တောင်ကြီး - ပင်းတယ ဖြတ်လမ်းTaunggyi - He Hoe - Pindaya Road

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.พ. 2023
  • တောင်ကြီး ကနေ ပင်းတယကို သွားလည်ချင်ရင် အနီးဆုံးလမ်း ၊ သဘာဝဆန်တဲ့လမ်း ။
    တောင်ကြီး - အောင်ပန်း - ပင်းတယ လမ်းထက် မိုင် ၂၀ လောက်သက်သာတဲ့လမ်း ။
    တောင်ကြီး - ဟဲဟိုး - ပင်းတယ လမ်း ။
    ၃၆၀ံ ပတ်လည် မြင်ကွင်းကျယ်မှာ သဘာဝ အလှအပတွေခံစားရင်း သွားလို့ရတဲ့လမ်း ။
    ပအို့ဝ် ၊ တောင်ရိုး ၊ ဓနုရွာလေးတွေထဲကနေဖြတ်သွားရတဲ့လမ်း ။
    အေးချမ်းသလို လှပပြီး တောင်အတက်အဆင်း မရှိပဲ လွင်ပြင်ကျယ်ကိုဖြတ်ရင်း ကုန်းမြင့်လေးတွေလောက်သာ ဖြတ်မောင်းရတဲ့လမ်း ။
    ရာသီအလိုက် ပန်းနှမ်း ၊ နေကြာရိုင်း ၊ နေကြာ ၊ ဆီမုန်ညင်း ၊ ဂျုံခင်း တွေရဲ့ သဘာဝအလှအပ ကိုနောက်ခံတောင်တန်းတွေရဲ့ အလှ ၊ ကောင်းကင်ပြာရဲ့ အလှတွေနဲ့ ရောယှက်ခံစားရမယ့်လမ်း ။
    ပျားမွေးအိမ်တွေဘေးမှာထားပြီး ပျားရည်ရောင်းနေကြတဲ့ဆိုင်တွေ ရှိတဲ့လမ်း ။
    လမ်းဘေးဝဲယာက ရှေးဘုရား နဲ့ ကြည်ညိုဖွယ် စေတီတွေတွေ့ရမယ့်လမ်း ။
    တောင်ယာသွား/ပြန် တိုင်းရင်းသူတွေ ၊ လွှတ်ကျောင်းနေကြတဲ့ နွားအုပ်ကြီးတွေနဲ့ သဘာဝဆန်တဲ့လမ်း ။
    #TaunggyitoPindaya
    #Hehoetopindaya
    #HeHoe
    #Pindaya
    #ShanTrip
    #တောင်ကြီးပင်းတယလမ်း
    #ဟဲဟိုးပင်းတယလမ်း
    #ပင်းတယ
    #ဟဲဟိုး
    #ကျောက်ထပ်
    #ပျားရည်
    #ပျားမွေးမြူရေး
    #ဆီမုန်ညင်း
    #ဂျုံခင်း

ความคิดเห็น • 20

  • @kyt6333
    @kyt6333 ปีที่แล้ว +1

    လမ်းကျဥ်းတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်ပါတယ် ။
      မိုးများချိန်တွေဆိုရင်တော့ ပိုသတိထားရပါတယ် ။ အချို့နေရာမှာ ဘေးမြေသားအခြေအနေကြည့်ရပါတယ် ။

  • @htethtet3364
    @htethtet3364 10 หลายเดือนก่อน

    အဲ့လမ်းေလး ရောက်ပီးပီ
    ❤❤❤
    အောင်ပန်းကနေ သွားတာ
    ပင်းတယ ကိုဖြတ် ဟဲဟိုးကို

    • @rollingrecords-myanmar
      @rollingrecords-myanmar  10 หลายเดือนก่อน

      ဟုတ်ကဲ့ပါဗျ ။
      တကယ့်စိတ်အေးချမ်း လွတ်လပ်စေတဲ့ ခံစားမှုမျိုးပေးစွမ်းတဲ့လမ်း ။

  • @myintmyintthan9092
    @myintmyintthan9092 ปีที่แล้ว +1

    အပြာေရာင်မိုးေကာင်းကင် အောက်က​ရှု့ေမျှာ်မဆံုးတဲ့သဘာဝအလှတရားများနဲ့ 💙💚

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว +1

      အဲ့ဒီလမ်းလေးကိုရောက်ရင် တကယ့်ဟင်းလင်းပြင် တစ်ခုရောက်သွားသလို စိတ်လွတ်လပ်သွားတယ် ။

  • @KertalaSari
    @KertalaSari ปีที่แล้ว +1

    Amazing view... From Malaysia

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว +1

      Thanks for your visiting to our channel .There are many beauties in your Malaysia too. There is still a lot of natural beauty in our Asian Countries.

