ပဋ္ဌာန်းမြတ်ဒေသနာ (အပိုင်း ၂)

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။
    အာရမ္မဏပစ္စယော
    အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

ความคิดเห็น • 4

  • @KyawMyintwin-kw5dr
    @KyawMyintwin-kw5dr 4 หลายเดือนก่อน +1

    ကျန်အပိုင်းတွေပါနာချင်ပါတယ်

  • @zinmarlwin1391
    @zinmarlwin1391 2 หลายเดือนก่อน +1

    🙏🙏🙏🙏🙏

  • @Dawkhinswemyint-d3k
    @Dawkhinswemyint-d3k 4 หลายเดือนก่อน +1

    🙏🙏🙏🙏🙏