည်း ရှိတယ်။။ ၃ နပ်ကျွေးတဲ့ အလုပ်က ကုန်ထုတ်ဘက်မှာတော့ ရှိပါတယ်။ ပမာဏတော့ မများဘူးပေါ့။

  • @paythawhlaing5118
    @paythawhlaing5118 9 หลายเดือนก่อน

    စလုံးနဲကကြီးဘာရွေးသင့်လဲဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  9 หลายเดือนก่อน

      ကကြီးကိုရွေးသင့်တယ်လို့ မြင်မိပါတယ်

  • @user-vi7qx3ci4k
    @user-vi7qx3ci4k 10 หลายเดือนก่อน

    အကိုရေ ကိုရီးယားကိုရောက်တာနဲ့ အလုပ်ကတန်းရတာလား အကိုရေ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน +1

      မဟုတ်ဘူးညီ။ သက်ဆိုင်ရာ သတ်မှတ်ချက် ကိုက်ညီပြီး ၊စာ‌မေးပွဲအောင်ပြီး ၊ အလုပ်ခေါ်စာ ရမှ ကိုရီးယားကို သွားလို့ရနိုင်တယိ။ ဒီတိုင်း သွားရုံနဲ့ မရဘူးညီ။ eps စနစ်အကြောင်း အရင်ဖတ်ကြည့်ပါ။ အကိုတင်ပေးထားပါတယ်

  • @JHope-fl6xr
    @JHope-fl6xr ปีที่แล้ว

    Epsက ၁၀တန်း​အောင်မှ​​ဖြေလို့ရတာလားရှင့် ဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      Eps စနစ်က အတန်းပညာ အရည်အချင်း မလိုပါဘူးဗျ။
      အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်တဲ့ ယောက်ျားလေးတွေ သွားလုပ်လို့ရပါတယ်။ ကိုရီးယားစာ သင်ပြီး စာမေးပွဲအောင် အောင် ဖြေဖို့လိုပါတယ်ဗျ။

  • @nikkeinaungyoe8875
    @nikkeinaungyoe8875 10 หลายเดือนก่อน

    ကျွန်တော် ကအသက်19နှစ်ကျော်ပါပြီစစ်ကိုင်းတိုင်းကဘာခုမှစလျောက်ချင်လို့ပါလမ်းညွန်ပေးပါအုန်းနော်2024စာမေးပွဲဖြေမယ့်လလေးသိချင်ပါတယ်အစ်ကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน

      ညီ အရင်ဆုံး ရန်ကုန် သို့မဟုတ် မန္တလေးကို သွားပါ။
      ဆေးစစ်ဖို့ လိုပါတယ်။
      မှတ်ပုံတငိယူသွားပါ။
      နိုင်ငံကူးလကိမှတ် လုပ်တဲ့အခါ လိုပါလိမ့်မယ်။
      ဆေးအောင်ရင် သင်တန်းတကိပါ။
      သင်တန်းကြေးက ၃သိန်း ခွဲ ဝန်းကျင်ရှိပါတယ်။
      ကြာချိန်က ၁ နှစ်ကနေ ၂နှစ် ကြာနိုင်ပါတယ်။
      စာမေးပွဲဖြေမဲ့လကို မသိရသေးပါညီ။
      လိုအပ်တာတွေ ပြင်ဆငိပြီး
      ဆေးကို အရင်စစ်စေချင်ပါတယ်။
      ငွေကုန်ကြေးကျ အရမ်းများမှာ စိုးလို့
      ဘာသင်တန်းမှ မတက်ခင်
      ဆေးကို စစ်ကြည့်ပါ။
      ဆေးအောင်မှ ကျန်တာ ဆက်လုပ်လို့ရမယ်ညီ

  • @user-cq6tg6np5i
    @user-cq6tg6np5i 11 หลายเดือนก่อน

    ဆောက်လုပ်ရေးအမှတ်ဘယ်‌ေလာက်ဖြတ်တာလဲ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 หลายเดือนก่อน +1

      စာမေးပွဲဖြေတဲ့ လူဉီးရေ များရင် အမှတ်မြင့်တယ်။ နည်းရင် အမှတ်နည်းတယ်။ နိုင်ငံတကာမှာတော့ ဖြတ်မှတိ 80

