Floke Rose - ချစ်သော (Official Video)

แชร์
ฝัง
  • เผยแพร่เมื่อ 2 ต.ค. 2024
  • ချစ်သော (Official Video)
    flokerose.stre...
    Directed by The NEXT.
    Cast : Naw Eaint Chue Moe Myint
    MUSIC:
    Executive Produced by Floke Rose
    Additional Vocal - Cori Rey
    Guitarist - Omen
    Cellist - Naw Christine Aye
    Violinist - Hsu Kaday Htoo
    Mixed - Glock
    Mastered - Jaukang Ah Dut
    #FlokeRose #findyourwayoutoftheblue #chitthaw #ချစ်သော

ความคิดเห็น • 817

  • @FlokeRose
    @FlokeRose  2 ปีที่แล้ว +1553

    ချစ်သော (Lyrics)
    သန်းခေါင်ယံ ကြယ်များလည်းမလင်းပါ
    ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ
    အဝါရောင် သီချင်းလေးတစ်ပုဒ်ကို
    နာနာကြင်ကြင် ဖွဖွလေး ဆိုညည်း
    တူနှစ်ကိုယ်အပြန်အလှန် ချစ်ခဲ့ခြင်းတွေ
    ဒီနေရာမှာ ဒီလိုအဆုံးသတ်ပြီ
    ဒဏ်ရာတွေနဲ့ ပြတ်လုကြိုးတွေ
    အေးအတူ ပူအမျှ ဘဝကခါးစေသည်။
    ကိုယ်ဖမ်းဆုတ်ထားတဲ့ မင်းလက်တစ်ဖက်ဟာ
    မသိမသာပြေလျော့နေ
    နောက်ကျောခိုင်းထားပြီး ရွေးတဲ့လမ်းမှာ
    ပန်းတွေကြွေတော့မလေ
    "ချစ်သော"ရေ
    အဝေးမှာ ပျော်တော့လေ။
    ကြယ်တာရာနဲ့ ချောကလက်လမ်းတွေ
    သွားလေသူအတွက် ခင်းလို့ထားနေသည်။
    မှုန်မှုန်ရီရီ မြူဝန်းရစ်သီ
    ​ဆောင်းအိုကြွေလု နှင်းစက်ကင်းလေပြီ။
    လိုရာကို ပျံပါတော့
    လေစုန်ကို ဆန်ပါတော့
    ပြတ်လို့သွားတဲ့စွန်
    ရစ်ဘီးကလေးငေးကာနေ
    နေညိုရီဝေမှောင်မှိုက်သော
    အတိတ်မှာ ကိုယ်နေထိုင်ခဲ့ပြီး
    ချစ်သောရေ မင်းအနာဂတ်
    လေနုအေးကလေးအေးပါစေ။

    • @htetkoko4983
      @htetkoko4983 2 ปีที่แล้ว +11

      နို့စို့မောင် 😎😎😎🤩🤩

    • @darkcakelastlake
      @darkcakelastlake 2 ปีที่แล้ว +3

      anonymous ဆိုပါလားေဟ့

    • @bee2540
      @bee2540 2 ปีที่แล้ว +4

      Chords ပါထဲ့ပေးပါဗျာ

    • @htetkoko4983
      @htetkoko4983 2 ปีที่แล้ว +1

      @@darkcakelastlake hok tal

    • @pyaethinzartheint4023
      @pyaethinzartheint4023 2 ปีที่แล้ว +5

      မိုက် တယ် ဘဲ ရီး ရေ ဒီ တ ခါ တော် တော် ကြွေ ပါ တယ်

  • @PhoeHla-ro9rt
    @PhoeHla-ro9rt 3 หลายเดือนก่อน +15

    ဘယ်ကစပြောရမှန်းမသိပေမဲ့ဒီနေ့ဆိုကျနော်သဘောကျရတဲ့ကောင်မလေးနဲ့သူ့သက်ဆိုင်သူ၈လပြည့်တယ်နေ့လို့ကျနော့ကိုပြောတယ် ကျနော်လေဒီသီချင်းကြားတိုင်း သူ့ကိုစတွေ့တဲ့အထက်တန်းပထမနှစ်ကအချိန်တွေကိုသတိရတယ် ဒါတွေကကြာတော့မကြာသေးပါဘူး ဒါပေမဲ့ကျနော်တစ်ကယ်အဲ့ကောင်မလေးကိုအရမ်းသဘောကျခဲ့မိတာထင်တယ် ကျနော်သူ့ကိုဘယ်လောက်ချစ်ကြောင်းပြောချင်ခဲ့ပေမဲ့ ကျနော်ပုံမှန်စကားလုံးလေးတွေပြောဖို့တောင်ကျနော်အားမရှိခဲ့ပါဘူး ကျနော်တို့တစ်နှစ်လုံးတစ်ခန်းထဲနေခဲ့တာတောင်မှစကားဆယ်လုံးတောင်ပြည့်အောင်မပြောဖူးခဲ့ဖူးဘူး ကျနော်အတာပါပဲ လိုင်းပေါ်ကနေသူ့ကိုသဘောကျတယ်ပြောတော့ သူကကျနော့ကိုအာချောင်တာပါတဲ့ သူမသိပါဘူး ကျနော်ကသူ့ကိုရူး‌တာကို သူတစ်ခါပြုံးပြရင် ကျနော့ရင်ဘတ်ကြီးပြုတ်ကျမလိုပါပဲ အသက်ရှင်ခဲ့တဲ့၁၇နှစ်တာလုံး ဒါမျိုးပထမဆုံးကြုံဖူးတာပဲ ဒါတွေပြောပြနေပေမဲ့ကျနော် သူ့ကိုမပိုင်ဆိုင်ခဲ့ပါဘူး ကျနော်လိုင်းပေါ်ကနေချစ်တယ်ပြောတော့ သူကပညာသားပါးပါးနဲ့ပဲကျနော့ကိုလျောလွတ်တယ် သူကတော့ဘယ်အလေးထားပါ့မလည်း သူ့နားမှာဘဲလေးတွေအုံခဲနေတာကိုဗျ ကျနော်ချစ်တယ်ပြောတဲ့အချိန်ကသူ့ကောင်လေးနဲ့ပြတ်တဲ့အချိန် ကျနော်ကတစ်ခြားသူဆီပါမယ်စိုးလို့ အပြင်မှာတောင်းစကားမပြောဖူးပဲချစ်တယ်ပြောမိရော သူကလှတော့ကျနော့လိုကြိုက်တဲ့ကောင်‌တွေပေါမှာပဲလေ သူ့အတွက်ပေးဆပ်ချင်ပေမဲ့ သူကတစ်ခြားသူရွေးသွားတယ် သူ့သက်ဆိုင်သူကလည်းကျနော့လိုကောင်ထက်တော့အများကြီးသာပါတယ် ဒီသီချင်းကကျနော့အတွက်တော့ အသဲကွဲသီချင်းပါပဲ သီချင်းထဲမှာတော့ပေါင်းဖက်ပြီးမှ ဝေးကွာသွားပေမဲ့ ကျနော့်တော့နီးတောင်မနီးလိုက်ပါဘူးဗျာ သူ့ကြောင့်ကျနော့်သူငယ်ချင်းကိုလည်းမဟုတ်တာတွေလုပ်ခဲ့ဘူးတယ် သူ့သက်ဆိုင်သူဆိုတာ ကျ‌ေနာ်မဟုတ်သလိုဆက်ဆံမိခဲ့တဲ့ဘကျနော့ရဲ့သူငယ်ချင်းပါပဲ သူနဲ့အခုအဆင်ပြေပါပီ ချစ်သောရေမင်းအနာဂတ်ရေလိုအေးပါစေ

