သမ္ပသာဒနီယသုတ်တရားတော် - (၁/၁၆)

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • Source:
    www.podbean.co...
    ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သမ္ပသာဒနီယသုတ်တရားတော်ကြီးကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဥ်ဓမ္မာရုံတော်ကြီး၌ ၁၃၃၃-ခုနှစ်၊ ကဆုန်လပြည့်နေ့မှစ၍ ၁၃၃၄-ခုနှစ်၊ တပို့တွဲလပြည့်နေ့အထိ အခွင့်သင့်သော ဥပုသ်သီတင်းနေ့များတွင် ၁၆-သီတင်းအကြာ ဟောကြားတော်မူခဲ့ပါသည်။
    ဤသမ္ပသာဒနီယသုတ်တရားတော်ကြီးမှာ မြတ်စွာဘုရား၏ အပရမ္ပနီယဂုဏ်တော် ၁၆-ပါးကို အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ချီးကျူးလျှောက်ထားသော သုတ်တရားတော်ကြီး ဖြစ်ပေသည်။ အပရမ္ပနီယဂုဏ်တော် ၁၆-ပါးတို့၏ အနက်အဓိပ္ပါယ်ကို အပြည့်အစုံသိလိုသော ဓမ္မမာမက ပုဂ္ဂိုလ်တို့သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သမ္ပသာဒနီယသုတ်တရားတော်ကြီးကို အကြိမ်ကြိမ်အဖန်ဖန် ဖတ်ရှုတော်မူကြပါဟု တိုက်တွန်းလိုပါသည်။ ယခု Episode သည် ၁၃၃၃-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဟောကြားတော်မူသည့် သမ္ပသာဒနီယသုတ်တရားတော်ကြီး-၁ ဖြစ်ပါသည်။
    ၁၃၈၁-ခုနှစ်_သမ္ပသာဒနီယသုတ်တရားတော်ကြီး_မဟာစည်ဆရာတော်
    မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

ความคิดเห็น •