Grade 1 ပထမတန်း မြန်မာဖတ်စာ ကဗျာများ Music & Songs_စံပယ်ပွင့်ကလေးများ၊ ဆန်းသစ်စ လ၊ ပြေးပွဲပြိုင်ပွဲ

แชร์
ฝัง
  • เผยแพร่เมื่อ 1 พ.ย. 2020
  • New Vision Education Center အတွက်
    မေတ္တာဖြင့် တီးခတ်ပေးသော ဂီတမှူး “မဟာရန်ကုန်သီရိမောင်မောင်”
    သီဆိုပေးသော သား- “ဆန်းဆင့်မောင်မောင်နှင့် သူငယ်ချင်းများ” အား
    အထူးကျေးဇူးတင်ရှိပါသည်။
    စံပယ်ပွင့်ကလေးများ
    *******************
    စံပယ်ပွင့်လေး ခေါင်းပေါ်တင်
    အဲ့ဒါ သေးသေးတင်။
    စံပယ်နှစ်ပွင့် ရှေ့မှာရောက်
    ဝစ္စနှစ်လုံးပေါက်။
    အောက်နားဆီက တစ်ပွင့်ဟာ
    အောက်ကမြစ် ကလေးပါ။
    သေသေချာချာ မှတ်လို့ထား
    မောင်ညီမလေးများ။
    ဆန်းသစ်စ လ
    *******************
    ဆန်းသစ်စ လကလေးဟာ
    အဲဒါ ရေးချပါ။
    ပြောင်းပြန်လှည့်ကာ ဝတ်ဆံထိုး
    အဲဒါ သဝေထိုး။
    ရေအိုးလေး ရွက်လာရင်
    အဲဒါ လုံးကြီးတင်။
    လုံးကြီးတင် မှာ မျက်ဆန်ခတ်
    လုံးကြီးတင် ဆန်ခတ်။
    ပြေးပွဲ ပြိုင်ပွဲ
    *******************
    ခြေထောက်တဖက် ထောက်လို့ရပ်
    တချောင်းငင်လို့ မှတ်။
    နှစ်ဖက်ရပ်တော့ နှစ်ချောင်းငင်
    ပြေးပွဲ ပြိုင်ပွဲ ဝင်။
    ပြေးရင်းပင် နောက်ပြန်လဲ
    နောက်ပစ် ကလေးပဲ။

ความคิดเห็น •