  • @userYOKO
    @userYOKO 6 หลายเดือนก่อน +86

    နှင်းဆီကဗျာ နဲ့ စပီး
    ချစ်သောနဲ့ ဆုံးသွားတဲ့
    ဖြစ်ရပ်မှန်လေး ငါမှာရှိဖူးတယ်😢💔🥀

    • @LuKaLayMobile-k9c
      @LuKaLayMobile-k9c หลายเดือนก่อน +1

      💔

    • @txchannel1649
      @txchannel1649 11 วันที่ผ่านมา

      အတူတူပါပဲဗျာခုတောင်သူ့ကိုသတိရလို့သီချင်းလာနားထောင်တာ

  • @ahnaing9658
    @ahnaing9658 2 ปีที่แล้ว +286

    ဘယ်လောက်ထိ အသေးစိတ်နားထောင်သလဲ ဆိုရင် Chorus အပိုဒ် Harmony လိုက်ပေးတဲ့ ကောင်မလေး အသံ ကြားရတဲ့အထိအသေးစိတ် instumental တခုချင်းစီပါ နားထောင်တာ😁

    • @aunghtat900
      @aunghtat900 ปีที่แล้ว

      မင်းတောင်သူ့လိုဆိုနိုင်လို့လား

    • @minaphay--allyoutuberfan7063
      @minaphay--allyoutuberfan7063 ปีที่แล้ว +2

      Shroom စားပြီးနားထောင်
      ရှယ်မိုက်

    • @zawgyi638
      @zawgyi638 ปีที่แล้ว +19

      ​@@aunghtat900မြန်မာစာလေ သေခြာတော့ဖတ်ပါဟ

    • @waiyan9256
      @waiyan9256 ปีที่แล้ว +3

      ​@@aunghtat900​စောက်​ပေါ စာ​သေချာဖတ်

    • @zayartun-dx2jb
      @zayartun-dx2jb 10 หลายเดือนก่อน +4

      ​@@aunghtat900စောက်ရူး

  • @flakest6y508
    @flakest6y508 17 วันที่ผ่านมา +2

    ချစ်ရတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်တယ်ဆိုတာ ခင်ဗျားတို့ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲမသိပေမဲ့ ကျွန်တော့်အတွက်တော့ ပိုင်ဆိုင်ခြင်းဆိုတာ လက်ထပ်ခွင့်ရမှ ပိုင်ဆိုင်တာမျိုးမဟုတ်ခဲ့ဘူး သူမနဲ့အတူတူ ပျော်ရွှင်ခဲ့ခြင်းတွေ လျှောက်ခဲ့တဲ့လမ်းကျဉ်းလေးတွေ မက်ခဲ့တဲ့အိပ်မက်လေးတွေ ပုခုံးလေးပေါ်မှာရှိခဲ့တဲ့ သူမရဲ့အငွေ့အသက်လေးတွေ လက်ဖဝါးနုနုလေးတွေ သွားခဲ့ဖူးတဲ့ခရီးတိုလေးတွေ နားသယ်စလေးတွေ ဒါတွေကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့တာပဲ အတိတ်မှာပဲဖြစ်ဖြစ် အဓိကကတော့ ပိုင်ဆိုင်ခဲ့တာပဲလေ ပြန်တွေးမိတိုင်း ပျော်ရွှင်လွမ်းမောရတဲ့ခံစားချက်ကိုထွေးပွေ့ရင်း ကျနော်ပိုင်ဆိုင်ခဲ့ရပါတယ် သူမကို

    • @minh-g1m
      @minh-g1m 8 วันที่ผ่านมา

      ငိုတောင်မိတယ် 🥹😥

  • @myatshinnthant-ls9rx
    @myatshinnthant-ls9rx 5 หลายเดือนก่อน +18

    ငှက်ကကောင်ကအတောင်စုံသွားရင်တီအပင်အိုကြီးစီကထွက်သွားပီအပင်သစီကိုသွားမာပဲလေအဲ့တာသဘာဝပဲ😊💔နားခိုးစရာနေရာမရှိတော့ဘူးဆိုရင်တီအပင်အိုကြီးစီပြန်လာလို့ရပါတယ်အချစ်ရယ်😞💔တီcmလေးကိုတော့မင်းလေးကိုမြင်စေချင်တယ်အချစ်ရာ.....💔🙃

  • @kmmin6934
    @kmmin6934 2 ปีที่แล้ว +2

    1Mပြည့်ပီfloke rose🖤🥀🔥

  • @thirilwin8817
    @thirilwin8817 2 ปีที่แล้ว +44

    Thank you for this song.. its actually perfect timing for my broken heart. I want everyone to know that forever is eternity that never ends, if people understand this clearly and take this to their heart always, they wont have to separate. Please talk it out what went wrong. Dont let small things ruined your relationship. Try harder for eachother.

