ဣန္ဒြေ ၅ ပါး ဗောဇ္စျင် ၇ ပါး မဂ္ဂင် ၈ ပါး တရားတော် (မြောက်ဦးဆရာတော်ဘုရား)

แชร์
ฝัง
  • เผยแพร่เมื่อ 6 ม.ค. 2021
  • ဆရာတော်ဘုရားကြီးက အသေးစိတ် ဟောထားပါတယ်။
    ==========================================
    ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိပါသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။
    (၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်။
    (၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။
    (၃) ဝိရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။
    (၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။
    (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။
    (၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။
    (၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။ စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။ [၁]
    မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ စာမျက်နှာ (၆ဝ)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၇၈)၌ အကျယ်ရှု။
    ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ
    ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏၊
    အင်္ဂါ- အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း၊
    ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကိုပွားစီးစေရသည် ဟူ၏။
    .
    ဣန္ဒြေ
    ======
    ဣန္ဒြေငါးပါး ၌ ဣန္ဒြေဆိုသည်ကား “ဣန္ဒဿ ကမ္မံ ဣန္ဒြိယံ၊ ဣန္ဒဿ = အစိုးရမင်း၏၊ ကမ္မံ = အစိုးရမှုသည်၊ ဣန္ဒြိယံ = ဣန္ဒြေမည်၏။ အစိုးရမင်း၏ အစိုးမှုဆိုသည်ကား မိမိအုပ်ချုပ်ရာဌာန၌ မိမိအလိုကို တစ်စုံတစ်ယောက်သောသူကမျှ မလှန်မပြန်နိုင်မှုတည်း။ ဤအရာ၌ကား စိတ်ကို အစိုးရမှုသည် လိုရင်းတည်း။ ထိုဣန္ဒြေသည် ငါးပါးရှိ၏။ ၎င်းငါးပါးတို့မှာ --[၁]
    (၁) သန္ဓိန္ဒြေ
    (၂) ဝီရိယိန္ဒြေ
    (၃) သတိန္ဒြေ
    (၄) သမာဓိန္ဒြေ
    (၅) ပညိန္ဒြေ (ဤသည်တို့သည် ဣန္ဒြေငါးပါး ဖြစ်သည်။)
    .
    ဗိုလ် (၅) ပါး
    =========
    သဒ္ဓါဗိုလ်
    တဏှာဖိစီးခြင်းခြံရသော ပကတိသဒ္ဓါ
    တဏှာကို တွန်းလှန်နိုင်သော ဘာဝနာသဒ္ဓါ
    ထွက်သက်ဝင်သက် စသည်၌ ကာယဂတာသတိ အလုပ်ကောင်းစွာထမြောက်၍ စိတ်ရူး, စိတ်နောက် ပျောက်သည့်တိုင်အောင် ပွားများအပ်သော ဘာဝနာသဒ္ဓါသည်သာလျှင် ထိုအာမိသသုံးပါး၌ သာယာတွယ်တာသော တဏှာသုံးပါးကို အားတိုက် တွန်းလှန်နိုင်လေသည်။ တဏှာသုံးပါးတည်းဟူသော ပင်လယ်ရေပြင်ကြီးအတွင်း၌ နစ်မွန်းနေသော ရဟန်း ရှင်လူကို ထုတ်ဆယ်ကယ်တင်၍ အရိယာဝံသတရားလေးပါးတည်းဟူသော ကျွန်းသောင်ကြီးသဖွယ် သဒ္ဓါနယ်သို့ ရောက်စေနိုင်သည်၊ ဗောဓိပက္ခိယအရာ၌ ဤဘာဝနာသဒ္ဓါကို လိုအပ်၏။[၁]
    ဝီရိယဗိုလ်
