အလဲထိုးဘုရင်မဖြစ်လာခဲ့တဲ့ ဗယ်ရိုနီကာ (16.10.2022)

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ထိုင်းဖိုက်လို မီဒီယာထိုးဖောက်အားနှင့် တင်ဆက်မှုကောင်းလှတဲ့ ပွဲကြီးမှာ ကယန်းအမျိုးသမီးလေးဟာ ခြောက်ပွဲဆက် သူမရဲ့နိုင်ပွဲကို ဖော်ဆောင်လိုက်နိုင်ပြန်ပါပြီ။ အသဲကောင်းကောင်း ပြင်ဆင်မှုကောင်းကောင်းနဲ့ ဗယ်ရိုကို အနိုင်ယူဖို့ ပြင်ဆင်လာတယ်ဆိုတာ ဘရာဇီးလ်သူလေးကလည်း တုံးတိုက်ကျားကိုက်ယှဉ်ထိုးပြီး သက်သေပြသွားပါတယ်။ အသဲကောင်းသူရဲ့ အားနည်းချက်ကို အလျင်အမြန်ရှာဖွေထိုးနှက်ရင်း နောက်ဆုံးတွေ့ရှိလိုက်တာကတော့ မာရီယားနာ ဘာနာဒက် ရဲ့ အသဲတည်နေရာပဲ ဖြစ်နေခဲ့ပြန်ပါတယ်။ လည်ပင်းဖြတ်အလဲကန်နိုင်ရင် ရမယ့် အထူးနိုင်ဆု ဘတ်တသိန်း(မြန်မာကျပ် သိန်းခုနှစ်ဆယ်) ကတော့ တေ့တေ့လေးလွဲသွားရပေမယ့် သူမပရိသတ်တွေရဲ့ ပျော်ရွှင်ခြင်း ချစ်ခင်ခြင်းတွေကတော့ ဗယ်ရိုအတွက် ဒီထက်မက တန်ဖိုးရှိနေမှာဖြစ်တယ်လို့ မြင်မိပါရဲ့ ။ အက်ဒမင်ရဲ့ ပထမဆုံးမျက်နှာတော်ဖွင့် တင်ဆက်မှုပွဲဖြစ်လို့ အဆင်မပြေတာတွေများကိုလည်း သုံးသပ်မှုနှင့်အတူ သည်းခံ နားဆင်အားပေးလိုက်ကြပါဦးဗျ ။

ความคิดเห็น • 46