    • @inacehindu6251
      @inacehindu6251 ปีที่แล้ว +1

      I feel you , I feel like you deserve a second chance

    • @notayase-dj3uf
      @notayase-dj3uf 2 หลายเดือนก่อน

      k

    • @notayase-dj3uf
      @notayase-dj3uf 2 หลายเดือนก่อน

      kaung loon par dal thiri yar

  • @KhingYaDarSoe
    @KhingYaDarSoe 2 หลายเดือนก่อน +2

    ချစ်သောရေ❤

  • @PyaeSoanAung-bs1hg
    @PyaeSoanAung-bs1hg 2 หลายเดือนก่อน

    2020 july 26 မှာဖွင့်ပြောခဲ့တာ
    ဒီနေ့ဆို 4နှစ်ပြည့်ခဲ့ပြီ
    အများကြီးချစ်တယ် အချစ်ကလေးကို
    အစစအရာရာအဆင်ပြေပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ ကို့ရဲ့သံသံလေး💕

  • @zonpaing
    @zonpaing 15 ชั่วโมงที่ผ่านมา

    ကြိုက်သော🎶

  • @sakaguuwin3557
    @sakaguuwin3557 7 หลายเดือนก่อน +2

    ချစ်​သောရေ မင်းလည်းမင်းဘဝနဲ့မင်း... ငါလည်းငါ့ဘဝနဲ့ငါ...

  • @BoBo-c4h
    @BoBo-c4h 12 วันที่ผ่านมา

    သိပ်ချစ်ရတဲ့ချစ်သူရေ အရမ်းခံစားရတယ်ဗျာ

  • @aungkyawpaing7762
    @aungkyawpaing7762 2 ปีที่แล้ว +31

    She was my everything
    I still don’t understand why did i do these things to her
    ချစ်ရင် လက်လွှတ်မခံကြနဲ့ ကိုယ့်လူတို့ ❤️

    • @myamya1631
      @myamya1631 2 ปีที่แล้ว +1

      ဒါပေမယ့် လွှတ်သွားတယ်😂😂

  • @PhoeHla-ro9rt
    @PhoeHla-ro9rt 3 หลายเดือนก่อน +35

    ဘယ်ကစပြောရမှန်းမသိပေမဲ့ဒီနေ့ဆိုကျနော်သဘောကျရတဲ့ကောင်မလေးနဲ့သူ့သက်ဆိုင်သူ၈လပြည့်တယ်နေ့လို့ကျနော့ကိုပြောတယ် ကျနော်လေဒီသီချင်းကြားတိုင်း သူ့ကိုစတွေ့တဲ့အထက်တန်းပထမနှစ်ကအချိန်တွေကိုသတိရတယ် ဒါတွေကကြာတော့မကြာသေးပါဘူး ဒါပေမဲ့ကျနော်တစ်ကယ်အဲ့ကောင်မလေးကိုအရမ်းသဘောကျခဲ့မိတာထင်တယ် ကျနော်သူ့ကိုဘယ်လောက်ချစ်ကြောင်းပြောချင်ခဲ့ပေမဲ့ ကျနော်ပုံမှန်စကားလုံးလေးတွေပြောဖို့တောင်ကျနော်အားမရှိခဲ့ပါဘူး ကျနော်တို့တစ်နှစ်လုံးတစ်ခန်းထဲနေခဲ့တာတောင်မှစကားဆယ်လုံးတောင်ပြည့်အောင်မပြောဖူးခဲ့ဖူးဘူး ကျနော်အတာပါပဲ လိုင်းပေါ်ကနေသူ့ကိုသဘောကျတယ်ပြောတော့ သူကကျနော့ကိုအာချောင်တာပါတဲ့ သူမသိပါဘူး ကျနော်ကသူ့ကိုရူး‌တာကို သူတစ်ခါပြုံးပြရင် ကျနော့ရင်ဘတ်ကြီးပြုတ်ကျမလိုပါပဲ အသက်ရှင်ခဲ့တဲ့၁၇နှစ်တာလုံး ဒါမျိုးပထမဆုံးကြုံဖူးတာပဲ ဒါတွေပြောပြနေပေမဲ့ကျနော် သူ့ကိုမပိုင်ဆိုင်ခဲ့ပါဘူး ကျနော်လိုင်းပေါ်ကနေချစ်တယ်ပြောတော့ သူကပညာသားပါးပါးနဲ့ပဲကျနော့ကိုလျောလွတ်တယ် သူကတော့ဘယ်အလေးထားပါ့မလည်း သူ့နားမှာဘဲလေးတွေအုံခဲနေတာကိုဗျ ကျနော်ချစ်တယ်ပြောတဲ့အချိန်ကသူ့ကောင်လေးနဲ့ပြတ်တဲ့အချိန် ကျနော်ကတစ်ခြားသူဆီပါမယ်စိုးလို့ အပြင်မှာတောင်းစကားမပြောဖူးပဲချစ်တယ်ပြောမိရော သူကလှတော့ကျနော့လိုကြိုက်တဲ့ကောင်‌တွေပေါမှာပဲလေ သူ့အတွက်ပေးဆပ်ချင်ပေမဲ့ သူကတစ်ခြားသူရွေးသွားတယ် သူ့သက်ဆိုင်သူကလည်းကျနော့လိုကောင်ထက်တော့အများကြီးသာပါတယ် ဒီသီချင်းကကျနော့အတွက်တော့ အသဲကွဲသီချင်းပါပဲ သီချင်းထဲမှာတော့ပေါင်းဖက်ပြီးမှ ဝေးကွာသွားပေမဲ့ ကျနော့်တော့နီးတောင်မနီးလိုက်ပါဘူးဗျာ သူ့ကြောင့်ကျနော့်သူငယ်ချင်းကိုလည်းမဟုတ်တာတွေလုပ်ခဲ့ဘူးတယ် သူ့သက်ဆိုင်သူဆိုတာ ကျ‌ေနာ်မဟုတ်သလိုဆက်ဆံမိခဲ့တဲ့ဘကျနော့ရဲ့သူငယ်ချင်းပါပဲ သူနဲ့အခုအဆင်ပြေပါပီ ချစ်သောရေမင်းအနာဂတ်ရေလိုအေးပါစေ

    • @mr969yt
      @mr969yt หลายเดือนก่อน +1

      တကယ်ဆို လုပ်ခဲ့သင့်တာ ဘရို
      စကားစပြောတာ ရှက်စရာ မဟုတ်ပါ

    • @zinminhtet7340
      @zinminhtet7340 หลายเดือนก่อน +1

      😢😢

  • @dailydose7202
    @dailydose7202 2 ปีที่แล้ว +8

    Thanks for this beautiful song.It's a real masterpiece.