  • @myatmoelwin2632
    @myatmoelwin2632 ปีที่แล้ว

    အခုကနေ သင်တန်း တက်လို့ eps အောင်ပြီးရင် ဘယ်လောက် အထိ ဖောင်တင်ထားလို့ရနိုင်မလဲဗျ..
    တစ်ချို့တွေ ပြောတာ က eps စာမေးပွဲ အောင်ပြီးလို့ 2နှစ်အတွင်း..မှ ခေါ်စာမကျရင် ပြန်ဖြေရတယ် ကြားမိလို့
    အဲ့တာ အမှန်ပဲ လား အစ်ကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +1

      ဖောင်သက်တမ်းက 2 နှစ်ပါ ညီ။ covid တုန်းကတော့ စောင့်ရတာ ကြာလို့ သက်တမ်း 1 နှစ်ထပ်တိုးပေးတယ်။။ ပုံမှန်ပြန်ခေါ်နေပြီဆိုတော့ သက်တမ်းတိုးရမယ် မထင်ဘူး။ သက်တမ်း။2 နှစ်အတွင်း အလုပ်ခေါ်စာ မကျရင် ပြန်ဖြေရမှာပါ။

  • @user-tf5kp8dg4q
    @user-tf5kp8dg4q ปีที่แล้ว +1

    မြန်မာအမျိုးသမီးတွေအတွက် အခွင့်အရေးမပေးတာ အရမ်းစိတ်မကောင်းဖြစ်မိတယ် ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ချင်တယ်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      အခွင့်အရေးပေါ်လာ‌ပါစေလို့ မျှော်လင့်ရမှာပဲဗျာ။

    • @user-rl2rk5mi9e
      @user-rl2rk5mi9e 11 หลายเดือนก่อน

      တူတူဘဲ sis​ရေ တ​နေ့တ​နေ့eps ကိုဘဲ ​မျော်လင့်မိတယ် မဖြစ်နိုင်မှန်းသိသိကြီးနဲ့
      😭အထက်ကို ​ပြောပြပြီး ဆန်ဒဝိုင်းပြကြရင်​ရော မရနိုင်ဘူးလား

  • @chanlay5293
    @chanlay5293 10 หลายเดือนก่อน

    အကိုရေ စာတွေအရမ်းလုပ်ရပီး
    စာမေးပွဲမှာ မေးခွန်းတွေကရော အရမ်းများလားဗျ
    သွားဖို့ အရမ်း moti ဝင်နေလို့ပါ
    မအောင်မှာလဲ ဆိုးလို့ပါ တချက်လောက်ပြောပြပေးပါအုံး
    ကျွန်တော်အိမ်နားက ‌ကောင်လေးလဲ စာမေးပွဲ အောင်ပီး အခုချိန်ထိ မသွားရသေးဘူး အဲ့ဒါကရော ဘာကြောင့်လဲ အကို 🙏

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน +1

      စာကိုနေ့စဉ်ပုံမှန် လိုက်လုပိသွားရင် စာမေးပွဲအောင်ပါတယ်ဗျ။ မေးခွန်းက မခက်ပါဘူး ၊ မေးခွန်းသေချာဖတ်ပြီး အဖြေကို သေချာရွေးရင် ရပါတယ်။ စာမေးပွဲအောင်ပြီး မသွားရသေးတာက အလုပ်ခေါ်စာ မကျသေးလို့ပါ။ အလုပိခေါ်စာကျမှ သွားလို့ရတာပါ။ အလုပ်ခေါ်စာ ကျဖို့ဆိုတာ ကံနဲ့လည်း ဆိုင်ပါတယ်။