    ယခုလောက၌မူကား မိမိတို့ကိုယ်ကို သံသရာက လာခဲ့ကြသည့် ဒိဋ္ဌိမျိုးကြီး, ဒုစ္စရိုက်မျိုးကြီး, အပါယ်မျိုးကြီးအတိုင်းရှိနေသေးသည်ကို သိကြလျက် မြို့ရွာတွင် ဒါယကာတို့ ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်တို့၌ အမြဲနေခြင်း, အတိရေက လာဘ်လာဘတို့ကို သာယာခြင်း, တပည့်တကာ လူရှင်ပရိတ်သတ်တို့ကို မစွန့်နိုင်ခြင်း အစရှိသော ကောသဇ္ဇ၏ နယ်ကြီးသည် ကျွန်းအပြင်မှာ ပင်လယ်ရေပြင်ကြီး လွှမ်း၍ နေသကဲ့သို့ ထင်ရှား၏။ ဤကား ပကတိဝီရိယ အစွမ်းညံ့ပုံကို လောက၌ ဒိဋ္ဌသိမြင်ကြရန် အချက်ဖြစ်သည်။[၁]
    ပြဆိုခဲ့ပြီးသော ဝီရိယဘာဝနာမှုမျိုးကို ထမြောက်အောင် ထူထောင်၍ အအိပ်အနေ အလွန်နည်းပါးခြင်း၊ ထကြွလုံ့လမြဲခြင်း၊ အကြောက်အလန့်မရှိ တကိုယ်ရေ တကာယ အနေအထိုင်ရဲတင်းခြင်း၊ မနသိကာရ စွဲမြဲခြင်းဟူသော ဘာဝနာဝီရိယသည်သာလျှင် ထိုကောသဇ္ဇအကုသိုလ်ကြီးကို အားတိုက် တွန်းလှန်နိုင်လေသည်။ ဗောဓိပက္ခိယအရာ၌ ဤဘာဝနာဝီရိယကို လိုအပ်၏။[၁]
    ဤနည်းကို အမှီပြု၍ သတိ, သမာဓိ, ပညာတို့၌လည်း ဗလသဒ္ဒါ၏ အနက်အသွားကို ထိုက်သည့်အားလျော်စွာ အကျယ်ဝေဖန်၍ သိကြလေ။ အကျဉ်းချုပ်မျှကိုသာ ပြဆိုတော့အံ့။[၁]
    သတိဗိုလ်
    သတိ၏ ဆန့်ကျင်ဘက်သည် မုဋ္ဌသစ္စအကုသိုလ်အသင်းကြီး ဖြစ်သည်။ ကာယဂတာသတိ ဘာဝနာမှုစေသာ သမထဘာဝနာ, ဝိပဿနာဘာဝနာမှုတို့၌ စိတ်အစွဲကြီး မစွဲနိုင်မှု, စိတ်အမြဲကြီး မမြဲနိုင်မှု, မိမိတို့စိတ်ကို မိမိထိန်း၍ မနိုင်နိုင်မှု, အာရုံတစ်ပါးသို့ မကြာမကြာ ထွက်ပြေးမှုကြိးကို မုဋ္ဌသစ္စအကုသိုလ်သင်းကြီးဟု ဆိုသည်။ ထိုမုဋ္ဌသစ္စအကုသိုလ်အသင်းကြီးကို မိမွေးတိုင်းဖမွေးတိုင်း ပကတိသတိသည် မတွန်းလှန်နိုင်၊ ဘာဝနာသတိမှသာ တွန်းလှန်နိုင်သည်။[၁]
    သမာဓိဗိုလ်
    သမာဓိ၏ ဆန့်ကျင်ဘက်ကား ဝိက္ခေပအကုသိုလ်အသင်းကြီး ဖြစ်သည်။ ပြဆိုခဲ့ပြီးသော ဘဝနာမနသိကာရအမှုတို့၌ စိတ်မတည်ငြိမ်မှုကြီးတည်း, စိတ်မဝပ်မှုကြီးတည်း, စိတ်လှုပ်ရှားမှုကြီးတည်း, အာရုံတစ်ပါး၌ စိတ်ဘွားခနာ ဘွားခနဲ ပေါ်မှုကြီးတည်း, ဘဝနာအာရုံ၌ မိမိတို့စိတ်ကို မိမိတို့ဖိ၍ မနိုင်နိုင်မှုကြီးတည်း။ ထိုဝိက္ခေပအကုသိုလ်အသင်းကြီးကို ပကတိသမာဓိသည် မတွန်းလှန်နိုင်၊ ဘာဝနာသမာဓိသည်သာ တွန်းလှနိုင်၏။[၁]
    ပညာဗိုလ်
    ပညာ၏ ဆန့်ကျင်ဘက်ကား သမ္မောဟအကုသိုလ်အသင်းကြီး ဖြစ်သည်။ သမ္မောဟအကုသိုလ်အသင်းကြီးဆိုသည်ကား လွန်စွာတွေဝေမှုကြီးတည်း, အာရုံ၌စိတ်မှုန်မှုကြီးတည်း, စိတ်မှေးမှုကြီးတည်း, စိတ်မလင်းမှုကြီးတည်း, အကြည်အလင် မထင်မြင်ဘဲ စိတ်မှောင်ကျ၍ နေမှုကြီးတည်း။ ထိုသမ္မောဟအကုသိုလ်အသင်းကြီးကို ပကတိသော ဉာဏ်ပညာ, ပိဋကတ်သုံးပုံကို တတ်သော ပရိယတ်ဉာဏ်ပညာသည် မတွန်းလှန်နိုင်၊ ကာယဂတာသတိထူထောင်မူသော ဘာဝနာဉာဏ်မှသာ တစတစ အလင်းရအောင် တွန်းလှန်နိုင်သည်။[၁]
    ဤကား “ပဋိပက္ခဓမ္မေ ဗလိယန္တီတိ ဗလာနိ” ဟူသည့် ပထမဝိဂြိုဟ်၌ ပဋိပက္ခအသင်းကြီးငါးပါးနှင့် ဗိုလ်ငါးပါးကို တွဲဖက်၍ အနက်အဓိပ္ပါယ်ပြဆိုချက် ဖြစ်သည်။[၁]

ความคิดเห็น • 2

  • @shambhattarai1606
    @shambhattarai1606 3 ปีที่แล้ว +2

    Sadhu sadhu sadhu

  • @KyawKyaw-sj3hm
    @KyawKyaw-sj3hm ปีที่แล้ว

    🙏🙏🙏
    သာဓုသာဓုသာဓုပါဘုရား