ကိုသက်နိုင်ဦး၏ မပြေးချင်တော့ဘူး ကဗျာ

แชร์
ฝัง
  • เผยแพร่เมื่อ 1 ก.ค. 2022
  • "မပြေးချင်တော့ဘူး"
    ////////////////////
    အ မေ !!----
    သား---မပြေးနိုင်တော့ဘူး
    မောလည်း မောတယ်
    ဒေါလည်း ဒေါတယ်
    ဘယ်သူတွေရူးကြလဲ။
    အမေလား---အဖေလား
    စစ်သားတွေလား
    သူပုန်တွေလား
    ဘယ် ငမြွေထိုး
    ဘယ် မအေယိုးတွေလဲ။
    နှစ်စဉ်နှစ်စဉ်
    နွေရောက်လျှင်
    အထုပ်တွေပြင်တယ်
    ကျင်းပုန်းတွေပြင်တယ်၊
    ညစဉ်ညတိုင်း
    အထုပ်လေးဘေးချလို့
    အိပ်ယာဝင်တယ်။
    ဟူး!-----သက်ပြင်းမောချ
    အိပ်လို့မရဘူး
    ဘယ်အချိန်ရွာထဲ
    သူပုန်ဝင်မလဲ။
    အမေတို့ပြောသံ
    သားသဲ့သဲ့ကြားပါရဲ့
    "အရေးကြီးတယ်---
    အရေးကြီးတယ်"
    "အင်အား ၅၀၀ လောက်ရှိတယ်"။
    ငါတို့ရွာခြံစည်းရိုး
    ဘယ်အချိန်သူပုန်တိုးမလဲ
    လုံရဲ့လား---ခိုင်ရဲ့လား၊
    ပြည်သူ့စစ်
    တပ် နှင့် ရဲ
    ငိုက်ပဲငိုက် နေမလား
    သား---စိတ်ပူမိတော့တယ်။
    "တောက်!----ဖူ ွန်း!"
    "တောက်!----ဖူ ွန်း!"
    "ဒက်!-----ဒက်!"
    "ဒက်!-----ဒက်!"။
    မှေးကနဲ ပျော်တစ်ချက်
    ဖြတ်ဆိုလန့်နိုး
    ကျင်းပုန်းထဲ အတင်းပြေးတိုး
    နောက်ကျတဲ့ခြေထောက်
    သစ္စာဖောက်ပဲ။
    မနက်ရောက်ရင် (လျှင်)
    ဘယ်သူသေတယ်
    ဘယ်အိမ်လောင်တယ်
    ကြားရတော့မယ်။
    အို!---ဖယ်ပါစေ--လွဲပါစေ
    ငါတို့အိမ် မပါပါစေနဲ့။
    ငါတို့ရွာထဲ
    ဘယ်သူ့အိမ်မှ
    မလောင်ပါစေနဲ့။
    ငါတို့ရွာသား
    ဘယ်သူများမှ
    သူပုန်သတ်လို့
    မသပေါစနေဲ့။
    ကံမကောင်းတဲ့
    နွေတစ်ရက်
    ကျောင်းအတက်မှာ
    နေ့မဝက်ခင် ပြန်လွှတ်
    ဖြူစိမ်း အင်္ကျီလေး
    လဲဝတ်ရုံ ရှိသေးတယ်
    "ဂျိုင်န်း !"----ဆို
    တစ်လုံးကွဲ
    မနက် ၁၀ နာရီ
    မခွဲသေးဘူး။
    ကျောင်းသားအချို့
    အိမ်ပြန်မရောက်သေးဘူး။
    အို!----ငိုပွဲ--ယိုပွဲ
    သူ့ကလေးရှာ--
    ကိုယ့်ကလေးရှာ
    ပြေးလိုက်ရတာမှ
    တအားပဲ။
    ဒီလို!---ဒီလိုနဲ့
    "တအုံး!------အုံး!"
    "တဂျိုင်န်း !-----ဂျိုင်န်း !"
    စိမ်ပြေနပြေ ထိုင်ပစ်
    သူပုန်ငပွေး လူအညစ်တို့
    တစ်နေကုန်တော့
    မီးလောင်ဗုံး---လူသေဗုံး
    အလုံး(၈၀)။
    တစ်ရွာလုံးလည်း
    မီးလျှံရဲရဲ သွေးရဲရဲ၊
    သားတို့မှာလည်း
    ကျင်းပုန်းထဲမလုံ
    သံလွင်မြစ်ကမ်းနားဘေး
    အတင်းပြေးကာ
    လှုံရတယ်။
    မှတ်မိသေးတယ်
    "ထွုန်း"---ဆိုတဲ့
    လက်နက်ကြီးထုသံ
    ကြားလိုက်တာနဲ့
    ရသမျှဘုရားစာ
    အကုန်ရွတ်
    နားနှစ်ဖက်ပိတ်ပြီး
    မြေမှာဝပ်
    ဒီအကောင်!---
    ဘယ်မှာကွဲမလဲ။
    ငါ့အနားလာမကွဲပါစေနဲ့---
    ဘယ်မှာမှမကွဲပါစေနဲ့။
    ဒီလိုနဲ့ ထပ်ထပ်မလုံ
    မြစ်သံလွင်ကိုဖြတ်ကူး
    တစ်ဖက်ကမ်းနားဖူးမှာ
    လှူံကြရတယ်။
    အို!---အကုန်----
    တစ်ရွာလုံး လောင်တဲ့ မီးပုံခဲ
    ညအမှောင်ထဲ နီရဲရဲ