    • @TecnoAungkokomin
      @TecnoAungkokomin 2 หลายเดือนก่อน

      အကို ကိုရီးယားမှာအဆက်အသွယ်ရှိလို့သူကလှမ်းခေါ်ရင်ရောရလားဗျ

  • @kyawzinyso
    @kyawzinyso ปีที่แล้ว +2

    အရပ်ရယ် ကိုယ်အလေးချိန်ရယ်
    ကြည့်ပြီးခေါ်လားဗျာပျမ်းမျှလေးပြောပေးပါ့အုန်းနော်😟

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +1

      အရပ်ရယ်၊ ကိုယ်အလေးချိန်က တသမတ်တည်း မကန့်သတ်ထားဘူး‌ဗျ။ အရပ်ပုပု ရှည်ရှည်၊ ပေါင် 100 ပြည့်ပြည့်၊ မပြည့်ပြည့် အလုပ်ခေါ်ကြပါတယ်ဗျ။ အဲ့အတွက် စိတ်မပူပါနဲ့ဗျ

  • @naymyohtun981
    @naymyohtun981 ปีที่แล้ว +1

    မျက်မှန်သမားတွေ မခေါ်ဖူးလား😢

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +1

      မျက်မှန်သမားတွေခေါ်ပါတယ်ဗျ။

    • @naymyohtun981
      @naymyohtun981 ปีที่แล้ว

      @@ckkrsharingkoreamyanmar ကျေးဇူးပါ အကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +1

      @@naymyohtun981 ရပါတယ် ညီရေ။ ဆေးအောင်ရင် ကိုရီးယားစာ စ သင်လို့ ရပါပြီ။ ဆေးစစ်တဲ့အခါ သိသင့်သိထိုက်တာလေးတွေလည်း မျှဝေပေးထားတာရှိပါတယ် ။ ဆေးအောင်ပါစေ

  • @hanwinhtet1234
    @hanwinhtet1234 11 หลายเดือนก่อน

    စကားနည်းနည်းထစ်နေရောbroရေတက်ချင်တာအဲ့တာစိုးရိမ်နေတာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 หลายเดือนก่อน

      အဆင်ပြေပါတယ်။ များများပြောကြည့်ပါ။ ထစ်လည်း မကြောက်ပါနဲ့။ ဇာတ်ကားတွေကြည့်ပြီး လိုက်ပြော လိုက်လေ့ကျင့်ပါ။ ကိုရီးယားသီချင်းတွေ လိုက်ဆိုပါ

  • @user-pz6zx7yh5l
    @user-pz6zx7yh5l 10 หลายเดือนก่อน

    မသိလို့ပါအကိုကိုရီယားရောက်ရင်ရောအလုပ်ပြန်ပြောင်လို့ရလားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน

      ကိုရီးယားရောက်ရင် ပြည်နယ်တူထဲမှာ
      အလုပ် ၃ ခါပြောင်းလို့ရတယ်ညီ။

  • @joeone9712
    @joeone9712 2 หลายเดือนก่อน

  • @jamesbuffalo133
    @jamesbuffalo133 ปีที่แล้ว +1

    အရစ်ကျငွေကဘယ်လောက်အထိရသလဲသိချင်ပါတယ်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      အရစ်ကျငွေ ဆိုတာ သင်တန်းကြေးအတွက် မေးတာလားဗျ
      ပုံမှန် သင်တန်းတွေမှာ အရစ်ကျ သုံးခါ ခွဲသွင်းလို့ရပါတယ်။
      ချေးငွေဆို‌ရင်တော့ ကိုရီးယားသွားခါနီး ဘဏ်နဲ့ချိတ်ဆကိပြီး ချေး‌လို့ရပါတယ်

    • @kolatt-tr6ho
      @kolatt-tr6ho 4 หลายเดือนก่อน

      အကိုအသက်40ကျော်ခေါလား

  • @KhinMya-ri5xc
    @KhinMya-ri5xc ปีที่แล้ว

    အသက်40ဆိုရင်ကိုရီးယားအလုပ်လုပ်လို့ရပါသေးလား

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      အသက် ၄၀ က မရပါဘူးဗျ။ 😔

