သားသတ်လွတ်စား အဓိဌာန်ဝင်ပြီး ရိုက်ကူးနေတဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲ

แชร์
ฝัง
  • เผยแพร่เมื่อ 23 ก.ค. 2023
  • သားသတ်လွတ်စား အဓိဌာန်ဝင်ပြီး ရိုက်ကူးနေတဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲ အပိုင်း ၆၀ ကျော် ပြီးစီးနေပြီ
    ------------------
    အမတော် မြနန်းနွယ် အကြောင်းကို ဇာတ်လမ်းတွဲ ရိုက်ကူးမယ်ဆိုတော့ ဒီဇာတ်လမ်းတွဲအကြောင်းကို လူပြောများခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့နာမည်ကို “ကမ္ဘာကသိတဲ့ မြနန်းနွယ်”လို့ ပေးအပ်မှည့်ခေါ်ထားပြီး အခုဆိုရင် အပိုင်းပေါင်း ၆၀ ကျော်တောင် ရိုက်ကူးပြီးစီးသွားခဲ့ပါပြီ။ မျက်နှာသစ်သရုပ်ဆောင်တွေ အများအပြားကို ဒါရိုက်တာ ကျော်ဟိန်းကျော်က နေရာပေးထည့်သွင်းထားပြီး အမတော်မြနန်းနွယ်ရဲ့ဇာတ်လမ်းကို ပြည့်ပြည့်စုံစုံ ပုံဖော်နိုင်အောင် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ သားသတ်လွတ်စား အဓိဌာန်ဝင်ပြီး သေသေချာချာ ရိုက်ကူးနေတဲ့ ဒီဇာတ်လမ်းတွဲမှာ ရိုက်ကူးရေးလုပ်ဆောင်နေတဲ့ကာလတွေအတွင်း ဒါရိုက်တာ ကျော်ဟိန်းကျော်ဆီကို နမိတ်လက္ခဏာတွေ လာပြတာမျိုးလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မေသူဇော်၊ ရွှေရည်ထွန်း၊ ရွှန်းလဲ့ခိုင်၊ မိနှင်းဆီ၊ သီရိကဗျာ၊ ထက်ဇေယံနဲ့ ဝတ်မှုံထူး တို့ဟာ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲထဲမှာ အဓိကကျတဲ့နေရာက ပါဝင်နေတဲ့ မျက်နှာသစ်သရုပ်ဆောင်တွေပါ။ အပိုင်း ၆၀ ကျော် ရိုက်ကူးပြီးစီးထားပြီဖြစ်တဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲအကြောင်းနဲ့ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ မျက်နှာသစ်သရုပ်ဆောင်တွေအကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
    #MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #Series #ကမ္ဘာကသိတဲ့မြနန်းနွယ် #ဇာတ်လမ်းတွဲ #အမတော်မြနန်းနွယ် #အမတော် #မြနန်းနွယ် #မျက်နှာသစ်သရုပ်ဆောင်များ #Actor #Actress #အနုပညာ #သားသတ်လွတ် #အဓိဌာန် #Celebrity #Celebrities #နမိတ်လက္ခဏာ #Yangon #Myanmar

ความคิดเห็น •