လိပ်ပြာကူး ထူးခြားသူများ (အကယ်ဒမီ ရန်အောင် အပိုင်း ၃)

แชร์
ฝัง
  • เผยแพร่เมื่อ 23 เม.ย. 2019
  • ဦးကျော်ဟိန်းနဲ့ ကျွန်တော် ၃ကားလောက် ဆုံဖူးတယ်။ သူက သူပြောရမယ့် စကား (ဒိုင်ယာလော့ခ်) လုံးဝ အလွတ်ကျက်ထားရုံတင်မကဘူး၊ သူနဲ့အပြိုင်၊ သူနဲ့အတူ ပါဝင်တဲ့ လူတွေရဲ့ စကားတွေပါ အလွတ်ရတာ။ အဲဒီတော့ သူတို့ဘာပြောမလဲ၊ ဘာအိုက်တင်လုပ်နေမလဲ။ ကိုယ်က နောက်ကျောပေးထားပါစေ သိနေရမယ်။ ကျိမ်းကို ကျိမ်းသေတယ်၊ သူဒီစကားပြောရင် ဒီအိုက်တင်လုပ်ပြီဆိုတာ။ အဲဒါဟာ ဦးကျော်ရဲ့ကောင်းတဲ့ လက္ခဏာ၊ ဒါကို ကျွန်တော်တို့ ပြန်ပြီးအတုယူတယ်၊ တစ်ခါ ကျွန်တော်နဲ့ရိုက်ရင် သူ့အခန်းမပါလဲ ကျွန်တော်ဘယ်လိုသရုပ်ဆောင်လဲဆိုတာ လာကြည့်တယ်။ ကင်မရာက မှန်ထဲမှာ ပါနေပြီဆိုရင်တောင် မဖယ်ပေးဘဲ မှန်ထဲကနေလွတ်အောင် လူကို လျောပြီးကိုကြည့်တာ၊ အဲဒါလည်း ကြည့်သင့်တယ်လို့ထင်တယ်၊အဲဒါမှ အပေးနဲ့အယူ၊ အခံနဲ့အပက် ဘယ်လို လုပ်မလဲဆိုတာ ပိုသိပြီး သရုပ်ဆောင်တာ ပိုကောင်းမှာပေါ့။ နောက်ပိုင်း ကလေးတွေ ဒါတွေ မလုပ်ကြဘူး၊ စိတ်မဝင်စားကြဘူး…..

ความคิดเห็น • 2

  • @thantzin283
    @thantzin283 5 ปีที่แล้ว

    ok

  • @toetoelwin8339
    @toetoelwin8339 5 ปีที่แล้ว

    မအိမ်ကံဇတ်လေးရိုက်ဖြစ်ပါစေကြည့်ချင်လို့ပါစာဖတ်ထားတာအရမ်းကြိုက်