  • @thida7211
    @thida7211 ปีที่แล้ว +2

    ဟုတ်တယ်အဲလမ်းလေးအရမ်းလှတယ်ခရီးတွေသွားပြီးရှူခင်းတွေကြည့်ရတာအရမ်းကြိုက်တယ်ကျေးဇူးတင်ပါတယ်ကျမတို့တောင်ကြီးပတ်ပတ်လည်ကိုသေချာရိုက်ပေးလို့ပါရှင့်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว +2

      တကယ်လှတဲ့လမ်းတစ်ခုပါဗျ ။
      ကျွန်တော်တို့ ရောက်ဖြစ်တဲ့ ဒေသကို မျှဝေတင်ဆက် တဲ့နေရာမှာ ကိုယ်ရောက်သွားသလို ကြည့်တဲ့သူတွေလည်းရောက်သွားစေချင်တဲ့ စေတနာရယ် ၊ အဲ့ဒီဒေသနဲ့ပတ်သက်လို့ နောက်ခံသမိုင်း နဲ့ စိတ်ဝင်စားစရာအကြောင်း ဖြစ်ရပ်တွေသိသွားစေချင်တာရယ် ၊ တိုင်းရင်းသားဒေသတွေဆိုလည်း အဲ့ဒီဒေသ အဲ့ဒီတိုင်းရင်းသားတွေရဲ့ ဓလေ့ ယဥ်ကျေးမှု ရိုးရာတွေကို သိရှိ အလေးထားမိစေဖို့ ရယ် ကို စဉ်းစားပြီးတင်ဆက်ပါတယ်ဗျ ။ ခရီးသွားတာဝါသနာပါတဲ့သူတွေဆိုလည်း သွားချင်စိတ်လေး ပိုပေါ်လာအောင်၊ သွားရင်လည်း အချက်အလက်လေးတွေက အထောက်အကူဖြစ်အောင်၊ ဒေသခံတွေအပေါ် စာနာ အလေးထား ရင်း ကိုယ့်ခရီးစဉ်ဟာ ကိုယ်လည်းအပန်းပြေ ဒေသခံလုပ်ကိုင်စားသောက်သူတွေလည်း အထောက်အကူရသွားတာမျိုး ဖြစ်စေချင်တာပါဗျ ။ ဝါသနာအရ တတ်စွမ်းသမျှ တင်ဆက်ရင်း လိုအပ်ချက်တွေ ရှိနေတဲ့ကြားက နားလည်အားပေးတာ ကျေးဇူးပါဗျ ။ လတ်တလောမှာတော့ ရှမ်းတောင် နဲ့ ပတ်သက်လို့ ရနိုင်သမျှ တင်ဆက်ပေးနေပါတယ်ဗျ ။

  • @male247
    @male247 ปีที่แล้ว

    အဲဒီတောင်လေးတွေပေါ်စေတီတွေတည်လိုက်တာသဘာဝ
    တွေတော်တော်ပျက်စီးကုန်တယ်လှနေတဲ့သဘာဝအလှတောင်အရုပ်ဆိုးအကျည်းတန်သွားတာ
    သူ့နေရာနဲ့သူရှိသင့်တယ်မြန်မာဘုန်းကြီးတွေလည်းစေတီဘုရားတည်ဘို့တခုတည်းသိတယ်တွေ့ကရာတောင်တွေဂူတွေထဲစေတီတွေဘုရားရမ်းသမ်းပြီးတည်နေတော့တာဘဲသဘာဝတွေကိုလည်းသူ့သဘာဝအတိုင်းချန်ထားကြပါ

  • @aungmyatkyi7929
    @aungmyatkyi7929 ปีที่แล้ว +2

    ဟဲဟိုး တို (ပဲခူး - ဝေါ) တို့က
    လေကုန်သက်သာတယ်နော်၊ပါးစပ်ဖြဲခေါ်လိုက်ယုံပဲ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်ပါတယ်ဗျ ။ ကျွန်တော်တို့ ကလေးတုန်းကဆို အာမထိ လျှာမထိ ဆိုလို့ရတဲ့မြို့ တွေပြောပါဆိုပြီး မေးကြတာ ။

  • @kaythihlaing6038
    @kaythihlaing6038 ปีที่แล้ว +1

    🤗😍❤🌹💌🌈🌈🌈🌈🌈🌈

  • @kyawmyo4597
    @kyawmyo4597 8 หลายเดือนก่อน

    ရက်စောက်မြို့လေးအကြောင်းလဲတင်ပေးပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  8 หลายเดือนก่อน

      ဟုတ်ကဲ့ပါဗျ ။
      တင်ဆက်ထားပြီးသားရှိပါတယ်ဗျ ။
      ဒါက ရပ်စောက်ကို အသွားလမ်းပါ ။
      th-cam.com/video/G_zJWxswNxI/w-d-xo.html
      ဒါက ရပ်စောက်မြင်ကွင်းတွေပါ ။
      th-cam.com/video/ioHxrVeFPC8/w-d-xo.html

  • @male247
    @male247 ปีที่แล้ว

    လှနေတဲ့သဘာဝကိုနည်းပညာဖြွံဖြိုးမှုအားနည်းတော့ကားလမ်းကအစသပ်ရပ်မှုမရှိဘူးလမ်းဖောက်တဲ့လူတွေပိုက်ဆံစားလို့ခြစ်လိမ့်မယ်လမ်းကိုဖြစ်ကတတ်ဆန်းဘဲ့ဖောက်ထားတာ

  • @user-st8xi4ys5q
    @user-st8xi4ys5q 3 หลายเดือนก่อน

    ပင်းတယလဲရောက်ဖူးပါတယ်လွမ်းမိပါတယ်ရှင့်

    • @rollingrecords-myanmar
      @rollingrecords-myanmar  3 หลายเดือนก่อน

      ရောက်ဖူးသူတိုင်း လွမ်းမိချင်စရာ နေရာမို့ လွမ်းသာ လွမ်းပလိုက်ပါဗျ ။