Amazing "Brain" cave in Myanmarထူးထူးဆန်းဆန်းဦး​နှောက်နဲ့တူ​နေတဲ့ ဂူကြီးဆီသို့...

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • ဦး​နှောက်နဲ့ ​တော်​တော်တူ​နေတဲ့ ထူးဆန်းတဲ့ ဦး​နှောက်ဂူကြီးဆီသို့ လမ်းညွှန်➡️
    ပြင်ဦးလွင်မြို့နယ် ပိတ်ချင်း​မြောင်လိုဏ်ဂူက​နေ တနာရီ​လောက်လမ်း​လျှောက်သွားရင်​ရောက်ပါတယ်။
    လမ်းမှာ​ရေတံခွန်​တွေစိုက်ခင်း​တွေကို ဖြတ်သွားရတယ်။
    ဂူဆီသို့အဆင်းက​တော့ ​လမ်းမရှိတဲ့အတွက်​ရော မိုးလည်းရွာထား​တော့ ​တွယ်ကုတ်ဆင်းရတာ ချော်​နေပြီး တော်​တော် ခက်ခက်ခဲခဲဆင်းရပါတယ်။ဖိနပ်က ပွိုင့်များတဲ့ဖိနပ်ဆိုပိုအဆင်​​ပြေပါတယ်။
    ဂူအဝ​က​နေ ဦး​နှောက်နဲ့ဆင်တူတဲ့​ကျောက်တုံး​တွေကိုမြင်ရဖို့ ၅မိနစ်​လောက်ဆင်းရပါတယ်။ အတက်အဆင်း မလွယ်ပါ။ဂူထဲဝင်ဖို့ ​မှောင်တယ်။ဓါတ်မီးက မပါမဖြစ်ပါ။
    ဂူထဲမှာ​တော့ ကျောက်စက်​ရေ​တွေ တစက်စက်ကျ​နေပြီး ​လူ​တွေ အကုန်​ရေစိုကုန်တယ်။ ဦး​နှောက်နဲ့​ဆင်တူတဲ့ ​ကျောက်တုံး​တွေကို​တွေ့​တော့ အနီးကပ်ကြည့်ကြ ဓါတ်ပုံရိုက်ကြ​​ပေါ့ ဦး​နှောက်ရဲ့ မျက်နှာပြင်က အတွန့်အ​ခေါက်​တွေလိုပဲ ​တော်​တော့်ကိုတူတာပါ။ကြည့်ရင်း အူယားတယ်။ဂူကကျဥ်းတယ်။၁၀ ​ယောက်၁၅ ​ယောက်​လောက်ပဲဆန့်ပါတယ်။
    ဂူရဲ့​အောက်ဘက်ကနတ်ဖွက်​ရေတံခွန်ဆီကိုလည်းဆက်သွားကြ​ပေမယ့်မိုးများ​နေလို့မသွားခဲ့ရပါဘူး။​နောက်တ​ခေါက်​ပေါ့။ဦး​နှောက်ဂူဆီသို့သွားချင်ရင်ကိုပြည့်09750868586ကိုဆက်သွယ်ပြီးသွားလို့ရပါတယ်။
    Adventure ကြိုက်သူ​တွေ အကြိုက်​တွေ့​စေမယ့်ခရီးပါ
    #myanmartourism #adventureholidaysbynway
    #nature #waterfall #adventure #pyinoolwin #cave #BrainCave#myanmar

ความคิดเห็น •