  • @denisclarkson120
    @denisclarkson120 2 ปีที่แล้ว +385

    The actress girl is looks like our heroic girl"Ma Kyal Sin",When I saw her, I remembering "Ma Kyel Sin", Your song is always good, Ko myint sein

    • @denisclarkson120
      @denisclarkson120 2 ปีที่แล้ว +6

      @o_o ဟုတ် သိပါတယ်၊ ဒါပေမယ့် ကြယ်စင်ကို သတိရမိတယ် နှမျှောလို့

    • @darkcakelastlake
      @darkcakelastlake 2 ปีที่แล้ว +4

      Ko myint sein?

    • @JaiYNS
      @JaiYNS 2 ปีที่แล้ว +6

      @@darkcakelastlake Floke Rose's name!

    • @lifewithgian
      @lifewithgian 2 ปีที่แล้ว +2

      😢

    • @darkcakelastlake
      @darkcakelastlake 2 ปีที่แล้ว +1

      @@JaiYNS real name?

  • @crystalmoon6292
    @crystalmoon6292 2 ปีที่แล้ว +1

    ကြိုက်လိုက်တာ ခဏခဏနားထောင်ဖြစ်တယ်

  • @khaingnyeinthu3626
    @khaingnyeinthu3626 10 หลายเดือนก่อน

    ဒီသီချင်းနားထောင်မိရင် စိတ်ဒဏ်ရာတွေနဲ့အတိတ်ဟောင်းကိုတန်းရောက်သွားသလိုခံစားမိ‌ နေတုန်းဘဲ

  • @Kyawzinhtet-r4f
    @Kyawzinhtet-r4f หลายเดือนก่อน

    လွမ်းတယ်ထွေး ရေ 🖤

  • @kyawhtetaung8397
    @kyawhtetaung8397 ปีที่แล้ว

    အရမ်းကြိက်တဲ့သချင်း​လေးပါနား​ထောင်ပြီးဝမ်းနည်းရပါတယ်ဘာလို့ဝမ်းနည်းမိရသာလည်း😔😔😔😔😔

  • @flame3172k
    @flame3172k 5 หลายเดือนก่อน +3

    မေ့မရခဲ့တာမဟုတ်ဘဲ မေ့မပစ်ချင်ခဲ့တဲ့ အမျိုးသမီးငယ်လေးတယောက်ပေါ့ နာမည်လေးကို ချစ်စနိုးနဲ့ Wii လို့ မှည့်ပေးထားတယ် ၅ နှစ်နီးပါးဖြတ်သန်းခဲ့တဲ့ အတိတ်တွေကိူချန်ခဲ့ပြီး ခုတော့ တခြားတစုံတယောက်ဆီမှာပေါ့ ချစ်သော ရေ အဝေးမှာပျော်တော့လေ

    • @aunghto6993
      @aunghto6993 5 หลายเดือนก่อน +2

      မေ့မရတာမဟုတ်ဘူး မေ့မပစ်ချင်တဲ့ နာမည်လေးတဲ့ တိုက်ဆိုင်လိုက်တာဗျာ🥺

  • @NyoNyoWaiThar
    @NyoNyoWaiThar 5 หลายเดือนก่อน

    ချစ်သောရေ မင်းအနာဂတ် လေနုအေးကလေးအေးပါစေ....

  • @aungthukkyaw15
    @aungthukkyaw15 ปีที่แล้ว +2

    မအလဘောမလေး။ ကိုယ့်တိုင်းပြည်မှာ မတရားအသတ်ခံနေရတဲ့လူတွေ မျက်နှာတစ်ချက်ကြည့်ဦး ငနွားရဲ့

  • @sawtawinmin4752
    @sawtawinmin4752 2 ปีที่แล้ว +5

    this song helps broken hearted man to sleep with tear

  • @ShweYamoneOo-e4e
    @ShweYamoneOo-e4e 5 หลายเดือนก่อน +16

    တစ်ချိန်က ကိုယ်သိပ်ချစ်ရလွန်းလို့ (ချစ်‌သော) လို့ခေါ်ခဲ့ဖူးတဲ့ အမျိုးသားလေးရေ..
    အခုတော့ ချစ်ရတဲ့သူနဲ့အဝေးမှာပျော်ပါတော့
    တစ်ရက်မှလည်းမေ့မရခဲ့သလို ပြန်ဆုံနိုင်ခွင့်သာရှိမယ်ဆိုရင် အမှားတွေအတွက်လည်းတောင်းပန်ချင်ပါသေးတယ် ကိုယ့်ရဲ့ချစ်သောလေးရေ ♡

