သီပေါနယ် နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ကြာဆိုင်ရဲ့ ဇနီး မဟာဒေဝီ စဝ်သုစန္ဒီ

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • သီပေါနယ် နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ကြာဆိုင်ရဲ့ ဇနီး မဟာဒေဝီ စဝ်သုစန္ဒီ
    ////////////////////////////////////////////
    မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent ဟာ ဩစတြီးယားလူမျိုးတစ်ဦးဖြစ်ပြီး ရှမ်းပြည်၊ သီပေါနယ် နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ကြာဆိုင်ရဲ့ ဇနီး မဟာဒေဝီဖြစ်ပါတယ်။ အငြိမ်းစား အထက်တန်း ဆရာမတစ်ဦးဖြစ်ပြီး Burma lifeline အမည်ရှိ လူမှုရေးအဖွဲ့အစည်း တည်ထောင်သူလဲဖြစ်ပါတယ်။ ၁၉၃၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့ ဩစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွားခဲ့တာပါ ။ နာမည်ရင်းမှာ Inge Eberhard ဖြစ်ပါတယ်။
    ဒုတိယကမ္ဘာစစ်အပြီး ဩစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောအခါ အမေရိကန်မှာ ပညာဆက်လက် သင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright Scholarship ပညာသင်ဆုရရှိသူ ပထမဆုံးသော ဩစတြီးယားလူမျိုး ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုမှာ ပညာဆည်းပူးရင်း Colorado school of Mining မှ မိုင်းတွင်းအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြတာပါ။ ၁၉၅၃-ခုနှစ်မှာ ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြပါတယ်။ စဝ်ကြာဆိုင် ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြရာ ရန်ကုန်ဆိပ်ကမ်းအရောက် သင်္ဘောဆိုက်ကပ်စဉ် လာရောက်ကြိုဆိုသူများကို မြင်တွေ့မှသာ ခင်ပွန်းဖြစ်သူက သီပေါစော်ဘွားဖြစ်ကြောင်းသိခဲ့ရတာပါ။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီဟူသော ဘွဲ့အမည်ကို ရရှိခဲ့ပါတယ်။ ၁၉၆၂-ခုနှစ်မှာ တပ်မတော် အာဏာသိမ်းချိန်တွင် သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေသော စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး၊ ထောင်တွင်းတွင် အခြားသော ရှမ်းခေါင်းဆောင်များနှင့်အတူ ကွပ်မျက်ခံခဲ့ရပါတယ်။ ထို့အပြင် စဝ်သုစန္ဒီဟာ အမေရိကန် ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရ ကာ သမီးနှစ်ဦးနှင့်အတူ အကျယ်ချုပ် ၂နှစ်ခန့်ချထားခံခဲ့ရပါတယ်။ နောက်ဆုံးတွင် ဩစတြီးယားသံအမတ်ကြီး၏ အကူအညီဖြင့် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူမရဲ့ မဟာဒေဝီဘဝ နေ့ရက်များကို Twilight over Burma: My Life as a Shan Princess (မှုန်ရီဆိုင်း တိုင်းမြန်မာ) အမည်ဖြင့် ၁၉၉၄-ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့ပြီး၊ ရရှိသမျှအမြတ်ငွေများကို မြန်မာပြည် နယ်စပ်ဒုက္ခသည်များထံ လှူဒါန်းခဲ့ပါတယ်။နောက်ပိုင်းတွင် Twilight over Burma: My Life as a Shan Princess ရုပ်ရှင်လဲ ထွက်ရှိခဲ့ပါတယ်။ သူမဟာ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၆ရက်နေ့မှာ ကံတော်ကုန် နတ်ရွာစံတော်မူသွားခဲ့ပါတယ်။
    #Told News #mylifeasashanprincess #twilightoverburma #စဝ်သုစန္ဒီ
    #ingesargent

ความคิดเห็น • 4

  • @sigridfechter508
    @sigridfechter508 ปีที่แล้ว +8

    This was a great lovestory with very sad ending. It`s a shame, so many good things are destroyed by military force.

  • @kyawlay5268
    @kyawlay5268 ปีที่แล้ว

    👍👍👍👍👍👍👍

  • @sawehwah734
    @sawehwah734 ปีที่แล้ว

    😀😀😀