    ကြည့်နေရင်း ဝမ်းနည်းလို့
    ထိန်းမရတော့တဲ့
    မျက်ရည်ညို
    ဝဲရာမှ ဝုန်းဆိုပြို
    သား---လုံးလုံး
    ငိုချလိုက်တော့တယ်။
    အို!---
    "ငါ့ကျောင်းစာအုပ်တွေ
    ဘယ်မလဲ?"
    အသဲကြီး ဟက်တက်ကွဲ
    ငါ့အသဲကြီး ဟက်တက်ကွဲ။
    ဟူး!---
    ငါမောတယ်
    ရင်ထဲလည်း မကောင်းဘူး
    ကြောက်ဒူးတုန်တာတွေ
    ခုတစ်ဖန် ခုန်ပျံကူးလာတယ်
    ဆက်ပြေးနေကြဆဲ။
    လူတွေ---
    ကလေးတွေ----
    ရွာသားတွေ----
    တစ်နိုင်အထုပ်လေး
    ကိုယ်စီနဲ့။
    ကလေးတို့ရေ!-----
    ဦးလို မမိုက်ကြနဲ့
    စာအုပ်ထုပ်လေး
    မကျန်ခဲ့ကြပါစေနဲ့။
    ဒီပညာသာ
    မင်းတို့ဘဝရဲ့
    ထွက်ရပ်လမ်း
    နောင်ဘယ်တော့မှ
    ဘေးမသမ်းကြပါစေနဲ့။
    ကဲ! ---
    လွမ်းခန်းတွေ
    ဒီမှာရပ်ဖို့
    ကြမ်းခန်းကိုဖြတ်မယ်။
    ရွာက သူ့ဟာသူနေတယ်
    တပ်စခန်းက
    သူ့ဟာသူနေတယ်
    စစ်သားက
    သူ့တာဝန်သူကျေတယ်
    တိုင်းပြည်ခြံစည်းရိုး
    ခွေးမတိုးအောင်
    သူ့တို့အရိုးတွေနဲ့
    ငြှောင့်ထိုးထားတယ်
    အားလုံး
    အေးအေးချမ်းချမ်းပဲ။
    အဖေက
    တောင်ယာလုပ်တယ်
    အမေက
    ပြောင်းပေါင်းနှုတ်တယ်
    ငါတို့ကလေးတွေက
    ကျောင်းမှာပျော်တယ်
    အားလုံး
    အေးအေးချမ်းချမ်းပဲ။
    ဥက္ကရစ်ထ!----တဲ့
    ဒီလက်တစ်လုံး
    ပြည်ပရန် ခံတပ်ကုန်းကို
    အင်အားရာချီသုံး
    "တဝုန်း--ဝုန်း"----
    "တဒိုင်း---ဒိုင်း"----
    ဘာ့အတွက်
    ဝင်ပိုင်းနေကြတာလဲ။
    PDF မသာတော်ပြ
    အလှူခံ ကြဖို့လား၊
    NUG ဘုရင်ခံကြွ
    နန်းစံကြဖို့လား။
    ဘာအကျိုးမှ မရှိ
    အသေအချာ
    သိနေကြတာကို
    ဒေါ်လာအသပြာမျှော်ကိုး
    စိတ်ကြွဆေးတွေ တန်ခိုးပြ
    ဒင်းတို့ "ရင်းထ"ကြတော့
    ငါတို့တစ်ရွာလုံးလည်း
    ခွေးလုံးလုံးဖြစ်
    ရှိသမျှအကုန် ထားရစ်ပြီး
    ဒီအသက်လေး
    ရှင်ကျန်ဖို့အရေး
    သုတ်ခြေတင်မနှေးလို့----
    မောလည်းပြေး
    ဒေါလည်းပြေး
    ကြည်လည်းပြေး
    မကြည်လည်းပြေး
    ဘာ့အတွက်ကြောင့်
    ခုလိုပြေးနေရ မှန်းမသိ
    တော်ကြပါဘိတော့။
    အံမလေး!---
    ဟောဟဲ!----ဟောဟဲ!
    မောလည်းမောတယ်
    အို!---
    မအေဘေး
    အပေါင်းတို့ရယ်
    လူဆိုလူလိုသိ
    တော်ကြပါဘိတော့
    ငါတို့ မပြေးနိုင်ကြတော့
    လို့ပါကွယ်။---။
    🇲🇲 သက်နိုင်ဦး(ကျည်ကာ)🇲🇲
    (1-7-2022)(13:40)

ความคิดเห็น • 8

  • @aungwin7231
    @aungwin7231 8 หลายเดือนก่อน

    ဆရာသက် မင်္ဂလာပါ

  • @3starmobile-kd3tq
    @3starmobile-kd3tq 6 หลายเดือนก่อน

    အမြင်မှန်ရနိုင်ကြပါစေ။

  • @MinnGye
    @MinnGye 2 ปีที่แล้ว +1

    ဒီလို ကဗျာမှာ လူသူ ခြောက်ကပ်ပြီး အပျံမ အပြားကြီးအောက်မှာမှ သိဒ္ဓိအောင်တယ် ထင်နေကြသရွေ့ တိုင်းပြည်ဟာ ခွေးပြားပြားဖြစ်နေဦးတော့မှာပါပဲ....

  • @winkyi6164
    @winkyi6164 2 ปีที่แล้ว +3

    Right