နစကသတိထားရမည့် အောက်ခြေအုပ်ချုပ်ရေးစစ်ဗိုလ်များရဲမှူးများ ယာဥ်ထိန်းရဲများပညာ​ရေးမှုးများ အကြောင်း

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • သတိထားရမယ့် အုပ်ချုပ်ရေး
    =========================
    ၈၈ တုန်းက ဖြစ်ခဲ့ကြရတဲ့ အရေးအခင်း နဲ့ ၂၀၂၁ မှ ယနေ့ထိ ဖြစ်နေရတဲ့ အရေးအခင်း တွေရဲ့ တရားခံကို အသေအချာ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေပဲ မြင်တွေ့ကြရရုံမက အခြားအဖွဲ့လည်း ရှိနေပါတယ် ။
    ဘယ်အဖွဲ့ကြောင့် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေ စုစည်းမိကြသလဲ ဆိုရင်တော့ အစိုးရအုပ်ချုပ်ရေး ယန္တရား နဲ့ ပတ်သပ်တဲ့ မတရားမှုပြုသူတွေ နဲ့ မတရားမှုပြုနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကြောင့် ဆိုတာ သိနိုင်ပါတယ် ။ ဝန်ထမ်းကောင်းများအား မဆိုလိုပါဘူး ဗျာ ။
    အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်နေတာ အဆိုပါ ဝန်ထမ်းဆိုးများသာ ဖြစ်နေပါတယ် ။ ဒါကြောင့် အစိုးရအနေနဲ့ အမိန့် ညွှန်ကြားချက်များအား ထုတ်ပြန်ရာမှာ တိကျတဲ့ အမိန့်ဖြစ်ဖို့ အရေးကြီးပါတယ် ။
    ယခုဆိုရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ချက်တွေအပေါ် တပ်ချုပ်ကြီးက ဥပဒေနဲ့အညီ ဆောက်ရွက်ခိုင်းတယ် ။ အဖွဲ့ရဲ့ ထိပ်ဆုံးက ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်း ထပ်ဆင့် ညွှန်ကြားပါတယ် ။
    သို့သော် အောက်ခြေမှာက ရပ်ကျေး အုပ်ကြီးတွေ မြို့နယ် ထွေအုပ်တွေ နဲ့ ခရိုင် တိုင်း အဆင့်ထိ အသီးသီး ဝေစားမျှစား လုပ်နေကြသည့်နှယ် မတော်မတရား ပြုကျင့်နေကြတာ လူကြားမကောင်းပါဘူး ။
    ဒီလိုဖြစ်နေတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မသိဘူးလား.... ? သိအောင်ကော ပြန်မကြည့်ဘူးလား..... ? မေးကြရပါ့မယ် ။
    အကယ်၍ မသိဘူးဆိုရင်တော့ လူကြီးမင်း တာဝန်မကျေပါဘူး ၊ မလုပ်နိုင်လျှင် စောစီးစွာ အထက်သို့တင်ပြပြီး အခြားသူတဦးဦးကိုသာ တာဝန်လွဲပေးစေလိုပါတယ် ။
    သိတယ်ကွ ဆိုရင်လည်း ပြဿနာကို နေ့ခြင်း ညခြင်း ဖြေရှင်းပေးဖို့ လိုနေပါပြီ ။ အောက်ခြေက မဟုတ်တာလုပ်နေတာကို သိပါလျှက်နဲ့ ပစ်ထားရင်လည်း တာဝန်မကျေတာပါပဲ ။