    • @lawkaanddamma5774
      @lawkaanddamma5774 10 หลายเดือนก่อน +1

      အသက်လျှော့သွားဟေ့....ဒုက္ခပဲ ခေါင်းလေးဘာလေးသုံးဟ

  • @user-fj6sx2bo1d
    @user-fj6sx2bo1d 9 หลายเดือนก่อน

    2024နှစ်အစလောက်မှစတက်မှဖြစ်တဲ့အတွက်notiလေးပေးပါအုံးဗျ😢

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  9 หลายเดือนก่อน +1

      စာမေးပွဲသတင်းကြားရရင် တင်ပေးပါမယါဗျ။ အချိန်တွေရှိပါသေးတယ်။ စာပုံမှန်လုပ်သွားရင် စာမေးပွဲအောင်မှာပါ။ passport တော့ လုပ်ထားသင့်ပါပြီ

    • @a.k.h177
      @a.k.h177 9 หลายเดือนก่อน +1

      တူတူပဲBroရေစောလာမှာကြောက်နေရတယ်

  • @user-rl2rk5mi9e
    @user-rl2rk5mi9e ปีที่แล้ว +1

    Epsနဲ့မြန်မာ မိန်းက ​လေး ​တွေကိုဘာ​ကြောင့်မ​ခေါ်တာလဲမသိဘူး ​မေး​ပေးကြပါလား အခြားတိုင်းပြည်က မိန်းက ​လေး​တွေကျ သွားလုပ်လို့ရတယ် မတရားလိုက်တာ​နော်.​ပြော​ပေးကြပါလား 😭😭

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +2

      ကိုရီးယားမှာ နိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ EPS စနစ်နဲ့ အမျိုးသားတွေ သွားရောက်လုပ်ကိုင်နေကြပါတယ်။
      EPS ဆိုတာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးပြီး ပို့ဆောင်ပေး‌တဲ့ စနစ်ပါ။ ဒီစနစ်မှာ ထူးခြားတာက အမျိုးသမီးတွေကို ခွင့်ပြုမထားပါဘူး။
      တခြားနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင် ဗီယက်နမ် ထိုင်း မွန်ဂိုလီးယား ရုရှား အစရှိတဲ့ နိုင်ငံတွေမှာ အမျိုးသားရော၊ အမျိုးသမီး‌ရော EPS စနစ်နဲ့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။
      မြန်မာနိုင်ငံ တစ်နိုင်ငံပဲ အမျိုးသားတွေကိုပဲ ခွင့်ပြုပြီး အမျိုးသမီးတွေကို ကန့်သတ်ထားတာပါ။။ ‌Eps စနစ်စတင်လက်မှတ်ထိုးခဲ့တဲ့ ၂၀၀၇ ကနေ စပြီး ယနေ့အထိ ခေတ်အဆက်ဆက် အစိုးရ ဝန်ကြီးဌာနတွေဟာ စနစ်ကောင်းမွန်လွန်းလှတဲ့ ကိုရီးယားနိုင်ငံကိုတော့ အမျိုးသမီးတွေကို သွားရောက်လုပ်ကိုင် ခွင့်မပြုဘဲ စနစ်ညံ့ဖျင်းတဲ့ ထိုင်းတို့ ၊ မလေးရှားတို့ ဘက်ကို တော့ အမျိုးသမီးတွေကို အလုပ်လုပ်ဖို့ သွားခွင့်ပြုထားပါတယ်။ ဒါဟာ မြန်မာအမျိုးသမီးတွေအတွက် အခွင့်အရေး ဆုံးရှူံးမှုလို့ ယူဆမိပါတယ်။ ယခင်ကတည်းက EPS စနစ်မှာ တာဝန်ယူခဲ့တဲ့ မြန်မာအစိုးရအဖွဲ့‌တွေနဲ့ စည်းကမ်း၊စည်းမျည်း သတ်မှတ်သူတွေရဲ့ ကန့်သတ်ချက်၊ လိုအပ်ချက်‌တွေ့ကြောင့်လို့ ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့် မြန်မာ မိန်းကလေးတွေဟာ ကိုရီးယား နိုင်ငံကို EPS စနစ်နဲ့ သွားလို့မရပါဘူး။

    • @user-rl2rk5mi9e
      @user-rl2rk5mi9e ปีที่แล้ว

      အာ့ဆိုအခွင့်အ​ရေးလုံးဝမရှိ​တော့ဘူး​ပေါ့😭😭

    • @user-tf5kp8dg4q
      @user-tf5kp8dg4q ปีที่แล้ว

      မြန်မာအမျိုးသမီး အခွင့်ရေး ပေးသင့်ပါတယ်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว

      @@user-tf5kp8dg4q ဖြစ်ရင် ဖြစ်လာနိုင်ပါတယါ။ မသေချာ မရေရာပေမဲ့။ ဖြစ်လာပါလာစေလို့ ဆုတောင်းရုံပဲ တတ်နိုင်တယ်ဗျ။

    • @user-rl2rk5mi9e
      @user-rl2rk5mi9e 11 หลายเดือนก่อน

      ဆန်ဒပြ​ပေးကြပါလား ကကြီး​ရောက်ဆရာသမားများ😭

  • @user-gz5uv3gj4y
    @user-gz5uv3gj4y ปีที่แล้ว +1

    အလပ်ခွင်ထဲကအလုပ လုပ်ပံ vdနှင်တကွပြပေးပါအူး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +1

      ဟုတ်ကဲ့။ ဗီဒီယိုတွေက ရှိပြီးသားပါ edit လုပ်ရတာ အရမ်းကြာလို့ တစ်ပတ်ကို ၁ ပုဒ်နှုန်းနဲ့ တင်ပေးမယ်ဗျ။

  • @thetpaingsoe2333
    @thetpaingsoe2333 ปีที่แล้ว +1

    ကိုရီးယားကိုတစ်နှစ်အတွင်း(ပျှမ်းမျ)မြန်မာလုပ်သားဘယ်လောက်လောက်ရောက်ရှိကြတယ်လဲဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  ปีที่แล้ว +8

      တရားဝင် website မှာ တင်ထားတဲ့ မြန်မာပြည်က
      E9 အလုပ်သမားခေါ်ယူမှုစာရင်း
      2014 - 4482 ယောက်
      2015 - 4469 ယောက်
      2016 - 5721 ယောက်
      2017 - 5388 ယောက်
      2018 - 6378 ယောက်
      2019 - 4726 ယောက်
      2020 - 700 ယောက်
      2021 - 25 ယောက်
      2022 - 7621 ယောက်
      2023 - ခေါ်နေဆဲ
      #ckkrsharing

  • @ayethandaraung9266
    @ayethandaraung9266 5 หลายเดือนก่อน

    မိန်းကလေးရောအဆင်ပြေလားရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  5 หลายเดือนก่อน

      မိန်းကလေးတွေအနေနဲ့ လက်ရှိ သတ်မှတ်ချက် အရဆို အထက်တန်းအောင် (10)တန်းအောင်လက်မှတ်ရှိရင်
      ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဝင်ရောက်ဖြေဆိုလို့ရပါတယ်ဗျ။
      နောက်ပိုင်းတော့ 10 တန်းအောင် ဆိုတဲ့ သတ်မှတ်ချက်က အပြောင်းအလဲ ရှိနိုင်ပါတယ်

  • @Rosenewlifelay7-uc9ss
    @Rosenewlifelay7-uc9ss 10 หลายเดือนก่อน

    မိန်းကလေးခေါ်လာရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน

      Eps စနစ်မှာ အမျိုးသမီး မခေါ်ပါဘူးဗျ

    • @Rosenewlifelay7-uc9ss
      @Rosenewlifelay7-uc9ss 10 หลายเดือนก่อน

      @@ckkrsharingkoreamyanmar ဟုတ်

    • @Rosenewlifelay7-uc9ss
      @Rosenewlifelay7-uc9ss 10 หลายเดือนก่อน

      @@ckkrsharingkoreamyanmar အမျိုးကဘယ်မှာရလဲရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  10 หลายเดือนก่อน

      @@Rosenewlifelay7-uc9ss သတင်းတွေထွက်နေတာ ရှိပေမဲ့ အတည်မဖြစ်သေးပါဘူးဗျ။ စောင့်ကြည့်ဖို့ လိုပါတယ်

    • @Rosenewlifelay7-uc9ss
      @Rosenewlifelay7-uc9ss 10 หลายเดือนก่อน

      @@ckkrsharingkoreamyanmar ဟုတ်ကျေးဇူးပါ