    • @ThetHninSan-e5b
      @ThetHninSan-e5b 5 หลายเดือนก่อน +2

      တူတူပါပဲကွယ်အခုတော့ဝေးပြီ😢

    • @motor713
      @motor713 3 หลายเดือนก่อน

      စိတ်မကောင်းပါဘူး

    • @thuthumyolwin-u2p
      @thuthumyolwin-u2p 2 หลายเดือนก่อน

      ဒီဘဝတော့ ပြန်ဆုံတွေ့ရဖို့က မသေချာ
      တွေ့ပြန်လည်း ဆုံစည်းဖို့ကမဖြစ်နိုင်😭😭😭

  • @oggy2312
    @oggy2312 4 หลายเดือนก่อน +3

    နှင်းဆီကဗျာနဲ့စပြီး
    ချစ်သောနဲ့ဆုံးတဲ့
    ဇာတ်လမ်းတွေ

  • @wtfmmm
    @wtfmmm 2 ปีที่แล้ว +10

    ခင်ဗျားရဲ့ စောက်ရမ်းကောင်းတဲ့ အသံကြီးနဲ့ ကျွတ်ထွက်နေပြီ သီချင်းကအရမ်းကြွ 🔥

  • @maythu1970
    @maythu1970 2 หลายเดือนก่อน

    တူနှစ်ကိုယ်ချစ်ခဲ့ခြင်းတွေ ဒီနေရာမှာ အဆုံးသတ်ခဲ့လေပြီ😢😢😢

  • @saithiha-k1d
    @saithiha-k1d หลายเดือนก่อน +1

    ကျွန်တော်ကတော့ ကိုယ် ချစ်တဲ့လူတစ်ယောက်ကို မပိုင်ဆိုင်ခဲ့ရဘူးဗျာ

  • @alizefff578
    @alizefff578 2 ปีที่แล้ว +1

    perfect ပဲ 💙💙

  • @IVY131
    @IVY131 2 ปีที่แล้ว +14

    "ချစ်သောရေ အဝေးမှာပျော်တော့လေ..."
    သဘောကျရတဲ့ကောင်လေးက ကောင်မလေးရသွားပြီဗျာ💔
    နောက်ဆုတ်ရုံပဲရှိတော့တာပေါ့😌

  • @thetpaingsoe9332
    @thetpaingsoe9332 2 ปีที่แล้ว

    အရမ်းကြိုက်နေပြီဗျာ lyric တွေကလည်းတကယ်လှတယ်❤

  • @thuta3983
    @thuta3983 2 ปีที่แล้ว

    ချစ်သောရေ မင်းအနာဂတ်
    လေနုအေးကလေးအေးပါစေ။

  • @ahpan..00
    @ahpan..00 ปีที่แล้ว +5

    ချစ်ရတဲ့သူရဲ့အကြိုက်ဆုံးသီချင်းလေးပါ အခုတော့ ချစ်သောရေ အဝေးမှာပျော်တော့လေ..ဆိုတဲ့စာသားအတိုင်း သူလဲအ‌ဝေးမှာပျော်ပါစေလေ...

  • @Need4Breezy
    @Need4Breezy 2 ปีที่แล้ว +3

    Masterpiece!
    Nice Job bros.

  • @phyozayarkyaw2663
    @phyozayarkyaw2663 2 ปีที่แล้ว

    Bravo !!! Myit Sein Gyi

  • @lapyae9797
    @lapyae9797 9 หลายเดือนก่อน +2

    ဘယ်လောက်ထိချစိခဲ့တယ်ပဲပြောပြော ကိုယ့်တို့ဟာထပ်ဆုံစီးဖို့မဖြစ်နိုင်တော့​ပါဘူး စစရာရာဂရုစိုက်ပါ ငယ်
    သိပ်မြန်နိုးခဲ့ပါတယ်အကောင်းဆုံးမဖြစ်ပေးနိုင်ခဲ့ရင်တောင် ကိုယ်အများကြီးကောင်းခဲ့ပါတယ်

  • @husker1950
    @husker1950 2 ปีที่แล้ว +1

    စာသားတွေစောက်ရမ်းကြေွတယ် ကိုမြင့်စိန်ရာ

  • @htwe-pike
    @htwe-pike ปีที่แล้ว +1

    ခုမှနားထောင်ဖြစ်တယ်ဗျာ
    နားထောင်လို့ကောင်းလိုက်တာ
    pacybackသီချင်းမှာ စသိတာ
    နောက်လည်း သီချင်းကောင်းလေးတွေ
    ထပ်လယဖန်တီးနိုင်ပါစေ
    Ps ဖလိုကီရိုစီဆိုတဲ့နမည် ကျွန်တော် ဂရု တစ်ခုမှာ အရင်စခဲ့တာပါxD

  • @htunminkyaw2013
    @htunminkyaw2013 ปีที่แล้ว +12

    မအေးလိုးလေမင်းပြည်သူကိုသစ္စာဖောက်လို​့သာကွာ မင်းကိုစောက်ရမ်းကြိုက်တာ😢💔

  • @Saiwunnaaung-ed8hc
    @Saiwunnaaung-ed8hc ปีที่แล้ว +2

    မင်းကို အရင်က စောက်မြင်ကတ်လို့ မကြည့်ဖြစ်ဘူး ခုမှ ဒီသီချင်းနားထောင်ဖြစ်တာ စောက်ရမ်းမိုက်တယ်❤

  • @User-bn7zl
    @User-bn7zl 3 หลายเดือนก่อน

    အချိန်တိုင်းသတိရတယ်နော် ပူးတူး ကျန်မာရေဂရုစိုက် ပျော်အောင်နေပါနော် 😢 ငါနင့်ကိုဘယ်ချိန်ထိဖစ်ဖစ်ချစ်နေမယ်နော် ငါ့အမှားတွေအတွက်လဲနောင်တ ရတာခုထိပါပဲနော် အမြဲတမ်းလဲ နောင်တနဲ့အသက်ရှင်နေမာပါ ပျော်အောင်နေပါနော် ရွှေရည်ဖြိုးရေ

  • @User-bn7zl
    @User-bn7zl 4 หลายเดือนก่อน +1

    ရွှေရည်ဖြိုးရေ ငါသေလောက်အောင်လွမ်းတယ်ဟာ အရာရာပြင်ဆင်ခွင့်ပြန်ပေးပါဟာ😢

  • @အခ်စ္အတြက္ေပးဆပ္သူ

    ချစ်သောရေ အရမ်းလွမ်းတာဘဲ နင်ငါ့ကိုသဲ''လို့ခေါ်တဲ့အသံလေး ကြားချင်လိုက်တာ အ့ဲnicknameကိုလည်း နင်ကလွဲပြီးဘယ်သူ့မှခေါ်ခွင့်မပြုဘူး ဒီတစ်ခါနင်ထွက်သွားတာ အရမ်းကြာတာပဲ ဘာလဲစိတ်ကောက်နေတုန်းလား အ့ဲလောက်အကြာကြီးစိတ်မကောက်နေနဲ့လေ ငါနင်နဲ့ဝေးသွားလိမ့်မယ်လို့မထင်ခဲ့ဘူး နင်ျပြာတော့ငါ့ဘက်ကနှင်ရင်တောင်ထွက်မသွားပါဘူးဆို အခုတော့ဆွဲထားတာတောင် ထွက်သွားရက်တယ်နော် ငါနင့်ကိုအရမ်းချစ်တာပဲ ကိုကိုရယ် နင်ပြန်လာမယ့်နေ့စောင့်နေမယ်နော်😊😊😊

