silent က sayar gyi နဲ့ပြသနာဖြစ်ပြီး m4 မဆော့ရတာပါ

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • ယမန်နေ့မှာပဲ Falcon Esportsနဲ့ လမ်းခွဲထားတဲ့ MLBB Pro Player Silentက သူဟာ M4ပြိုင်ပွဲမှာ လက်စွမ်းကျနေတာကြောင့် ကစားခွင့် မရခဲ့တာ မဟုတ်ပဲ Falcon Esportsက သူ့ကို M4ပြိုင်ပွဲ မကစားခင်ထဲက အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင် ကစားခွင့် မပြုခဲ့တာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
    Silentက M4ပြိုင်ပွဲမတိုင်မီ အထိ Falcon Esportsရဲ့ အဓိက Gold Laner အဖြစ် ကစားခွင့် ရခဲ့ပေမယ့် M4ပြိုင်ပွဲမှာတော့ Falcon Esportsက Zippxကိုသာ အဓိက Gold Laner အဖြစ် ထုတ်သုံးခဲ့ပါတယ်။
    M4ပြိုင်ပွဲ တလျှောက်လုံးမှာ Zippxက Silentကို ကျော်ကာ နေရာရနေမှု အတွက် ပရိသတ်တွေက မေးခွန်းထုတ်မှုတွေ ရှိလာချိန်မှာ နာမည်ကြီး Caster တဦး ဖြစ်သူ Wai Waiက "Falcon Esportsဟာ M4ပြိုင်ပွဲမတိုင်မီမှာ တခြားအသင်းတွေနဲ့ လက်ရည်စမ်းပွဲတွေ ကစားခဲ့ပြီး အဆိုပါပွဲတွေမှာ အမှားနည်းခဲ့တဲ့ ကစားသမားကိုသာ M4ပြိုင်ပွဲမှာ အသုံးပြုဖို့ စီစဉ်ခဲ့တာကြောင့် Zippxက ပွဲထွက်ခွင့် ရနေတာလို့ ကြားခဲ့ရကြောင်း" သူ သိထားတဲ့ အချက်အလက် တချို့ကို မျှဝေပေးခဲ့ပါတယ်။
    ဒါပေမယ့် ယနေ့မနက်မှာတော့ Silentက သူဟာ Training Matchesတွေမှာ အမှားများခဲ့လို့ M4ပြိုင်ပွဲမှာ ဝင်ကစားခွင့် မရခဲ့တာ မဟုတ်ပဲ Trainingမှာ ဝင်ကစားခွင့်တောင် မရခဲ့ကြောင်း ဆိုလာပါတယ်။
    Falcon Esportsနဲ့ Silentတို့ရဲ့ လမ်းခွဲက ထင်ထားသလို ဖြစ်မလာတာကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရပါမယ်။
    Update - Silentက M4ပြိုင်ပွဲ အရမ်း ကပ်နေတဲ့ အချိန်မှာ Training Match မဆော့ပဲ ခွင့်ယူသွားတာကြောင့် Falcon Esportsဘက်က အခုလိုမျိုး အပြစ်ပေးခဲ့တာလို့ သိရပါတယ်။
    Photo Credit - Silent
  • กีฬา

ความคิดเห็น •