    အထက်က ပြောခဲ့တဲ့ အရေးအခင်းတွေ ဖြစ်လာစေဖို့ လောင်စာတွေက ရပ်ကျေးကနေ စပြီး အုပ်ချုပ်ရေးပိုင်းက ဥပဒေအကြောင်းပြုပြီး မတော်မတရား ပြုမူခဲ့ကြလို့ စတင်ခဲ့ရတာ သင်ခန်းစာ ယူနိုင်ကြပါစေ ။
    နောက်ထပ် အမည်ဆိုးကတော့ ယာဥ်ထိန်းတွေ ဖြစ်ပါတယ် ။ လမ်းစည်း ယာဥ်စည်းကမ်းတွေ အတွက် ဆောင်ရွက်ကြရပါတယ် ။ ယခုဆိုရင် တောကြို အုံကြားမှ မြို့ကြီးများဆီသို့ စစ်ဘေးရှောင်ရင်း ရောက်လာသူတွေ မနည်းလှပါဘူး ။
    မြို့ပြ စည်းကမ်းတွေနဲ့ မရင်းနှီးသူတွေအပေါ် ဥပဒေဗန်းပြ လုပ်စားနေကြတာ လူကြားမကောင်း များနေပါပြီ ။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ယနေ့ အချိန်အခါသည်ကား အစိုးရအနေနဲ့ မိမိတာဝန်ကို မိမိမကျေပွန်ခဲ့တဲ့အတွက် ပြည်သူတွေ ဒုက္ခပေါင်းစုံရောက်စေခဲ့ရတဲ့ ကာလဖြစ်နေတာကို ရဲရဲတင်းတင်း သိထားဖို့ လိုပါတယ် ။
    မိမိအားနည်းချက်ကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ စိတ်ဒုက္ခရောက်အောင် အကြပ်ကိုင် ငွေညှစ်နေတာ အစိုးရအတွက် ရှက်စရာကောင်းလှပါတယ် ။
    ငွေရတော့ ယာဥ်ထိမ်း နဲ့ သူ့အထက်က ဝေစားမျှစာ အရာရှိဆိုး အချို့ ပါ ။ ပြည်သူစောက်မြင်ကပ်တော့ နစက ဖြစ်နေတာလည်း အမှန်တရားပါပဲ ။
    ဒါကြောင့် ယခုကာလမှာ အန္တရာယ်နည်းပါးတဲ့ ယာဥ်စည်းကမ်းအချို့ကို ဖြေလျှော့ထားပြီး မသိဟန်ဆောင်နေကြတာ အဆင်ပြေမယ်ထင်ပါတယ် ။ နယ်တွေက သူခိုးဒမြ သူပုန်နဲ့ ပဒက်တွေရဲ့ သေနတ်ကြောက်လို့ နစက လက်အောက် ပြေးလာပါတယ် နစကတပည့် ဝန်ထမ်းတွေက စက္ကူ နဲ့ ဘောပင်ပြပြီး ဒါးပြထပ်တိုက်နေတာတော့ မကောင်းဘူးလို့ ယူဆပါတယ် ။
    အားလုံးကို ထိမ်းချုပ်ဖို့ကတော့ နစကရဲ့ တာဝန်ပဲဖြစ်ပါတယ် ။ သား သမီး မကောင်း မိဘခေါင်း လို့ ဆိုသကိုးဗျ ။ မြွေပူရာ ကင်းမှောင့် ဆိုသလို အပူသည်ကို ရေနွေးထပ်လောင်းနေတဲ့ ဝန်ထမ်းဆိုးများကိုလည်း ပေါင် ၅၀၀ ဗုံးကြဲသလို ရှင်းထုတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ် ဗျာ ။
    မှတ်ချက် ။ ။ ဝန်ထမ်းဆိုးတွေ နေရာကို ဖြူစင်တဲ့ အလုပ်လက်မဲ့ ဘွဲ့ရပညာတတ်တွေ အစားမထိုးတတ်အောင် ညံ့ဖျင်းနေပြီလားလည်း မေးခွန်းထုတ်လိုက်ချင်ပါရဲ့ ဗျာ ။
    ကိုရွှေမျိုးဝင်း

ความคิดเห็น • 1

  • @mobilespt4422
    @mobilespt4422 8 วันที่ผ่านมา +1

    မဂ်လာပါ အမှန်တရားကခါးပါတယ်ဘုရား🎉🎉🎉