    • @kohtun8166
      @kohtun8166 ปีที่แล้ว

      မေးလား

  • @hfudkssjfhdhsjd5416
    @hfudkssjfhdhsjd5416 2 ปีที่แล้ว +15

    နှင်းဆိကဗျာနဲ့စပိး
    ချစ်သော နဲ့ဆုံး‌တဲ့
    ဇာတ်လမ်းတွေ👍💔

  • @NyeinNyeinEi-p6h
    @NyeinNyeinEi-p6h 11 หลายเดือนก่อน +4

    အချစ်ရဲ့နုညံ့သိမ်မွေ့ပုံကိုမြင်ရသလို♥️ နာကြင်မူ့တွေပါခံစားရတယ် 💔တကယ်ကိုရစ်ဘီးလေးလိုပဲ ငေးကြည့်နေမိမယ်ထင်ပါတယ်❤️‍🩹

  • @AungZawLatt-vj4nw
    @AungZawLatt-vj4nw 12 วันที่ผ่านมา

    မှတ်မှတ်ရရပေါ့ဗျ ၂၀၂၂ကို
    ဒီသီချင်းကို ဖုန်းစုတ်ကိုနားကြပ်ထိုးပြီး အိမ်ကိုပြစ်ကာ အပြင်လောက ထွက်လာခဲ့တာ စိတ်ညစ်တိုင်းနားထောင်တယ်
    ချစ်သော လူဖြစ်တဲ့ခဏ က အကြိုက်ဆုံးပဲ အမြဲအားပေးနေတယ် ကိုမြင့်စိန် fan meeting လဲလုပ်စေချင်တယ်ဗျာ အဆင်မပြေမှုတွေ ပြောပြချင်တယ် သီချင်းတွေဖန်တီးပေးစေချင်တယ်

  • @nayaungsann7783
    @nayaungsann7783 2 ปีที่แล้ว +2

    so good, I love it.

  • @ZinnweHan
    @ZinnweHan 3 หลายเดือนก่อน +2

    ချစ်သောရေ ပျံနိုင်သမျှမြင့်မြင့်ပျံပါ မင်းကိုလွမ်းတိုင်းမင်းနဲ့စတွေ့တဲ့ ဒီသီချင်းကိုထပ်ခါထပ်ခါနားထောင်မိတယ်

  • @AungLay-qk7mr
    @AungLay-qk7mr 3 หลายเดือนก่อน

    လွတ်လပ်စွာပြန်သန်းပါငှက်ကလေးရေမင်းပျော်တာကြည်ပြီငါကျေနပ်ပါတယ်😊😢

  • @henryshine643
    @henryshine643 ปีที่แล้ว +1

    ဇာတ်ဝင်တေး အဖြစ် အသုံးပြုရင် အရမ်းကောင်းမှာပဲ ဒီသီချင်းနဲ့ လိုက်ဖက်မဲ့ ဇာတ်လမ်းမျိုး စိတ်ကူးထဲ ပေါ်လာမိတယ်

  • @YeNaung-y6j
    @YeNaung-y6j ปีที่แล้ว +1

    ဒီနေ့ကမဆိုင်တော့တဲ့ကောင်မလေးနဲ့1 year ani😢

  • @PanPan-tz1hf
    @PanPan-tz1hf 2 ปีที่แล้ว

    သီချင်းကဇာတ်သီချင်းကြီးကွာ

  • @oopanchi
    @oopanchi ปีที่แล้ว +2

    ချစ်သော က ပရိဿပ်တို့ အပေါ်
    လွှမ်းခြုံ အား တကယ် ကြီး
    စွမ်းနေ ဆဲ ပါပဲ

  • @DawSu-p5c
    @DawSu-p5c 10 หลายเดือนก่อน +1

    အကြိမ်ကြိမ် နားထောင်လို့ မဝဘူးတိုက်ဆိုင်လွန်းလို့

  • @Flowergirl-lh5sv
    @Flowergirl-lh5sv 6 หลายเดือนก่อน +1

    တကယ်ပဲအဝေးမှာ ပျော်ပါတော့ ကိုကိုရယ် မပိုင်ဆိုင်ရမှန်း အစထဲကသိရဲ့နဲ့ လက်တွဲခဲ့တာပါ 😢🥺🥺🥺🥺🥺

  • @minkhantmaung2924
    @minkhantmaung2924 2 ปีที่แล้ว +2

    ကျနော်နားထောင်ပြီး ငိုနေရပြီ 😖😖😖ကိုမြင့်စိန် ကျနော့်အတွက်သီးသန့်ရေးပေးသလိုပါဘဲ

  • @jokerbobo56
    @jokerbobo56 ปีที่แล้ว

    ❤great song❤

  • @EtzZ102
    @EtzZ102 ปีที่แล้ว +3

    အနေဝေးလို့မရွေးချယ်ခဲ့တာကို နားလည်ပါတယ် မေရယ် ဒါမဲ့ဆက်ချစ်တုန်းးဘဲမေ🌻✨

  • @sittnyeinaung2832
    @sittnyeinaung2832 2 ปีที่แล้ว

    ႀကိဳက္

  • @Kyawzinhtet-r4f
    @Kyawzinhtet-r4f 2 วันที่ผ่านมา

    ကိူယ်တိူ့ပြန်မဆုံတော့တာသေချာသွားပြီ ​ အချိန်တွေဟာ လူတွေကို ပြောင်းလဲသွားစေတယ်လို့ဘဲ မှတ်ပါတယ် အရာအားလူံးထက်လိုချင်ခဲ့ပါတယ် ချစ်သောရေ❤

  • @shwephone2920
    @shwephone2920 2 ปีที่แล้ว +1

    မထင်ထားဘူး MC flokeကြီးရေ တကယ်ကောင်းသော ကဗျာဆန်ပီးသံစဥ်လေးကလည်း တကယ်ကောင်းလွန်းပါတယ်ဗျာ! လေးစားတယ် broရေ

