စစ်အုပ်စုရဲ့ဒစ်ဂျစ်တယ်ထောက်လှမ်းမှုမှာ ပါဝင်နေတဲ့ကုမ္ပဏီများ အရေးယူပိတ်ဆို့ပေးရန် JFMတောင်းဆို

แชร์
ฝัง
  • เผยแพร่เมื่อ 27 ก.ย. 2024
  • JFM Calls for Sanctions on Companies Involved in the Junta's Digital Surveillance
    မြန်မာစစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုနဲ့ VPN အပါအဝင် အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နဲ့ မြန်မာကုမ္ပဏီများကို အရေးယူပိတ်ဆို့ မှုများ အမြန်ဆုံးချမှတ်ရန် JFM က တောင်းဆိုလိုက်ပါတယ်။
    မြန်မာစစ်အုပ်စုဟာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရေး အရှိန်မြှင့်တင် ဆောင်ရွက်နေပြီး မြန်မာအင်တာနက်အသုံးပြုသူများအပေါ် စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနဲ့ ပံ့ပိုးကူညီမှုများကို ရရှိအသုံးပြုနေကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ JFMရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    စုံစမ်းသုတေသနပြုမှုအရ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှု အစီအစဉ်မှာ တရုတ်ကုမ္ပဏီနှစ်ခုရဲ့ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
    စီမံကိန်းလျာထားချက် အစီအစဉ်စာရွက်စာတမ်းများအရ တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ထုတ်ကုန်ပစ္စည်းနှစ်ခုကို မေလ လကုန်ပိုင်းမှာ စတင်အသက်သွင်း အသုံးပြုကြောင်း ဖော်ပြထားပါတယ်။
    Geedge Networks တည်ထောင်သူနဲ့ သိပ္ပံပညာရှင်အကြီးအကဲ Fang Binxing ဟာ တရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ရဲ့ ဖခင် လို့လည်းဆိုကြပါတယ်။
    ထုတ်ကုန်တစ်ခုဖြစ်သည့် Taingou Secure Gateway (TSG) ကို အသေးစိတ်မွှေနှောက်ရှာဖွေရေးမှာ အသုံးပြုပြီး virtual private networks (VPN) များအပါအဝင် အက်ပလီကေးရှင်းများကို ၎င်းတို့ရဲ့ အပြုအမူတွေနဲ့ လက္ခဏာတွေပေါ် မူတည်ကာ ပိတ်ပင်နိုင်တဲ့ Firewall တစ်ခုအဖြစ်လည်း လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
    Geedge Networks မှ နောက်ထပ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ Cyber Narrator ကတော့ VPN အသုံးပြုမှု အပါအဝင် အင်တာနက် အသွားအလာများကို စောင့်ကြည့်ရန်၊ ခွဲခြမ်းသုံးသပ်ရန်နဲ့ အန္တရယ်ရှိနိုင်တယ်လို့ ယူဆရတဲ့ ခြိမ်းခြောက်မှုများအပေါ် တုန့်ပြန်ရန် ဒီဇိုင်းရေးဆွဲထားတဲ့ အင်တာနက် ထောက်လှမ်းရေးကွန်ရက် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
    ဒါ့အပြင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ China National Electronics Import and Export Corporation (CEIEC) ဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရန် အဆိုပြုမှုမှာ ပါဝင်ပတ်သက်ဆက်နွှယ်နေတာဖြစ်ပါတယ်။
    အဆိုပါကုမ္ပဏီတွေနဲ့ စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန်အတွက် ခရိုနီကုမ္ပဏီ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
    ဒါကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် Geedge Networks၊ CEIEC နဲ့ Mascots Group၊ ယင်းကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေနဲ့ ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က တောင်းဆိုထားတာဖြစ်ပါတယ်။
    တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊ နည်းပညာအကူအညီနဲ့ လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေတဲ့ ၎င်းတို့ အချုပ်အခြာနယ်မြေအတွင်းရှိ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များကို မဖြစ်မနေ ပိတ်ဆို့အရေးယူရမှာဖြစ်တယ်လို့ JFMက ဆိုထားပါတယ်။
    #surveillance #vpn #cybersecurity
    #politicalnews #MizzimaTV #firewall #watch
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.c...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

ความคิดเห็น • 18