  • @endless7462
    @endless7462 2 ปีที่แล้ว +2

    ကိုယ်ဖမ်းဆုတ်ထားတဲ့ မင်းလက်တစ်ဖက်ဟာမသိမသာပြေလျော့နေ...🙁

  • @stallar2323
    @stallar2323 วันที่ผ่านมา

    ခနလေးဘဲဆုံခွင့်ပေးတဲ့ကံကြမာကိုကျေးဇူးလဲတင်တယ်မုန်းလဲမုန်းတယ်တစ်ဘဝလုံးစာမေ့မရတဲ့အတိတ်ထဲမှာ‌နေရအုံးမယ် ကို‌ရေ (KZL)

  • @khantko1738
    @khantko1738 2 ปีที่แล้ว

    Sar p bro..❣️❣️❣️

  • @AtgaLin-uc6ir
    @AtgaLin-uc6ir 9 วันที่ผ่านมา

    ချစ်သောရေ..မင်းအနာဂတ် ပျော်ပျော်နေရပါစေကွာ.
    ငါကတော့ မင်းထားခဲ့ပိးနောက်ပိုင်း အနာဂတ်မရှိတဲ့ကောင်ဖြစ်နေပီ......

  • @yeyint9595
    @yeyint9595 ปีที่แล้ว +1

    lee ကောင် အာဏာပြန်ရရင် ထပ်အားပေးနေမယ် ကြိုက်တယ် သီချင်းတေ နိုင်ငံရေးမညှိခင်က ပြောတာ 😇

    • @mlchannelggg9953
      @mlchannelggg9953 ปีที่แล้ว +1

      အဲ့တိုင်းပဲပြောမလို့ ment တေ လိုက်ရှာရတာ မနည်း 😁😁လုံးဝမိုက် သီချင်းပြောတာ ခံယူချက်က ဆန်စျေးတက်တဲ့ဘက်က ဖစ်သွားပီ 😝😝

  • @pyaepyae270
    @pyaepyae270 7 วันที่ผ่านมา

    ကိုယ်ဖမ်းဆုပ် ကိုင်တွယ်ထားချင်တဲ့ လက်ကလေးတစ်စုံရှိတယ်..
    သူက ကိုယ့်ကိုမေတ္တာသက်ဝင်မချစ်နိုင်တဲ့အခါ😢😢😢

  • @wintwar-i7c
    @wintwar-i7c หลายเดือนก่อน +1

    ဒီညမှပဲ ဘယ်သီချင်းကျော်ကျော်ဒီသီချင်းဆီပဲရောက်နေတာ ဘယ်ချိန်နားထောင်ထောင်မရိုးသော😢😢 ​ခံစားချက်ကြီးကိုဖော်ပြမရသော တစ်ယောက်သောသူရေး အရာရာအဆင်ပြေပါစေ တနေ့မေ့သွားနိုင်မှာပါနော်

  • @arkar-ue4cz
    @arkar-ue4cz 2 ปีที่แล้ว +15

    နှစ်ယောက်စလုံး သရုပ်ဆောင်ကောင်းတယ်
    သားအဖတွေရဲ့ ချစ်ခြင်းမေတ္တာ တကယ်ပေါ်လွင်ပါတယ်

    • @roronoadanzai4965
      @roronoadanzai4965 2 ปีที่แล้ว +1

      🤣🤣 မြေးအဖိုးတွေထင်တာ

    • @ggdd1790
      @ggdd1790 2 ปีที่แล้ว

      ဟုတ်ပါတယ်

    • @paulgalaxy923
      @paulgalaxy923 2 ปีที่แล้ว

      တို့ ရည်းစားကပို​သေးတယ်👨‍👦

  • @htetlin4068
    @htetlin4068 ปีที่แล้ว +3

    👋မင်းကနှင်းဆီဖူး ကိုက ဘောမပါ အချစ်ရေ✅

  • @naweiphyusoesoe2166
    @naweiphyusoesoe2166 5 วันที่ผ่านมา

    တယောက်ထဲ နာနာကျင်ကျင်ညည်းဆိုခဲ့ရတဲ့သီချင်းလေး "ကိုယ်ဖမ်းဆုတ်ထားတဲ့ မင်းလက်တဖက်ဟာ မသိမသာဖြေလျော့နေ"🖤

  • @yankyawshin6199
    @yankyawshin6199 5 หลายเดือนก่อน

    မောင်ရင်နာစွာနဲ့ လက်လွှတ်ပေးလိုက်ပါပြီခိုင် ခိုင်ပျော်တဲ့အဝေးမှာနေပါတော့ ခိုင်မပျော်တော့လို့ပြန်လာရင်လည်း ခိုင်ထားခဲ့တဲ့နေရာလေးမှာမောင်အမြဲရှိနေတယ်

  • @aungmyat4119
    @aungmyat4119 ปีที่แล้ว +2

    ဒီဘဲ အဲ့သီချင်းဆိုတော့ ခင်ဝမ်း ရွာစွေပါမိုး ကို သတိယရတယ်..

  • @zinko4614
    @zinko4614 ปีที่แล้ว +1

    မြန်မာသီချင်းကိုမြန်မာစာတန်းမထိုးတော့ပါလား

  • @Song....199
    @Song....199 11 วันที่ผ่านมา

    ပူတူးရေ ပူတူးပျော်ရွှင်မယ်ထင်လို့ရွှေးချယ်ခဲ့တဲ့လမ်းမှာ ဆူးခလုတ်မရှိ လျှောက်လမ်းနိူင်ပါစေကွယ်

  • @dimension5044
    @dimension5044 2 ปีที่แล้ว +4

    ပြတ်လို့သွားတဲ့ စွန် ...
    ရစ်ဘီးကလေး ငေးကာနေ...
    😍

  • @thakhinzin7312
    @thakhinzin7312 2 ปีที่แล้ว +2

    ဒီ Video ကိုပြန်မတင်ကြပါနဲ့
    သူတော်ကောင်းတို့ရေ

  • @aim2237
    @aim2237 ปีที่แล้ว +7

    သိပ် ခံစားလို့ကောင်းလို့ ဖန်တီးပေးသူကို အရမ်းကျေးဇူးတင်ပါသည် ဒီမြေအတွက်သီချင်းတေ မွေးဖွားပေးနိုင်ပါစေ

  • @JayalNor
    @JayalNor 4 หลายเดือนก่อน +8

    သူဘာပဲဖစ်နေပါစေ သူရင်ဆိုင်ခဲ့ရတာတွေသူပဲသိတယ် သူ့စိတ်ဝိညာဥ်သိတယ် ဘုရားသိတယ် အမြဲအားပေးတယ် ချစ်တယ်🖤

  • @ivanphyo8879
    @ivanphyo8879 ปีที่แล้ว +1

    ခွေး သီချင်း

  • @yammyhope4207
    @yammyhope4207 2 ปีที่แล้ว

    Yo!!!

  • @Willi98958
    @Willi98958 2 ปีที่แล้ว +1

    I want her to be in every tomorrows of my life tho 😅

  • @PhyoWaiSoe-zs6st
    @PhyoWaiSoe-zs6st 11 หลายเดือนก่อน +1

    Floke Rose Song တွေထဲ
    ချစ်သော သီချင်းးကအကြိုက်ဆုံးဆိုတာထက်အများကြီးပိုတယ်
    စာသားတစ်ကြောင်းချင်းစီက လုံးဝကိုလေးနက်တာ

  • @linnlinnlinn967
    @linnlinnlinn967 2 ปีที่แล้ว +1

    သေလို့ရတယ်အကိုရာ ဘယ်လိုခံစားပြီးရေးခဲ့လဲဗျာ

  • @MlbbYth
    @MlbbYth 7 หลายเดือนก่อน +1

    ဒီသီချင်းဆိုတဲ့ပုံစံရော စာသားရောတော်တော်ကကြိုက်တယ်ကွာ ရှေ့ဆက်ပြီဒီထက်မကအောင်မြင်ပါစေ ညီလေး❤

  • @thihawin-gn5hm
    @thihawin-gn5hm 2 หลายเดือนก่อน

    ဒီသီချင်းလေးကြားတိုင်းရင်ထဲကသူမကိုသတိရခြင်းတွေကနိုးထလာတယ်ဘယ်လိုမှမေ့လို့မရဘူးသူမကကျွန်တော်တွက်တောပထမဆုံးနဲ့နောက်ဆုံးပဲ😢😢😢😢😢😢😢

  • @NangKhamLao-d4h
    @NangKhamLao-d4h หลายเดือนก่อน

    ဒီသီချင်းလေးနားထောင်တိုင်း လူတိုင်းစီမှာ ရည်ရွယ်သူ တစ်ယောက်စီတော့ရှိကြမှာပဲ လို့တွေးမိတယ် လက်လွတ်လိုက်ရတဲ့ လူတစ်ယောက် ကို လွမ်းမိကြတာမျိုးပေါ့

  • @zunepwinthlwarsoe5452
    @zunepwinthlwarsoe5452 2 ปีที่แล้ว +33

    We started falling in love when "rose poem" song was released and he always used to sing that song to me but now our story was ended when "chit thaw" is released..now i am listening this song alone...

    • @aungminhtun7491
      @aungminhtun7491 2 ปีที่แล้ว

      😓

    • @lisahan4186
      @lisahan4186 2 ปีที่แล้ว +1

      Same here sis, I miss my boy much... I am listening this song lonely. I wish him happy ever where he is far away from me now.

    • @swunpyae1525
      @swunpyae1525 2 ปีที่แล้ว

      Same story, boy version here...

    • @SHWEYEE1020
      @SHWEYEE1020 ปีที่แล้ว

      Same..

  • @KaungKaung-n3k
    @KaungKaung-n3k ปีที่แล้ว

    ❤❤❤❤

  • @gloudyfix13
    @gloudyfix13 2 ปีที่แล้ว

    wa lrr tal bro

  • @heinsoe178
    @heinsoe178 2 ปีที่แล้ว

    အမ်မယ်တို့ဆရာကြီးက
    ဝတုတ်က ကောင်းမလးနဲ့ပါလာ

  • @theinwinnaing-x1u
    @theinwinnaing-x1u 11 หลายเดือนก่อน

    နှင်းဆီကဗျာနဲ့စခဲ့ပြီး ချစ်သောနဲ့ဆုံးသွားတဲ့ဇာတ်လမ်းလေးတွေမြန်မာပြည်မှာအများကြီးပါ ကိုယ်လဲအပါအဝင်ပေါ့

  • @bobobobo7176
    @bobobobo7176 7 วันที่ผ่านมา

    ဆရာကြီးရေဆရာကြီးသီချင်းအသဲကွဲလို့လာနားထောင်ပြီးနော်😢

  • @coolzestjj
    @coolzestjj 28 วันที่ผ่านมา

    တစ်ရောက်သောသူစိုပြဘူးခဲ့တယ်😢အခုတော့ဝေးခဲ့ရပါပီ🥹ဒီသီချင်းလေးကြားရင်ဟိုးအရင်တုန်းကအချိန်တေကိုပြသတိရမိတယ်😢

  • @AYateLay-r3h
    @AYateLay-r3h 7 วันที่ผ่านมา

    ဖမ်းစုပ်ထားတဲ့ မင်းလက်တစ်ဖက်ဟာ မသိမသာပြေလျော့နေ😢

  • @music-mz9hw
    @music-mz9hw 7 หลายเดือนก่อน

    သီချင်းရဲ့cover photo ေလးကိုကြည့်ပြီးအတိတ်ကိုပြန်သတိရတယ် သူကေတာ့ေပျာ်ရွှင်မှုကိုရှာေတွ့ခဲ့ပြီး ကိုကတော့လမ်းေပျာက်နေခဲ့တယ်

  • @winpaingoo4855
    @winpaingoo4855 12 วันที่ผ่านมา +1

    သို့...... ချစ်သော ပျော်ပါစေနော်😊

  • @nyanlinaung5396
    @nyanlinaung5396 5 หลายเดือนก่อน

    အချိန်တိုင်းနားထောင်မိနေတယ် အသဲကွဲတယ်မဟုတ်ဘဲခံစားချက်ကြီးကိုကပြောင်းလဲသွားတယ် ဒါပေမဲ့အနှစ်အရသာကမပြောင်းလဲဘဲအမြဲဒီmodeဘဲဖြစ်နေတယ်